Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ယူႏိုက္တက္ သတင္းမ်ား ႏွင့္ ခ်ယ္ဆီးနဲ႔ ပြဲအတြက္ ျဖစ္ႏုိင္ဖြယ္ လူစာရင္း

[Zawgyi Version]

Sky Sports မွာ အစီအစဥ္တင္ဆက္သူ၊ ေဘာလံုးပြဲ ေ၀ဖန္သူအျဖစ္ တစ္ႏွစ္စာခ်ဴပ္ျဖင့္ လုပ္ကိုင္ေနေသာ ယူႏိုက္တက္ႏွင့္ ခ်ယ္ဆီးအသင္းတို႔၏ နည္းျပေဟာင္းျဖစ္သူ ေမာ္ရင္ဟုိက မန္စီးတီးအသင္း၏ အရန္အသင္းက ယူႏိုက္တက္အသင္း၊ ခ်ယ္ဆီးအသင္းႏွင့္ အာဆင္နယ္အသင္းတို႔ထက္ ပိုေကာင္းေၾကာင္း ေျပာသြားပါတယ္။

အဆိုပါ Sky Sports အစီအစဥ္မွာ ေမာ္ရင္ဟိုကို ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို စိန္ေခၚႏုိင္တဲ့ အသင္း ေလးသင္း ေရြးခိုင္းခဲ့ရာ မန္စီးတီး၊ စပါး၊ လီဗားပူးႏွင့္ မန္စီးတီး ဘီ အသင္းဆိုျပီး ေရြးခ်ယ္ေပးခဲ့ျပီး အထက္က ေဖာ္ျပခဲ့သလို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ ေမာ္ရင္ဟိုက ၀က္ဟမ္းအသင္းကို အေ၀းကြင္းမွာ မန္စီးတိးအသင္းက ၀-၅ ျဖင့္ အႏုိင္ရတဲ့ ပြဲမွာ အရန္ခံုက ကစားသမား စာရင္းက အလြန္ေတာင့္တင္းေနသည္ကို သတိျပဳမိခဲ့သည္ဟု ေျပာဆိုသြားခဲ့သည္။

ဆိုးလ္ရွား၏ ယူႏိုက္တက္အသင္းသည္ ဂ်ိမ္း၊ ၀မ္ ဘစ္ဆာကာ၊ ဟယ္ရီမက္ဂြဲယားတို႔ကို ေခၚယူအားျဖည့္ႏုိင္ခဲ့ေသာ္လည္း တုိက္စစ္မွဴး လူကာကူကို လက္လြတ္ခဲ့ရျပီး လမ္းပတ္၏ ခ်ယ္ဆီးအသင္းမွာေတာ့ အေျပာင္းအေရႊ႕ ျပဳလုပ္ခြင့္ ကစားသမား၀ယ္ယူခြင့္ အပိတ္ခံထားရေသာေၾကာင့္ လူငယ္မ်ားျဖင့္ ရုန္းကန္ရမည္ ျဖစ္သည္။ အာဆင္နယ္အသင္းမွာမူ ကြင္းလယ္ႏွင့္ တိုက္စစ္ ေကာင္းမြန္ေသာ္လည္း ေနာက္တန္းက အလြန္အားနည္းေနသည္ဟု ေထာက္ျပ ေျပာဆိုသြားခဲ့သည္။

အဆိုပါ ေမာ္ရင္ဟုိ၏ သံုးသပ္ခ်က္ကို ေထာက္ခံလုိက္သူကေတာ့ ယူႏိုက္တက္အသင္း၏ ဂႏၱ၀င္ကစားသမားၾကီး ဂယ္ရီနဗီးျဖစ္သည္။ ဂယ္ရီ နဗီးက က်ေနာ့္ အျမင္ေျပာရရင္ ယူႏုိက္တက္အသင္း အေနနဲ႔ ပရီးမီးယားလိဂ္ မရႏုိင္သလို ခ်ယ္ဆီးအသင္းလည္း မရႏုိင္ပါဘူး။ လို႔ ေျပာၾကားသြားပါတယ္။

ဂယ္ရီနဗီးက ယူႏိုက္တက္အသင္း၊ အာဆင္နယ္အသင္းနဲ႔ ခ်ယ္ဆီးအသင္းတို႔ဟာ အဆင့္ ၄ အတြင္း၀င္ဖုိ႔ အတြက္ပဲ အစြမ္းကုန္ ၾကိဳးစားၾကရမွာ ျဖစ္တယ္လို႔ သံုးသပ္ေျပာဆိုသြားပါတယ္။ ဂယ္ရီက စပါး၊ လီဗာပူးနဲ႔ မန္စီးတီးအသင္းတို႔က က်န္တဲ့အသင္းေတြထက္ အေတာ္မ်ားမ်ား သာေနတယ္လို႔ ဆိုလိုက္ပါတယ္။

