Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

မန္ခ်က္စတာယူႏိုက္တက္ သတင္းတိုမ်ား ၾသဂုတ္ ၉

[Zawgyi Version]

မန္ခ်က္စတာယူႏုိက္တက္ အသင္းၾကီး၏ ကစားသမား အ၀င္အထြက္စာရင္း

အ၀င္ – ဒန္နီရယ္ ဂ်ိမ္းစ္၊ အာရြန္ ၀မ္ ဘစ္ဆာကာ၊ ဟယ္ရီ မက္ဂြဲယား

အထြက္ – အန္ဒါ ဟာရဲရား၊ ဗလင္စီယာ၊ ရုိမယ္လူ လူကာကူ တို႔ျဖစ္သည္။

မန္ခ်က္စတာယူႏုိက္တက္လူငယ္အသင္း U18 အသင္းအတြက္ ကစားသမား ေခၚယူမွု စာရင္း

Hannibal Mejbri ( Monaco ), Dillon Hoogeworf ( Ajax ), Bjorn Hardley ( NAC Breda ), Guadagno ( Brommapojka ), Mateo Mejia ( Zaragoza ) တို႔ကို ေခၚယူစာခ်ဴပ္ ခ်ဴပ္ဆိုႏုိင္ခဲ့သည္။

ယူႏုိက္တက္အသင္းသည္ အသင္း၏ ေနာက္ခံလူ မာကို႔စ္ ရိုဂ်ိဳကို အဲဗာတန္အသင္းသို႔ အငွားခ်ရန္ ၾကံစည္ခဲ့ေသာ္လည္း ေနာက္ဆံုးတြင္ အငွားမခ်ျဖစ္ခဲ့ေပ။ အေၾကာင္းအရင္းမွာ ယူႏိုက္တက္အသင္းက အငွားခ်ရာတြင္ ပါ၀င္သည့္ စည္းမ်ဥ္းအခ်ိဳ႕ကို ျပင္ဆင္ခ်င္ခဲ့ေသာေၾကာင့္ အငွားခ်မွု မျဖစ္ေျမာက္ခဲ့ျခင္း ျဖစ္သည္။

ယူႏိုုက္တက္တိုက္စစ္မွဴးလူကာကူသည္ လြန္ခဲ့သည့္ ၂ ႏွစ္ကာလအတြင္း ယူႏိုက္တက္အသင္းတြင္ ကစားစဥ္ လူမ်ိဳးေရး ခြဲျခားမွု ခံခဲ့ရေသာေၾကာင့္ လူမ်ိဳးေရး ခြဲျခားမွု နည္းပါးသည့္ စီးရီးေအ ကလပ္ အင္တာမီလန္သို႔ ေျပာင္းေရႊ႕လိုျခင္း ျဖစ္သည္။

မန္္ခ်က္စတာယူႏုိုိုက္တက္အသင္းသည္ လူကာကူအတြက္ ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၈၀ ရရွိမည္ ျဖစ္သည္။ လူကာကူသည္ ယူႏိုက္တက္အသင္းအတြက္ ျပိဳင္ပြဲ အရပ္ရပ္တြင္ ၉၆ ပြဲ ကစားေပးခဲ့ျပီး ၄၂ ဂိုး သြင္းယူႏုိင္ခဲ့သည္။

သရဲနီတပ္သားေဟာင္း ဘာဘာေတာ့ဗ္က ယူႏိုက္တက္ပရိသတ္မ်ားသည္ မက္ဂြဲဲယားအေပၚ အလြန္အမင္း ယံုၾကည္အားကိုးေနျခင္းသည္ ကစားသမားအေပၚ မတရားဟု ေျပာၾကားလုိက္သည္။ ဘာဘာေတာ့ဗ္က ယူႏိုုက္တက္ ပရိသတ္ေတြဟာ မက္ဂြဲယားအသင္းကို ေရာက္လာတာနဲ႔ အသင္းရဲ့ ေနာက္တန္းက လံုး၀ ေကာင္းသြားမယ္လုိ႔ ယံုၾကည္ေမွ်ာ္လင့္ေနၾကပါတယ္။

