Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ယူႏိုက္တက္ ၄-၀ ခ်ယ္ဆီးလ္ ပြဲျပီး သံုးသပ္ခ်က္ႏွင့္ ဟိုက္လိုက္ဗြီဒီယို

[Zawgyi Version]

ပရီးမီးယားလိဂ္ပြဲစဥ္ ၁ အျဖစ္ ယူႏိုက္တက္အသင္းဟာ ခ်ယ္ဆီးလ္အသင္းကို အိမ္ကြင္း အိုးထရက္ဖုိ႔ဒ္မွာ လက္ခံ ကစားခဲ့ၾကရပါတယ္။ ယူႏိုက္တက္အသင္းဟာ ကစားသမား အေတာ္မ်ားမ်ားထြက္ခြာခြင့္ျပဳခဲ့သလို တိုက္စစ္မွဴးလူကာကူကိုလည္း ေရာင္းခ်ထားခဲ့ပါတယ္။ အဲ့လိုပဲ ခ်ယ္ဆီးအသင္းကလည္း ကစားသမား၀ယ္ယူခြင့္ အပိတ္ခံထားရတာေၾကာင့္ လူငယ္ကစားသမား အေတာ္မ်ားမ်ားနဲ႔ ပြဲထြက္လာခဲ့ပါတယ္။

ယူႏိုက္တက္အသင္းေရာ ခ်ယ္ဆီးအသင္းပါ လူငယ္ကစားသမား အမ်ားအျပားကို အသံုးျပဳခဲ့ၾကျပီး ၂ သင္းစလံုးရဲ့ ပ်မ္းမွ်အသက္က ပရီးမီးယားလိဂ္အသင္းေတြထဲမွာ ေတာ္ေတာ္ေလး အသက္ငယ္တယ္လို႔ ေျပာလို႔ ရပါတယ္။ လူငယ္အကယ္ဒမီ ကစားသမားေတြကိုလည္း ၂ သင္းစလံုးက ေနရာေပးျပီး ကစားသြားခဲ့ၾကပါတယ္။

ယူႏုိက္တက္ဘက္က အသစ္၀ယ္ထားတဲ့ မက္ဂြဲယားနဲ႔ အာရြန္၀မ္ဘစ္ဆာကာတို႔ကေတာ့ ပြဲထြက္ ပါ၀င္ခဲ့ၾကျပီး ဂ်ိမ္းကေတာ့ အရန္ကစားသမား အျဖစ္သာ ရွိေနခဲ့ရေပမယ့္ လူစား၀င္ ကစားခြင့္ရျပီးတဲ့ ေနာက္မွာေတာ့ ဂ်ိမ္းဟာ ယူႏိုက္တက္အသင္းအတြက္ ပရီးမိးယားလိဂ္ပြဲထြက္မွာပဲ ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။

ပြဲအစပိုင္းမွာေတာ့ ခ်ယ္ဆီးအသင္းက ယူႏိုက္တက္အသင္းထက္ပိုျပိး ကစားကြက္ အခ်ိတ္အဆက္မိခဲ့ျပီး ယူႏိုက္တက္ဘက္ကို ပိုမုိ ဖိကစားခဲ့ပါတယ္။ ပြဲအစ ၄ မိနစ္မွာပဲ ေအဘရာဟမ္ရဲ့ ကန္ခ်က္ဟာ ဂိုးသမား ဒီဂီယာရဲ့ ညာဘက္ ဂိုးတိုင္ကို မွန္ျပီး ကန္ထြက္ခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ ကံေကာင္းခဲ့ပါတယ္။

ယူႏိုက္တက္ဘက္ကလည္း ဇူးမားရဲ့ ေပးပို႔မွု အမွားက တဆင့္ ပြဲဲခ်ိန္ ၇ မိနစ္မွာ မာရွယ္ကန္ခြင့္ ရခဲ့ေပမယ့္ ကန္ခ်က္က ေပ်ာ့သြားျပီး ခ်ယ္ဆီးဂိုးသမား ကီပါ အမိဖမ္းသြားႏုိင္ခဲ့ပါတယ္။ ပြဲခ်ိန္ အနည္းငယ္ ၾကာလာတာနဲ႔ အမွ် ယူႏိုက္တက္အသင္း ပိုမို အခ်ိတ္အဆက္မိလာျပီး ခ်ယ္ဆီးအသင္းနဲ႔ အျပိဳင္ အျပန္အလွန္ ထိုးေဖာက္ ကစားႏုိင္ခဲ့ပါတယ္။

