Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ခ်ယ္ဆီးအသင္းကို အႏုိင္ရခဲ့တဲ့ ပြဲမွာ ယူႏိုက္တက္ ေနာက္ခံလူ ဟယ္ရီမက္ဂြဲယား၏ စြမ္းေဆာင္ခ်က္မ်ား

[Zawgyi Version]

Harry ‘The Beast’ Maguire သားရဲၾကီး မက္္ဂြဲယားလိုို႔ နာမည္္ေျပာင္ေပးထားတဲ့ ဟယ္္္ရီိ မက္ဂြဲယားဟာ ယူႏိုက္တက္အသင္းနဲ႔ ပထမဆံုး ပြဲဲထြက္အျဖစ္ ခ်ယ္္ဆီးအသင္းကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံကစားတဲ့ ပြဲမွာ ပါ၀င္ကစားသြားခဲ့ပါတယ္။

ကမၻာ့ေစ်းအၾကီးဆံုး ေနာက္ခံလူူ ျဖစ္တာနဲ႔ အညီ အဆိုပါေစ်းနဲ႔ တန္၊ မတန္ဆိုတာကို အမ်ားစုက ေစာင့္ၾကည့္ေနၾကျပီး ဟယ္ရီ မက္ဂြဲယားရဲ့ ေျခစြမ္းကို ေ၀ဖန္ အကဲျဖတ္ၾကပါတယ္။

ဗဟိုေနာက္ခံလူတစ္ဦးဟာ Man of the Match ရဖုိ႔ မလြယ္ကူပါဘူူး။ အဲ့ထက္ ပိုုမလြယ္ကူတာကေတာ့ ၄ ဂိုးျပတ္ ကုိယ္က ႏုိင္တဲ့ပြဲမွာ Man of the Match ရဖို႔ပါပဲ။ ဒါေပမယ့္ ခ်ယ္ဆီးအသင္းကုိ ၄ – ၀ နဲ႔ ႏုိင္တဲ့ ပြဲမွာ ဟယ္ရီမက္ဂြဲယားကို Man of the Match အျဖစ္ Sky Sports က ေပးခဲ့သလို သူ႔ကို ပဲ Man of the Match အျဖစ္ ေပးသင့္တယ္လို႔ အေတာ္မ်ားမ်ားက ယူဆၾကပါတယ္။

အဲ့ဒီပြဲအတြက္ Man of the Match ကို မန္ခ်က္စတာယူႏိုက္တက္ရဲ့ တရား၀င္ ၀က္ဆုိဒ္က ေတာင္းခံခဲ့ရာမွာေတာ့ ပရိသတ္ေတြရဲ့ မဲ အမ်ားစု အရ ရက္ဖို႔ဒ္က ရရွိခဲ့ေပမယ့္ ဒုတိယလိုက္သူကေတာ့ ဟယ္ရီမက္ဂြဲဲယားပဲ ျဖစ္ပါတယ္။

ကဲ ဟယ္ရီမက္ဂြဲယားရဲ့ စြမ္းေဆာင္ရည္ အခ်ိဳ႕ကို ၾကည့္ၾကရေအာင္။

86% pass accuracy

72 touches

7 clearances (most)

4 interceptions (most)

2 blocked shots (most)

1 chance created

1 clean sheet

0 fouls committed

ဟယ္ရီမက္ဂြဲဲယားဟာ ခ်ယ္ဆီးနဲ႔ ပြဲမွာ တိက်တဲ့ ေပးပို႔မွုက ၈၆ ရာခုိင္ႏွုန္းရွိခဲ့ျပီး ၇၂ ၾကိမ္ ေဘာလံုးကို ထိခဲ့ပါတယ္။ ရွင္းထုတ္မွု ၇ ၾကိမ္ရွိခဲ့ျပီး ဒါဟာ အဲ့ဒီပြဲမွာ ရွင္းထုတ္မွု အမ်ားဆံုး ျပဳလုပ္ခဲ့သူ ျဖစ္ပါတယ္။ ေဘာလံုးကို ျဖတ္ေတာက္လုယူမွု ၄ ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့ျပီး အဆိုပါ ၄ ၾကိမ္ဟာလည္း ဒီပြဲမွာ အမ်ားဆံုး ျဖတ္ေတာက္မွု ျဖစ္ေနပါေသးတယ္။