မက္ဂြဲယားဟာ အလြန္ၾကီးက်ယ္ျပီိး အလြန္္ေကာင္းတဲ့ ကစားသမား တစ္ေယာက္ပါ။ ဒါေပမယ့္ အခုလိုိ ကစားသမားအေပၚ အလြန္အမင္း ေမွ်ာ္လင့္ခ်က္ၾကီးမားတာကေတာ့ ကစားသမားအေပၚ မတရားရာ က်ပါတယ္္။ မက္ဂြဲယားဟာ ဦးေႏွာက္သံုးျပီိး ကစားတတ္တယ္၊ ေသြးေအးတယ္၊ ျဖတ္ေတာက္တာေတြ ေကာင္းမြန္တယ္။

ဒါတင္မကဘူး ေဘာလံုးကို ရယူျပီးေနာက္ တန္ျပန္တုိက္စစ္ကိုပါ လိုက္ပါ ကစားႏုိင္ပါေသးတယ္။ ဒီိလို ေကာင္းမြန္တဲ့ အရည္အခ်င္းေတြ ရွိတာေၾကာင့္ ယူႏိုက္တက္အသင္းရဲ့ ေနာက္တန္းကို အတုိင္းအတာ တစ္ခုအထိ ဆြဲတင္ႏုိင္မွာကေတာ့ သံသယ မရွိပါဘူး။ လို႔ ေျပာၾကားသြားပါတယ္။ ဘာဘာေတာ့ဗ္္က လူကာကူရဲ့ အသင္းေျပာင္းခ်င္စိတ္ကိုလည္း နားလည္ လက္ခံေပးလို႔ ရေၾကာင္း ထည့္သြင္္းေျပာၾကား သြားခဲ့သည္။

အင္တာမီလန္္သိို႔ ေျပာင္းေရႊ႕သြားေသာ သရဲနီ တပ္သားေဟာင္းၾကီး လူကာကူက ယူႏိုက္တက္ ပရိသတ္မ်ားကို သူ အသင္းမွာ ရွိစဥ္က အားေပးခဲ့တဲ့ အတြက္ ေက်းဇူးတင္ေၾကာင္း သူ၏ တရား၀င္္ တြစ္တာအေကာင့္တြင္ ေက်းဇူးတင္စကား ေျပာၾကားခဲ့သည္။

[Unicode Version]

မန်ချက်စတာယူနိုက်တက် အသင်းကြီး၏ ကစားသမား အဝင်အထွက်စာရင်း

အဝင် – ဒန်နီရယ် ဂျိမ်းစ်၊ အာရွန် ဝမ် ဘစ်ဆာကာ၊ ဟယ်ရီ မက်ဂွဲယား

အထွက် – အန်ဒါ ဟာရဲရား၊ ဗလင်စီယာ၊ ရိုမယ်လူ လူကာကူ တို့ဖြစ်သည်။

မန်ချက်စတာယူနိုက်တက်လူငယ်အသင်း U18 အသင်းအတွက် ကစားသမား ခေါ်ယူမှု စာရင်း

Hannibal Mejbri ( Monaco ), Dillon Hoogeworf ( Ajax ), Bjorn Hardley ( NAC Breda ), Guadagno ( Brommapojka ), Mateo Mejia ( Zaragoza ) တို့ကို ခေါ်ယူစာချူပ် ချူပ်ဆိုနိုင်ခဲ့သည်။