ပထမပိုင္း ၁၇ မိနစ္မွာေတာ့ ေကာင္တာတုိက္စစ္မွ တဆင့္ တုိက္စစ္ဆင္လာျပီး ထိုးေဖာက္လာတဲ့ ရက္ဖိုဒ့္ကို တားဆီးရင္ ပင္နယ္တီစည္းအတြင္းမွာ ဇူးမားဟာ ရက္ဖို႔ဒ္ ေျခေထာက္ကို ကန္မိခဲ့တာေၾကာင့္ ယူႏုိက္တက္အသင္း ပင္နယ္တီ ကန္ခြင့္ရခဲ့ပါတယ္။ ျပစ္ဒဏ္ေဘာေပးရမွာ အလြန္ေသခ်ာေနတာေၾကာင့္ ဒိုင္လူၾကီးဟာ VAR ေတာင္္ မၾကည့္ဘဲ ေပးခဲ့တာ ျဖစ္ပါတယ္။

ပင္နယ္တီကိိုေတာ့ ရက္ဖို႔ဒ္္က ေသေသသပ္သပ္သြင္းယူခဲ့ျပီး ယူႏိုက္တက္အသင္းကို ဦးေဆာင္ေစခဲ့ပါတယ္။ ပြဲဟာ အရွိန္ရလာျပီး အျပန္အလွန္ထုိးေဖာက္ ကစားသြားခဲ့ပါတယ္။ ၂ သင္းစလံုးရဲ့ ပ်မ္းမွ်အသက္ေတြ ငယ္ေနတာနဲ႔ အညီ ကစားသမားေတြဟာ တန္ပိုျမင့္စြာ ကစားခဲ့ၾကပါတယ္။ ခ်ယ္ဆီးအသင္းဘက္ကေတာ့ ဂိုးကံေခေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ပါရဲရားရဲ့ ေပးပုိးမွုက တဆင့္ မာရွယ္က ပိတ္သြင္းႏိုင္ခဲ့ျပီီး ယူႏုိက္တက္တုိ႔ ဦးေဆာင္ဂိုး ထပ္မံ ရရွိခဲ့ပါတယ္။ အဲ့ေနာက္ပိုင္းမွာေတာ့ ခ်ယ္ဆီးအသင္း ျပိဳဆင္းသြားခဲ့ပါေတာ့တယ္။ ဆက္တုိက္ ဖိလာတဲ့ ယူႏိုက္တက္အသင္းကို ခ်ယ္ဆီးအသင္း မထိမ္းႏိုင္ေတာ့ပဲ ရက္ဖို႔ဒ္ နဲ႔ လူူစား၀င္ ကစားသမား ဂ်ိမ္းတို႔ရဲ့ သြင္းဂိုးေတြကို ခြင့္ျပဳခဲ့ရျပီး ၄ ဂိုး ဂိုးမရွိျဖင့္ ယူႏို္က္တက္အသင္းကို အရံွုးေပးခဲ့ရပါတယ္။

ဒီပြဲမွာ ယူႏိုက္တက္အသင္းက အသစ္၀ယ္ယူထားတဲ့ ကစားသမား ၃ ေယာက္စလံုးရဲ့ စြမ္းေဆာင္ရည္ေတြဟာ အလြန္ေက်နပ္စရာ ေကာင္းပါတယ္။ ဘစ္ဆာကာ အလြန္ေကာင္းသလို မက္ဂြဲယားကိုလည္း ဘယ္သူမွ မေက်ာ္ႏုိင္ခဲ့ပါဘူး။ ဂ်ိမ္းဟာလည္း လူစား၀င္ကစားသမား အျဖစ္သာ ကစားခဲ့ရေပမယ့္ သူ႔ရဲ့ ပထမဆံုး ယူႏိုက္တက္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲထြက္မွာ ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။