ေဘာလံုးကို ဂိုးေပါက္ ကန္သြင္းခ်က္ေတြကို တားဆီးရာမွာေတာ့ ဟယ္ရီမက္ဂြဲယားဟာ ၂ ၾကိမ္တိတိ တားဆီးႏုိင္ခဲ့ျပီး အဆိုပါ ၂ ၾကိမ္ဟာ အမ်ားဆံုး ဂိုးေပါက္ကန္သြင္းခ်က္ကို တားဆီးႏုိင္မွု ျဖစ္ခဲ့ပါတယ္။ အံ့ၾသသင့္စရာ စြမ္းေဆာင္ခ်က္ေတြ ျဖစ္ပါတယ္။

ဟယ္ရီမက္ဂြဲယားဟာ ခုခံကာကြယ္မွု ျပဳလုပ္ႏုိင္ခဲ့ရံု မကပါဘူး။ ဂိုးရဖို႔ အခြင့္အေရး (တိုက္စစ္စြမ္းရည္ ) လည္း ဖန္တီးေပးႏုိင္ခဲ့ပါတယ္။ ဟယ္ရီမက္ဂြဲယားဟာ ဂိုးရဖို႔ တစ္ၾကိမ္ ဖန္တီးခဲ့ေပမယ့္ အဆိုပါ ဖန္တီးခ်က္ကို ဂိုးအျဖစ္ မေျပာင္းႏုိင္ခဲ့လို႔သာ ဂိုးဖန္တီးမွု ( Assist ) မရခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီးနဲ႔ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ဂိုးမေပးရတဲ့ပြဲ ( Clean Sheet ) အျဖစ္ စြမ္းေဆာင္ခဲ့ျပီး ဟယ္ရီမက္ဂြဲယားရဲ့ ျဖတ္ထုတ္မွုေတြဟာ လံုး၀ လံုး၀ ျပစ္ဒဏ္ေဘာ ( Fouls ) ေပးခဲ့ရျခင္း မရွိပါဘူး။

အျခား ေျခစြမ္္းျပခဲ့တဲ့ ညာေနာက္ခံလူ အာရြန္ ၀မ္ ဘစ္ဆာကာဟာ ေဘာလံုး ယွဥ္ျပိဳင္လုယူတာ ၆ ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့ေပမယ့္ ဟယ္ရီမက္ဂြဲယားလို Man of the Match အျဖစ္ နာမည္ တင္သြင္းျခင္္း မခံခဲ့ရပါဘူး။ အဆိုပါ လုယူမွု ၆ ၾကိမ္ဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁ မွာ ဒုတိယေျမာက္ အမ်ားဆံုး လုယူမွု ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ရာသီက ယူႏိုက္တက္ သမုိင္းတေလ်ာက္ အည့ံဆံုး ျဖစ္ခဲ့တဲ့ ေနာက္တန္းဟာ အခုရာသီမွာေတာ့ အသစ္၀ယ္ယူလိုိုက္တဲ့ အာရြန္ ၀မ္ ဘစ္ဆာကာနဲ႔ မက္ဂြဲယားတို႔ရဲ့ စြမ္းေဆာင္ရည္ေတြနဲ႔ အတူ အေကာင္းမြန္ဆံုး ျဖစ္ေနျပီလို႔ ဆိုရမွာပါ။

ေနာက္လာမယ့္ ပြဲေတြမွာ ဟယ္ရီမက္ဂြဲယားတစ္ေယာက္ ဘယ္လို ေျခစြမ္းျပအံုးမလဲ ဆိုတာ ေစာင့္ၾကည့္ရင္း သူဟာ ကမၻာ့ေစ်းအၾကီးအဆံုး ေနာက္ခံလူတစ္ေယာက္ အျဖစ္သာမကဘဲ ကမၻာ့အေကာင္းဆံုး ေနာက္ခံလူတစ္ေယာက္ အျဖစ္ မွတ္ေက်ာက္ တင္ႏုိင္မလားဆိုတာကိုေတာ့ ရင္ခုန္ စိတ္လွုပ္ရွားစြာျဖင့္ ေစာင့္ၾကည့္ၾကပါစို႔ဗ်ာ။