ယူနိုက်တက်အသင်းသည် အသင်း၏ နောက်ခံလူ မာကို့စ် ရိုဂျိုကို အဲဗာတန်အသင်းသို့ အငှားချရန် ကြံစည်ခဲ့သော်လည်း နောက်ဆုံးတွင် အငှားမချဖြစ်ခဲ့ပေ။ အကြောင်းအရင်းမှာ ယူနိုက်တက်အသင်းက အငှားချရာတွင် ပါဝင်သည့် စည်းမျဉ်းအချို့ကို ပြင်ဆင်ချင်ခဲ့သောကြောင့် အငှားချမှု မဖြစ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ယူနိုက်တက်တိုက်စစ်မှူးလူကာကူသည် လွန်ခဲ့သည့် ၂ နှစ်ကာလအတွင်း ယူနိုက်တက်အသင်းတွင် ကစားစဉ် လူမျိုးရေး ခွဲခြားမှု ခံခဲ့ရသောကြောင့် လူမျိုးရေး ခွဲခြားမှု နည်းပါးသည့် စီးရီးအေ ကလပ် အင်တာမီလန်သို့ ပြောင်းရွှေ့လိုခြင်း ဖြစ်သည်။

မန်ချက်စတာယူနိိုုက်တက်အသင်းသည် လူကာကူအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ ရရှိမည် ဖြစ်သည်။ လူကာကူသည် ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲ အရပ်ရပ်တွင် ၉၆ ပွဲ ကစားပေးခဲ့ပြီး ၄၂ ဂိုး သွင်းယူနိုင်ခဲ့သည်။

သရဲနီတပ်သားဟောင်း ဘာဘာတော့ဗ်က ယူနိုက်တက်ပရိသတ်များသည် မက်ဂွဲယားအပေါ် အလွန်အမင်း ယုံကြည်အားကိုးနေခြင်းသည် ကစားသမားအပေါ် မတရားဟု ပြောကြားလိုက်သည်။ ဘာဘာတော့ဗ်က ယူနိုက်တက် ပရိသတ်တွေဟာ မက်ဂွဲယားအသင်းကို ရောက်လာတာနဲ့ အသင်းရဲ့ နောက်တန်းက လုံး၀ ကောင်းသွားမယ်လို့ ယုံကြည်မျှော်လင့်နေကြပါတယ်။

မက်ဂွဲယားဟာ အလွန်ကြီးကျယ်ပြီး အလွန်ကောင်းတဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမယ့် အခုလို ကစားသမားအပေါ် အလွန်အမင်း မျှော်လင့်ချက်ကြီးမားတာကတော့ ကစားသမားအပေါ် မတရားရာ ကျပါတယ်။ မက်ဂွဲယားဟာ ဦးနှောက်သုံးပြီး ကစားတတ်တယ်၊ သွေးအေးတယ်၊ ဖြတ်တောက်တာတွေ ကောင်းမွန်တယ်။

ဒါတင်မကဘူး ဘောလုံးကို ရယူပြီးနောက် တန်ပြန်တိုက်စစ်ကိုပါ လိုက်ပါ ကစားနိုင်ပါသေးတယ်။ ဒီလို ကောင်းမွန်တဲ့ အရည်အချင်းတွေ ရှိတာကြောင့် ယူနိုက်တက်အသင်းရဲ့ နောက်တန်းကို အတိုင်းအတာ တစ်ခုအထိ ဆွဲတင်နိုင်မှာကတော့ သံသယ မရှိပါဘူး။ လို့ ပြောကြားသွားပါတယ်။ ဘာဘာတော့ဗ်က လူကာကူရဲ့ အသင်းပြောင်းချင်စိတ်ကိုလည်း နားလည် လက်ခံပေးလို့ ရကြောင်း ထည့်သွင်းပြောကြား သွားခဲ့သည်။

အင်တာမီလန်သို့ ပြောင်းရွှေ့သွားသော သရဲနီ တပ်သားဟောင်းကြီး လူကာကူက ယူနိုက်တက် ပရိသတ်များကို သူ အသင်းမှာ ရှိစဉ်က အားပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း သူ၏ တရားဝင် တွစ်တာအကောင့်တွင် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။