ဘစ္ဆာကာ၊ လင္ဒီေအာ့ဖ္၊ မက္ဂြဲယား၊ လုေရွာတို႔ရဲ့ ယူႏို္က္တက္ ေနာက္တန္းဟာ လံုး၀ အေကာင္းၾကီးမဟုတ္ေသးေပမယ့္၊ အခ်ိတ္အဆက္ အနည္းငယ္လိုေနေသးေပမယ့္ အလြန္တုိးတက္လာတာကို ျမင္ရမွာ ျဖစ္ပါတယ္။ ဒီပံုစံအတိုင္းဆက္သြားရင္ ပိုမို အခ်ိတ္အဆက္မိလာျပီး အားကိုးရမယ့္ ေနာက္တန္း ျဖစ္လာမွာ အေသအခ်ာပါပဲ။ လင္ဒီေအာ့ဟာ အခုမွ သူ႔ပံုေသေနရာအျဖစ္ ကစားရေတာ့မွာ ျဖစ္တာေၾကာင့္ ဒီထက္္ပိုျပီး ေကာင္းလာအံုးမွာပါ။

မန္ခ်က္စတာ ယူႏုိက္တက္ အသင္း၏ ပြဲထြက္ စာရင္း –
ဒီဂီယာ
ဘစ္ဆာကာ ၊ လင္ဒီေလာ့ဖ္ ၊ မက္ဂြဲယား ၊ လုခ္ေရွာ
ေပါ့ဘာ ၊ ေတာ္မီေနး
ပါရဲရား ၊ လင္ဂတ္ ၊ ရက္ဖုိဒ့္
မာရွယ္
လူစား၀င္ ကစားသမားမ်ား – ဒန္နီရယ္ဂ်ိမ္း ၊ ဂရင္း၀ုဒ္ ၊ မာတာ

ခ်ဲလ္ဆီး အသင္း၏ ပြဲထြက္ စာရင္း
ကီပါ အရစ္ဇာဘလာဂါ
အက္ဇ္ပီလီကြီတာ ၊ ဇူးမား ၊ ခရစ္ရွန္ဆန္ ၊ အီမာဆင္
ကိုဗာဆစ္ ၊ ေဂ်ာ္ဂ်င္ဟို
ပက္ဒရို ၊ ေမဆြန္ေမာင့္ ၊ ဘာကေလ
ေအဘရာဟမ္
လူစား၀င္ ကစားသမားမ်ား – ပူလီဆစ္ ၊ ကန္တီ ၊ ဂ်ီရူး

ယူႏိိုက္တက္္ ၄-၀ ခ်ယ္ဆီးပြဲ ဟုိက္လုိက္ဗြီဒီယိုကို ေအာက္ဆံုးမွာ တင္ေပးထားပါတယ္။

[Unicode Version]

ပရီးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် ယူနိုက်တက်အသင်းဟာ ချယ်ဆီးလ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံ ကစားခဲ့ကြရပါတယ်။ ယူနိုက်တက်အသင်းဟာ ကစားသမား အတော်များများထွက်ခွာခွင့်ပြုခဲ့သလို တိုက်စစ်မှူးလူကာကူကိုလည်း ရောင်းချထားခဲ့ပါတယ်။ အဲ့လိုပဲ ချယ်ဆီးအသင်းကလည်း ကစားသမားဝယ်ယူခွင့် အပိတ်ခံထားရတာကြောင့် လူငယ်ကစားသမား အတော်များများနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းရော ချယ်ဆီးအသင်းပါ လူငယ်ကစားသမား အများအပြားကို အသုံးပြုခဲ့ကြပြီး ၂ သင်းစလုံးရဲ့ ပျမ်းမျှအသက်က ပရီးမီးယားလိဂ်အသင်းတွေထဲမှာ တော်တော်လေး အသက်ငယ်တယ်လို့ ပြောလို့ ရပါတယ်။ လူငယ်အကယ်ဒမီ ကစားသမားတွေကိုလည်း ၂ သင်းစလုံးက နေရာပေးပြီး ကစားသွားခဲ့ကြပါတယ်။