ယူႏိိုက္တက္ ၄-၀ ခ်ယ္ဆီးပဲြရဲ့ Tactical Analysis ဗြီဒီယုိကို ေအာက္ဆံုးမွာ ၀င္ေရာက္ ၾကည့္ႏုိင္ပါတယ္ဗ်ာ။

[Unicode Version]

Harry ‘The Beast’ Maguire သားရဲကြီး မက်ဂွဲယားလို့ နာမည်ပြောင်ပေးထားတဲ့ ဟယ်ရီ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းနဲ့ ပထမဆုံး ပွဲထွက်အဖြစ် ချယ်ဆီးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားတဲ့ ပွဲမှာ ပါဝင်ကစားသွားခဲ့ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး နောက်ခံလူူ ဖြစ်တာနဲ့ အညီ အဆိုပါဈေးနဲ့ တန်၊ မတန်ဆိုတာကို အများစုက စောင့်ကြည့်နေကြပြီး ဟယ်ရီ မက်ဂွဲယားရဲ့ ခြေစွမ်းကို ဝေဖန် အကဲဖြတ်ကြပါတယ်။

ဗဟိုနောက်ခံလူတစ်ဦးဟာ Man of the Match ရဖို့ မလွယ်ကူပါဘူူး။ အဲ့ထက် ပိုမလွယ်ကူတာကတော့ ၄ ဂိုးပြတ် ကိုယ်က နိုင်တဲ့ပွဲမှာ Man of the Match ရဖို့ပါပဲ။ ဒါပေမယ့် ချယ်ဆီးအသင်းကို ၄ – ၀ နဲ့ နိုင်တဲ့ ပွဲမှာ ဟယ်ရီမက်ဂွဲယားကို Man of the Match အဖြစ် Sky Sports က ပေးခဲ့သလို သူ့ကို ပဲ Man of the Match အဖြစ် ပေးသင့်တယ်လို့ အတော်များများက ယူဆကြပါတယ်။

အဲ့ဒီပွဲအတွက် Man of the Match ကို မန်ချက်စတာယူနိုက်တက်ရဲ့ တရားဝင် ဝက်ဆိုဒ်က တောင်းခံခဲ့ရာမှာတော့ ပရိသတ်တွေရဲ့ မဲ အများစု အရ ရက်ဖို့ဒ်က ရရှိခဲ့ပေမယ့် ဒုတိယလိုက်သူကတော့ ဟယ်ရီမက်ဂွဲယားပဲ ဖြစ်ပါတယ်။

ကဲ ဟယ်ရီမက်ဂွဲယားရဲ့ စွမ်းဆောင်ရည် အချို့ကို ကြည့်ကြရအောင်။

86% pass accuracy

72 touches

7 clearances (most)

4 interceptions (most)

2 blocked shots (most)

1 chance created

1 clean sheet

0 fouls committed

ဟယ်ရီမက်ဂွဲယားဟာ ချယ်ဆီးနဲ့ ပွဲမှာ တိကျတဲ့ ပေးပို့မှုက ၈၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၇၂ ကြိမ် ဘောလုံးကို ထိခဲ့ပါတယ်။ ရှင်းထုတ်မှု ၇ ကြိမ်ရှိခဲ့ပြီး ဒါဟာ အဲ့ဒီပွဲမှာ ရှင်းထုတ်မှု အများဆုံး ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ ဘောလုံးကို ဖြတ်တောက်လုယူမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါ ၄ ကြိမ်ဟာလည်း ဒီပွဲမှာ အများဆုံး ဖြတ်တောက်မှု ဖြစ်နေပါသေးတယ်။