ေ၀းလ္လက္ေရြးစင္နည္းျပ ယူႏိုက္တက္ ဂႏၱ၀င္ ဂစ္က ဂ်ိမ္းဟာ ယူႏုိက္တက္အသင္းနဲ႔ ခ်ယ္ဆီးအသင္းတို႔၏ ပြဲစဥ္တြင္ ပြဲထြက္ ကစားသမားအျဖစ္ ပါ၀င္လာမည္ဟု ယံုၾကည္ေၾကာင္း ေျပာၾကားလုိက္သည္။ ဂ်ိမ္းမွာ ျပႆနာမရွိပါဘူး။

သူ႔ကို ဟုိးအရင္တုန္းက Shrewsbury ကို အငွားခ်ခဲ့ဖူးတယ္ သို႔ေပမယ့္ ဂ်ိမ္းဟာ ျပီးခဲ့တဲ့ ၆ လ ေလာက္မွာ စိတ္ပိုင္းဆိုင္ရာေရာ၊ ကိုယ္ပုိင္ဆုိင္ရာေရာ အလြန္တိုးတက္လာတာကို ေတြ႕ရမွာ ျဖစ္တယ္။ သူဟာ ေလ့လာသင္ယူတတ္သူျဖစ္ျပီး တုိးတက္ခ်င္တဲ့ စိတ္ရွိသူ ျဖစ္တာေၾကာင့္ ယူႏုိက္တက္အသင္းမွာ သူဟာ အလ်င္အျမန္တိုးတက္လာမယ့္ ကစားသမား ျဖစ္တယ္လို႔ သံုးသပ္လုိက္ပါတယ္။

ဂ်ိမ္းနဲ႔ ေရာ္နယ္ဒိုနဲ႔ကိုု ႏွုိင္းယွဥ္တာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ေရာ္နယ္ဒို ယူႏိုက္တက္မွာ ရွိစဥ္က ပထမ ၁၈ လကို ခင္ဗ်ားတုိ႔ ၾကည့္ၾကည့္ပါ။ အဲ့ဒီတုန္းက ေရာ္နယ္ဒိုနဲ႔ အခုေရာ္နယ္ဒိုနဲ႔ ဘာမွ မဆုိင္ေတာ့ပါဘူး။ အဲလိုပဲ ဒန္ ( ဒန္နီရယ္ ဂ်ိမ္း ) ဟာ အေစာပိုင္းမွာ အနည္းငယ္ ရုန္းကန္ရႏုိင္ေပမယ့္ ေနာက္ဆံုးမွာ သူ အဆင္ေျပလာမွာပါ။

ခ်ယ္ဆီးနဲ႔ ပြဲအတြက္ ယူႏိုက္တက္အသင္းရဲ့ ျဖစ္ႏုိင္ဖြယ္ လူစာရင္း De Gea, Wan-Bissaka, Maguire, Lindelof, Shaw, McTominay, Matic, Pogba, James, Rashford, Martial တို႔ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းရဲ့ ျဖစ္ႏုိင္ဖြယ္ လူစာရင္း Kepa, Alonso, Christensen, Zouma, Azpilicueta, Jorginho, Kovacic, Barkley, Pulisic, Willian, Giroud တုိိ႔ ျဖစ္ပါတယ္။

[Unicode Version]

Sky Sports မှာ အစီအစဉ်တင်ဆက်သူ၊ ဘောလုံးပွဲ ဝေဖန်သူအဖြစ် တစ်နှစ်စာချူပ်ဖြင့် လုပ်ကိုင်နေသော ယူနိုက်တက်နှင့် ချယ်ဆီးအသင်းတို့၏ နည်းပြဟောင်းဖြစ်သူ မော်ရင်ဟိုက မန်စီးတီးအသင်း၏ အရန်အသင်းက ယူနိုက်တက်အသင်း၊ ချယ်ဆီးအသင်းနှင့် အာဆင်နယ်အသင်းတို့ထက် ပိုကောင်းကြောင်း ပြောသွားပါတယ်။

အဆိုပါ Sky Sports အစီအစဉ်မှာ မော်ရင်ဟိုကို ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း လေးသင်း ရွေးခိုင်းခဲ့ရာ မန်စီးတီး၊ စပါး၊ လီဗားပူးနှင့် မန်စီးတီး ဘီ အသင်းဆိုပြီး ရွေးချယ်ပေးခဲ့ပြီး အထက်က ဖော်ပြခဲ့သလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ မော်ရင်ဟိုက ဝက်ဟမ်းအသင်းကို အဝေးကွင်းမှာ မန်စီးတိးအသင်းက ဝ-၅ ဖြင့် အနိုင်ရတဲ့ ပွဲမှာ အရန်ခုံက ကစားသမား စာရင်းက အလွန်တောင့်တင်းနေသည်ကို သတိပြုမိခဲ့သည်ဟု ပြောဆိုသွားခဲ့သည်။