ယူနိုက်တက်ဘက်က အသစ်ဝယ်ထားတဲ့ မက်ဂွဲယားနဲ့ အာရွန်ဝမ်ဘစ်ဆာကာတို့ကတော့ ပွဲထွက် ပါဝင်ခဲ့ကြပြီး ဂျိမ်းကတော့ အရန်ကစားသမား အဖြစ်သာ ရှိနေခဲ့ရပေမယ့် လူစားဝင် ကစားခွင့်ရပြီးတဲ့ နောက်မှာတော့ ဂျိမ်းဟာ ယူနိုက်တက်အသင်းအတွက် ပရီးမိးယားလိဂ်ပွဲထွက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာတော့ ချယ်ဆီးအသင်းက ယူနိုက်တက်အသင်းထက်ပိုပြိး ကစားကွက် အချိတ်အဆက်မိခဲ့ပြီး ယူနိုက်တက်ဘက်ကို ပိုမို ဖိကစားခဲ့ပါတယ်။ ပွဲအစ ၄ မိနစ်မှာပဲ အေဘရာဟမ်ရဲ့ ကန်ချက်ဟာ ဂိုးသမား ဒီဂီယာရဲ့ ညာဘက် ဂိုးတိုင်ကို မှန်ပြီး ကန်ထွက်ခဲ့တာကြောင့် ယူနိုက်တက်တို့ ကံကောင်းခဲ့ပါတယ်။

ယူနိုက်တက်ဘက်ကလည်း ဇူးမားရဲ့ ပေးပို့မှု အမှားက တဆင့် ပွဲချိန် ၇ မိနစ်မှာ မာရှယ်ကန်ခွင့် ရခဲ့ပေမယ့် ကန်ချက်က ပျော့သွားပြီး ချယ်ဆီးဂိုးသမား ကီပါ အမိဖမ်းသွားနိုင်ခဲ့ပါတယ်။ ပွဲချိန် အနည်းငယ် ကြာလာတာနဲ့ အမျှ ယူနိုက်တက်အသင်း ပိုမို အချိတ်အဆက်မိလာပြီး ချယ်ဆီးအသင်းနဲ့ အပြိုင် အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။

ပထမပိုင်း ၁၇ မိနစ်မှာတော့ ကောင်တာတိုက်စစ်မှ တဆင့် တိုက်စစ်ဆင်လာပြီး ထိုးဖောက်လာတဲ့ ရက်ဖိုဒ့်ကို တားဆီးရင် ပင်နယ်တီစည်းအတွင်းမှာ ဇူးမားဟာ ရက်ဖို့ဒ် ခြေထောက်ကို ကန်မိခဲ့တာကြောင့် ယူနိုက်တက်အသင်း ပင်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။ ပြစ်ဒဏ်ဘောပေးရမှာ အလွန်သေချာနေတာကြောင့် ဒိုင်လူကြီးဟာ VAR တောင် မကြည့်ဘဲ ပေးခဲ့တာ ဖြစ်ပါတယ်။

