ေပါ့ဂ္ဘာဟာ ရီးရဲမက္ဒရစ္အသင္းထံ ေျပာင္းေ႐ႊ႕ႏိုင္ဆဲျဖစ္တယ္လို႔ ေျပာၾကားလိုက္တဲ့ ေပ့ါဂ္ဘာရဲ႕အစ္ကို မက္သီးယပ္စ္ေပါ့ဂ္ဘာ

ေပ့ါဂ္ဘာရဲ႕အစ္ကို မက္သီးယပ္စ္ေပါ့ဂ္ဘာက သူ႔ရဲ႕ညီဟာ ယူႏိုက္တက္ အသင္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနၿပီး ယခုေႏြရာသီ အေျပာင္းအေ႐ႊ႕ ေဈးကြက္မပိတ္ခင္မွာ ရီးရဲမက္ဒရစ္အသင္းထံ ေျပာင္းေ႐ႊ႕ႏိုင္ဆဲျဖစ္တယ္လို႔ TV အစီအစဥ္ တစ္ခုမွာ ေျပာၾကားသြားလိုက္ပါတယ္။

ေပါ့ဂ္ဘာဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီ မၿပီးဆုံးခင္ကတည္းက စိန္ေခၚမႈအသစ္ေတြ ရွာေဖြဖို႔အတြက္ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာလိုေၾကာင္း ဝန္ခံေျပာၾကားခဲ့သူ ျဖစ္ပါတယ္။ ရီးရဲမက္ဒရစ္အသင္းနည္းျပ ဇီဒန္းကလည္း ေပါ့ဂ္ဘာကို ေခၚယူႏိုင္ဖို႔ အလြန္စိတ္ဝင္စားေနၿပီး ဦးစားေပး ပစ္မွတ္အျဖစ္ သတ္မွတ္ထားပါတယ္။

ယူႏိုက္တက္ အသင္းက ေပါ့ဂ္ဘာကို အသင္းမွာ ဆက္လက္ ထိန္းထားလိုေနေပမယ့္လည္း ကာယကံရွင္ ကစားသမား ကိုယ္တိုင္က အသင္းေျပာင္းေ႐ႊ႕ႏိုင္ဖို႔ကို စိတ္အားထက္သန္ေနပါတယ္။

ေပါ့ဂ္ဘာရဲ႕အစ္ကို မက္သီးယပ္စ္ေပါ့ဂ္ဘာက သူ႔ရဲ႕ညီဟာ ယခုအခ်ိန္အထိ ယူႏိုက္တက္အသင္းကို စြန႔္ခြာလိုေနဆဲျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ ေဈးကြက္ပိတ္မယ့္ စက္တင္ဘာလ (၂) ရက္ေန႔ မတိုင္မီ အခ်ိန္အထိ ရီးရဲမက္ဒရစ္အသင္းထံ ေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မက္သီးယပ္စ္ေပါ့ဂ္ဘာက ” ကြၽန္ေတာ့္ရဲ႕ညီဟာ ယူႏိုက္တက္ကေန ထြက္ခြာခ်င္ေနဆဲ ျဖစ္ပါတယ္။ သူ ယူႏိုက္တက္အသင္းမွာ ဒီရာသီ ဆက္ရွိမယ္လို႔ ကြၽန္ေတာ္ အာမ မခံႏိုင္ပါဘူး။ စက္တက္ဘာ (၂) ရက္ေန႔ မတိုင္မီအထိ ဘာမဆို ျဖစ္သြားႏိုင္ပါတယ္။

ရီးရဲအသင္း ဥကၠဌ ပီရက္ဇ္က သူ႔ကို ေခၚယူႏိုင္တယ္ဆိုတာ မွန္ပါတယ္။ မျဖစ္ႏိုင္ဘူးဆိုတာ ဘာမွမရွိပါဘူး။ ရီးရဲနည္းျပ ဇီဒန္းကလည္း အႀကီးက်ယ္ဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး နည္းျပဘဝမွာလည္း ေအာင္ျမင္မႈေတြ မ်ားစြာ ရယူထားႏိုင္တဲ့သူ တစ္ဦးလည္းျဖစ္ပါတယ္။

ကြၽန္ေတာ့္ညီက သန္း (၂၀၀) ေလာက္ေတာ့ တန္တယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ဒါေပမယ့္ ယူႏိုက္တက္ကေတာ့ အဲ့ဒီ့ေဈးေလာက္အထိ ေတာင္းပါလိမ့္မယ္။ ဇီဒန္း လိုအပ္ေနတာ ကြၽန္ေတာ့္ညီလို ကစားသမားမ်ိဳးပါ။

ေဘာလုံးမွာ ခင္ဗ်ား ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ပါဘူး။ စက္တင္ဘာ (၂) ရက္ေန႔ မတိုင္မီအထိ အားလုံး ျဖစ္သြားႏိုင္ပါတယ္။ ကြၽန္ေတာ့္ညီရဲ႕အိပ္မက္က ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ပါ။ ” လို႔ El Chiringuito TV အစီအစဥ္မွာ ေျပာၾကားသြားခဲ့ပါတယ္။