ဆိုးလ်ရှား၏ ယူနိုက်တက်အသင်းသည် ဂျိမ်း၊ ဝမ် ဘစ်ဆာကာ၊ ဟယ်ရီမက်ဂွဲယားတို့ကို ခေါ်ယူအားဖြည့်နိုင်ခဲ့သော်လည်း တိုက်စစ်မှူး လူကာကူကို လက်လွတ်ခဲ့ရပြီး လမ်းပတ်၏ ချယ်ဆီးအသင်းမှာတော့ အပြောင်းအရွှေ့ ပြုလုပ်ခွင့် ကစားသမားဝယ်ယူခွင့် အပိတ်ခံထားရသောကြောင့် လူငယ်များဖြင့် ရုန်းကန်ရမည် ဖြစ်သည်။ အာဆင်နယ်အသင်းမှာမူ ကွင်းလယ်နှင့် တိုက်စစ် ကောင်းမွန်သော်လည်း နောက်တန်းက အလွန်အားနည်းနေသည်ဟု ထောက်ပြ ပြောဆိုသွားခဲ့သည်။

အဆိုပါ မော်ရင်ဟို၏ သုံးသပ်ချက်ကို ထောက်ခံလိုက်သူကတော့ ယူနိုက်တက်အသင်း၏ ဂန္တဝင်ကစားသမားကြီး ဂယ်ရီနဗီးဖြစ်သည်။ ဂယ်ရီ နဗီးက ကျနော့် အမြင်ပြောရရင် ယူနိုက်တက်အသင်း အနေနဲ့ ပရီးမီးယားလိဂ် မရနိုင်သလို ချယ်ဆီးအသင်းလည်း မရနိုင်ပါဘူး။ လို့ ပြောကြားသွားပါတယ်။

ဂယ်ရီနဗီးက ယူနိုက်တက်အသင်း၊ အာဆင်နယ်အသင်းနဲ့ ချယ်ဆီးအသင်းတို့ဟာ အဆင့် ၄ အတွင်းဝင်ဖို့ အတွက်ပဲ အစွမ်းကုန် ကြိုးစားကြရမှာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုသွားပါတယ်။ ဂယ်ရီက စပါး၊ လီဗာပူးနဲ့ မန်စီးတီးအသင်းတို့က ကျန်တဲ့အသင်းတွေထက် အတော်များများ သာနေတယ်လို့ ဆိုလိုက်ပါတယ်။

ဝေးလ်လက်ရွေးစင်နည်းပြ ယူနိုက်တက် ဂန္တဝင် ဂစ်က ဂျိမ်းဟာ ယူနိုက်တက်အသင်းနဲ့ ချယ်ဆီးအသင်းတို့၏ ပွဲစဉ်တွင် ပွဲထွက် ကစားသမားအဖြစ် ပါဝင်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။ ဂျိမ်းမှာ ပြဿနာမရှိပါဘူး။ သူ့ကို ဟိုးအရင်တုန်းက Shrewsbury ကို အငှားချခဲ့ဖူးတယ် သို့ပေမယ့် ဂျိမ်းဟာ ပြီးခဲ့တဲ့ ၆ လ လောက်မှာ စိတ်ပိုင်းဆိုင်ရာရော၊ ကိုယ်ပိုင်ဆိုင်ရာရော အလွန်တိုးတက်လာတာကို တွေ့ရမှာ ဖြစ်တယ်။ သူဟာ လေ့လာသင်ယူတတ်သူဖြစ်ပြီး တိုးတက်ချင်တဲ့ စိတ်ရှိသူ ဖြစ်တာကြောင့် ယူနိုက်တက်အသင်းမှာ သူဟာ အလျင်အမြန်တိုးတက်လာမယ့် ကစားသမား ဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။

ဂျိမ်းနဲ့ ရော်နယ်ဒိုနဲ့ကို နှိုင်းယှဉ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရော်နယ်ဒို ယူနိုက်တက်မှာ ရှိစဉ်က ပထမ ၁၈ လကို ခင်ဗျားတို့ ကြည့်ကြည့်ပါ။ အဲ့ဒီတုန်းက ရော်နယ်ဒိုနဲ့ အခုရော်နယ်ဒိုနဲ့ ဘာမှ မဆိုင်တော့ပါဘူး။ အဲလိုပဲ ဒန် ( ဒန်နီရယ် ဂျိမ်း ) ဟာ အစောပိုင်းမှာ အနည်းငယ် ရုန်းကန်ရနိုင်ပေမယ့် နောက်ဆုံးမှာ သူ အဆင်ပြေလာမှာပါ။

ချယ်ဆီးနဲ့ ပွဲအတွက် ယူနိုက်တက်အသင်းရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်း De Gea, Wan-Bissaka, Maguire, Lindelof, Shaw, McTominay, Matic, Pogba, James, Rashford, Martial တို့ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်း Kepa, Alonso, Christensen, Zouma, Azpilicueta, Jorginho, Kovacic, Barkley, Pulisic, Willian, Giroud တို့ ဖြစ်ပါတယ်။