ဘောလုံးကို ဂိုးပေါက် ကန်သွင်းချက်တွေကို တားဆီးရာမှာတော့ ဟယ်ရီမက်ဂွဲယားဟာ ၂ ကြိမ်တိတိ တားဆီးနိုင်ခဲ့ပြီး အဆိုပါ ၂ ကြိမ်ဟာ အများဆုံး ဂိုးပေါက်ကန်သွင်းချက်ကို တားဆီးနိုင်မှု ဖြစ်ခဲ့ပါတယ်။ အံ့သြသင့်စရာ စွမ်းဆောင်ချက်တွေ ဖြစ်ပါတယ်။

ဟယ်ရီမက်ဂွဲယားဟာ ခုခံကာကွယ်မှု ပြုလုပ်နိုင်ခဲ့ရုံ မကပါဘူး။ ဂိုးရဖို့ အခွင့်အရေး (တိုက်စစ်စွမ်းရည် ) လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဟယ်ရီမက်ဂွဲယားဟာ ဂိုးရဖို့ တစ်ကြိမ် ဖန်တီးခဲ့ပေမယ့် အဆိုပါ ဖန်တီးချက်ကို ဂိုးအဖြစ် မပြောင်းနိုင်ခဲ့လို့သာ ဂိုးဖန်တီးမှု ( Assist ) မရခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် ဂိုးမပေးရတဲ့ပွဲ ( Clean Sheet ) အဖြစ် စွမ်းဆောင်ခဲ့ပြီး ဟယ်ရီမက်ဂွဲယားရဲ့ ဖြတ်ထုတ်မှုတွေဟာ လုံး၀ လုံး၀ ပြစ်ဒဏ်ဘော ( Fouls ) ပေးခဲ့ရခြင်း မရှိပါဘူး။

အခြား ခြေစွမ်းပြခဲ့တဲ့ ညာနောက်ခံလူ အာရွန် ဝမ် ဘစ်ဆာကာဟာ ဘောလုံး ယှဉ်ပြိုင်လုယူတာ ၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် ဟယ်ရီမက်ဂွဲယားလို Man of the Match အဖြစ် နာမည် တင်သွင်းခြင်း မခံခဲ့ရပါဘူး။ အဆိုပါ လုယူမှု ၆ ကြိမ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ ဒုတိယမြောက် အများဆုံး လုယူမှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် သမိုင်းတလျောက် အညံ့ဆုံး ဖြစ်ခဲ့တဲ့ နောက်တန်းဟာ အခုရာသီမှာတော့ အသစ်ဝယ်ယူလိုက်တဲ့ အာရွန် ဝမ် ဘစ်ဆာကာနဲ့ မက်ဂွဲယားတို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ အတူ အကောင်းမွန်ဆုံး ဖြစ်နေပြီလို့ ဆိုရမှာပါ။

နောက်လာမယ့် ပွဲတွေမှာ ဟယ်ရီမက်ဂွဲယားတစ်ယောက် ဘယ်လို ခြေစွမ်းပြအုံးမလဲ ဆိုတာ စောင့်ကြည့်ရင်း သူဟာ ကမ္ဘာ့ဈေးအကြီးအဆုံး နောက်ခံလူတစ်ယောက် အဖြစ်သာမကဘဲ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ယောက် အဖြစ် မှတ်ကျောက် တင်နိုင်မလားဆိုတာကိုတော့ ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်ကြပါစို့ဗျာ။

ယူနိုက်တက် ၄-၀ ချယ်ဆီးပွဲရဲ့ Tactical Analysis ဗွီဒီယိုကို အောက်ဆုံးမှာ ဝင်ရောက် ကြည့်နိုင်ပါတယ်ဗျာ။

ေနာက္ ဗြီဒီယို တစ္ခုကေတာ့ မက္ဂြဲယားတစ္ေယာက္ ခ်ယ္ဆီးနဲ႔ ပြဲမွာ ဘယ္လိုေဆာ့သြားသလဲဆိုတာ ျပသထားတဲ့ ဗြီဒီယို ( Player Cam ) ပါ။