ရီးရဲအသင္းက ေပါ့ဂ္ဘာကို ေခၚယူႏိုင္ဖို႔ ယူႏိုက္တက္အသင္းထံ ေပါ့ဂ္ဘာအတြက္ ကမ္းလွမ္းမႈေတြ အၾကိမ္ၾကိမ္ ျပဳလုပ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ယူႏိုက္တက္အသင္းက ကမ္းလွမ္းမႈအားလုံးကို ျငင္းပယ္ထားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ေပါ့ဂ္ဘာကို ဂ်ဴဗင္တပ္စ္အသင္းကေန အိုးလ္ထရက္ဖိုဒ့္ကို ျပန္လည္ေခၚယူခဲ့စဥ္က ကမာၻ႔စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ (၈၉ ဒသမ ၃) သန္း အသုံးျပဳခဲ့ရတာျပီး ေပါ့ဂ္ဘာကို မျဖစ္မေန ေရာင္းခ်ရမယ္ဆိုရင္ ေျပာင္းေ႐ြ႕ေၾကး ေပါင္ သန္း (၂၀၀) အထိ လိုခ်င္ေနပါတယ္။

{Unicode Version}

ပေ့ါဂ်ဘာရဲ့အစ်ကို မက်သီးယပ်စ်ပေါ့ဂ်ဘာက သူ့ရဲ့ညီဟာ ယူနိုက်တက် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး ယခုနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင်မှာ ရီးရဲမက်ဒရစ်အသင်းထံ ပြောင်းရွှေ့နိုင်ဆဲဖြစ်တယ်လို့ TV အစီအစဉ် တစ်ခုမှာ ပြောကြားသွားလိုက်ပါတယ်။

ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ မပြီးဆုံးခင်ကတည်းက စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့အတွက် အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာလိုကြောင်း ဝန်ခံပြောကြားခဲ့သူ ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းနည်းပြ ဇီဒန်းကလည်း ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့ အလွန်စိတ်ဝင်စားနေပြီး ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

ယူနိုက်တက် အသင်းက ပေါ့ဂ်ဘာကို အသင်းမှာ ဆက်လက် ထိန်းထားလိုနေပေမယ့်လည်း ကာယကံရှင် ကစားသမား ကိုယ်တိုင်က အသင်းပြောင်းရွှေ့နိုင်ဖို့ကို စိတ်အားထက်သန်နေပါတယ်။

ပေါ့ဂ်ဘာရဲ့အစ်ကို မက်သီးယပ်စ်ပေါ့ဂ်ဘာက သူ့ရဲ့ညီဟာ ယခုအချိန်အထိ ယူနိုက်တက်အသင်းကို စွန့်ခွာလိုနေဆဲဖြစ်ပြီး အပြောင်းအရွှေ့ ဈေးကွက်ပိတ်မယ့် စက်တင်ဘာလ (၂) ရက်နေ့ မတိုင်မီ အချိန်အထိ ရီးရဲမက်ဒရစ်အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

မက်သီးယပ်စ်ပေါ့ဂ်ဘာက ” ကျွန်တော့်ရဲ့ညီဟာ ယူနိုက်တက်ကနေ ထွက်ခွာချင်နေဆဲ ဖြစ်ပါတယ်။ သူ ယူနိုက်တက်အသင်းမှာ ဒီရာသီ ဆက်ရှိမယ်လို့ ကျွန်တော် အာမ မခံနိုင်ပါဘူး။ စက်တက်ဘာ (၂) ရက်နေ့ မတိုင်မီအထိ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။

ရီးရဲအသင်း ဥက္ကဌ ပီရက်ဇ်က သူ့ကို ခေါ်ယူနိုင်တယ်ဆိုတာ မှန်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပါဘူး။ ရီးရဲနည်းပြ ဇီဒန်းကလည်း အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး နည်းပြဘဝမှာလည်း အောင်မြင်မှုတွေ များစွာ ရယူထားနိုင်တဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

ကျွန်တော့်ညီက သန်း (၂၀၀) လောက်တော့ တန်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် ယူနိုက်တက်ကတော့ အဲ့ဒီ့ဈေးလောက်အထိ တောင်းပါလိမ့်မယ်။ ဇီဒန်း လိုအပ်နေတာ ကျွန်တော့်ညီလို ကစားသမားမျိုးပါ။

ဘောလုံးမှာ ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ စက်တင်ဘာ (၂) ရက်နေ့ မတိုင်မီအထိ အားလုံး ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော့်ညီရဲ့အိပ်မက်က ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ပါ။ ” လို့ El Chiringuito TV အစီအစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။

ရီးရဲအသင်းက ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်းထံ ပေါ့ဂ်ဘာအတွက် ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ယူနိုက်တက်အသင်းက ကမ်းလှမ်းမှုအားလုံးကို ငြင်းပယ်ထားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာကို ဂျူဗင်တပ်စ်အသင်းကနေ အိုးလ်ထရက်ဖိုဒ့်ကို ပြန်လည်ခေါ်ယူခဲ့စဉ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၈၉ ဒသမ ၃) သန်း အသုံးပြုခဲ့ရတာပြီး ပေါ့ဂ်ဘာကို မဖြစ်မနေ ရောင်းချရမယ်ဆိုရင် ပြောင်းရွေ့ကြေး ပေါင် သန်း (၂၀၀) အထိ လိုချင်နေပါတယ်။