ပင်နယ်တီကိုတော့ ရက်ဖို့ဒ်က သေသေသပ်သပ်သွင်းယူခဲ့ပြီး ယူနိုက်တက်အသင်းကို ဦးဆောင်စေခဲ့ပါတယ်။ ပွဲဟာ အရှိန်ရလာပြီး အပြန်အလှန်ထိုးဖောက် ကစားသွားခဲ့ပါတယ်။ ၂ သင်းစလုံးရဲ့ ပျမ်းမျှအသက်တွေ ငယ်နေတာနဲ့ အညီ ကစားသမားတွေဟာ တန်ပိုမြင့်စွာ ကစားခဲ့ကြပါတယ်။ ချယ်ဆီးအသင်းဘက်ကတော့ ဂိုးကံခေနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပါရဲရားရဲ့ ပေးပိုးမှုက တဆင့် မာရှယ်က ပိတ်သွင်းနိုင်ခဲ့ပြီး ယူနိုက်တက်တို့ ဦးဆောင်ဂိုး ထပ်မံ ရရှိခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ ချယ်ဆီးအသင်း ပြိုဆင်းသွားခဲ့ပါတော့တယ်။ ဆက်တိုက် ဖိလာတဲ့ ယူနိုက်တက်အသင်းကို ချယ်ဆီးအသင်း မထိမ်းနိုင်တော့ပဲ ရက်ဖို့ဒ် နဲ့ လူူစားဝင် ကစားသမား ဂျိမ်းတို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီး ၄ ဂိုး ဂိုးမရှိဖြင့် ယူနိုက်တက်အသင်းကို အရံှုးပေးခဲ့ရပါတယ်။

ဒီပွဲမှာ ယူနိုက်တက်အသင်းက အသစ်ဝယ်ယူထားတဲ့ ကစားသမား ၃ ယောက်စလုံးရဲ့ စွမ်းဆောင်ရည်တွေဟာ အလွန်ကျေနပ်စရာ ကောင်းပါတယ်။ ဘစ်ဆာကာ အလွန်ကောင်းသလို မက်ဂွဲယားကိုလည်း ဘယ်သူမှ မကျော်နိုင်ခဲ့ပါဘူး။ ဂျိမ်းဟာလည်း လူစားဝင်ကစားသမား အဖြစ်သာ ကစားခဲ့ရပေမယ့် သူ့ရဲ့ ပထမဆုံး ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘစ်ဆာကာ၊ လင်ဒီအော့ဖ်၊ မက်ဂွဲယား၊ လုရှောတို့ရဲ့ ယူနိုက်တက် နောက်တန်းဟာ လုံး၀ အကောင်းကြီးမဟုတ်သေးပေမယ့်၊ အချိတ်အဆက် အနည်းငယ်လိုနေသေးပေမယ့် အလွန်တိုးတက်လာတာကို မြင်ရမှာ ဖြစ်ပါတယ်။ ဒီပုံစံအတိုင်းဆက်သွားရင် ပိုမို အချိတ်အဆက်မိလာပြီး အားကိုးရမယ့် နောက်တန်း ဖြစ်လာမှာ အသေအချာပါပဲ။ လင်ဒီအော့ဟာ အခုမှ သူ့ပုံသေနေရာအဖြစ် ကစားရတော့မှာ ဖြစ်တာကြောင့် ဒီထက်ပိုပြီး ကောင်းလာအုံးမှာပါ။

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ပွဲထွက် စာရင်း –
ဒီဂီယာ
ဘစ်ဆာကာ ၊ လင်ဒီလော့ဖ် ၊ မက်ဂွဲယား ၊ လုခ်ရှော
ပေါ့ဘာ ၊ တော်မီနေး
ပါရဲရား ၊ လင်ဂတ် ၊ ရက်ဖိုဒ့်
မာရှယ်
လူစားဝင် ကစားသမားများ – ဒန်နီရယ်ဂျိမ်း ၊ ဂရင်းဝုဒ် ၊ မာတာ

ချဲလ်ဆီး အသင်း၏ ပွဲထွက် စာရင်း
ကီပါ အရစ်ဇာဘလာဂါ
အက်ဇ်ပီလီကွီတာ ၊ ဇူးမား ၊ ခရစ်ရှန်ဆန် ၊ အီမာဆင်
ကိုဗာဆစ် ၊ ဂျော်ဂျင်ဟို
ပက်ဒရို ၊ မေဆွန်မောင့် ၊ ဘာကလေ
အေဘရာဟမ်
လူစားဝင် ကစားသမားများ – ပူလီဆစ် ၊ ကန်တီ ၊ ဂျီရူး

ယူနိုက်တက် ၄-၀ ချယ်ဆီးပွဲ ဟိုက်လိုက်ဗွီဒီယိုကို တင်ပေးထားပါတယ်။