Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

မန္ခ်က္စတာယူႏိုက္တက္ သတင္းမ်ား ၾသဂုတ္ ၁၈

[Zawgyi Version]

Footy Extras ရဲ့ အဆိုအရ ရီးရဲလ္မက္ဒရစ္ အသင္းဟာ ယူႏိုက္တက္ ကြင္းလယ္လူ ေပါ့ဘာကို တစ္ပတ္ လုပ္ခ ေပါင္ ၂ သိန္း ၉ ေသာင္းနဲ႔ လာမယ့္ အပတ္ထဲမွာ ကမ္းလွမ္းဖုိ႔ ရွိတယ္လို႔ ဆိုထားပါတယ္။ The Telegraph ရဲ့ အဆိုအရေတာ့ ယူႏုိက္တက္အသင္းဟာ ေပါ့ဘာကို လက္လြတ္ဖို႔ လံုး၀ ဆႏၵမရွိပါဘူး။

ဒုတိယအခ်က္အေနနဲ႔ အဂၤၤလန္ ပရီးမီးယားလိဂ္ရဲ့ အေျပာင္းအေရႊ႕ ေစ်းကြက္က ပိတ္သြားျပီ ျဖစ္တာေၾကာင့္ ေပါ့ဘာကို ေရာင္းထုတ္လိုက္ရင္ ယူႏိုက္တက္ အသင္းအေနနဲ႔ ကမၻာ့အဆင့္ ကြင္းလယ္ ကစားသမား ၀ယ္ယူဖို႔ မျဖစ္ႏုိင္ေတာ့တဲ့ အတြက္ ေပါ့ဘာကို ေရာင္းခ်ဖို႔ ဆိုတာ လံုး၀ မျဖစ္ႏုိင္သေလာက္ပါ။

The Sport Review က စပိန္ သတင္းစာ Marca ကို ကိုးကားျပီးေရးထားတဲ့ သတင္းထဲမွာေတာ့ ျပင္သစ္ကြင္းလယ္လူ ေပါ့ဘာဟာ ယူႏိုက္တက္အသင္းကုိ သူအသင္းေျပာင္းခ်င္တယ္လိုိ႔ ဖိအားေပးထားတယ္လိုိ႔ ဆိုပါတယ္။ ေပါ့ဘာရဲ့ နာမည္ၾကီး ေအးဂ်င့္ျဖစ္သူ ရြိဳင္းအုိလာဟာ လာမယ့္ အပတ္မွာ ယူႏိုက္တက္ကို လာဖိို႔ရွိေနျပီး အေျပာင္းအေရႊ႕ ကိစၥကို ျဖစ္ေျမာက္ဖုိ႔ ဖိအားေပးသြားဖြယ္ ရွိေနပါတယ္။

ယူႏိုက္တက္အသင္းရဲ့ လုပ္ခလခအမ်ားဆံုး ခ်ီလီလက္ေရြးစင္ တိုက္စစ္မွဴး ဆန္းခ်က္ဟာ အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕မယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ ဆန္းခ်က္ဟာ ဒဏ္ရာ အနာတရ ရေနတာေၾကာင့္ အနားယူ ေလ့က်င့္ခန္းေတြ လုပ္ေနရသူ ျဖစ္ပါတယ္။

ဆိုးလ္ရွားကေတာ့ သူ႔ရဲ့ တုိက္စစ္မွဴးဘက္က အျပည့္အ၀ ကာကြယ္ေပးထားျပီး ဆန္းခ်က္ဟာ ပေရာ္ဖက္ရွင္နယ္ ပီသသူ ျဖစ္ပါတယ္လို႔ ကာရင္တန္မွာ ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားထားပါတယ္။ တစ္ပတ္ ႏွစ္ပတ္ေလာက္ အနားယူျပီးရင္ ဆန္းခ်က္ဟာ ေဘာလံုး ျပန္ကစားႏုိင္ေတာ့မွာပါလုိ႔ အျပဳသေဘာဆန္တဲ့ မွတ္ခ်က္လည္း ျပဳထားပါတယ္။

ယူႏိုက္တက္အသင္းဟာ ဒီညမွာ ၀ုဗ္အသင္းနဲ႔ အေ၀းကြင္းပြဲစဥ္အျဖစ္ သြားေရာက္ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ျပီး ျပီးခဲ့အတဲ့ အပတ္ကေတာ့ ပရီးမီးယားလိဂ္ အင္အားၾကီးအသင္း တစ္သင္းျဖစ္တဲ့ ခ်ယ္ဆီးအသင္းကို အိမ္ကြင္းမွာ ၄ ဂိုး ဂိုးမရွိျဖင့္ အႏုိင္ယူထားပါတယ္။ ျပီးခဲ့တဲ့ ရာသီက ဖလားလက္မဲ့ ျဖစ္ခဲ့ျပီး အဆင့္ေလးအတြင္း မ၀င္ခဲ့တာေၾကာင့္ အခုရာသီမွာေတာ့ အဆင့္ေလးအတြင္း ၀င္ဖုိ႔ ဆိုးလ္ရွားဟာ ဖိအားေပးခံထားရပါတယ္။

ျပီးခဲ့တဲ့ အေျပာင္းအေရႊ႕က နယူးကာဆယ္ကြင္းလယ္လူ အဂၤလန္ကစားသမား အသက္ ၂၁ ႏွစ္အရြယ္ ေရွာင္ ေလာင္းစတပ္ဖ္ကို မေခၚယူႏုိင္ခဲ့ေပမယ့္ လာမယ့္ အေျပာင္းအေရႊ႕မွာေတာ့ ေလာင္းစတပ္ဖ္ကို မရ အရ ေခၚဖို႔ ဆုိးလ္ရွားက အလုိရွိေနပါတယ္။ ယူႏုိက္တက္အသင္းရဲ့ အားထားရတဲ့ ကြင္းလယ္ကစားသမား အန္ဒါ ဟာရဲရားတစ္ေယာက္ ျပင္သစ္ကလပ္ PSG အသင္းကို အလြတ္ေျပာင္းေရႊ႕ ေၾကးနဲ႔ ေျပာင္းေရႊ႕ သြားခဲ့ပါတယ္။ ဟာရဲရားရဲ့ ေနရာကို ေလာင္းစတပ္ဖ္က အျပည့္အ၀ အစားထုိးႏုိင္မယ္လိုိ႔ ယံုၾကည္ေနတာ ျဖစ္ပါတယ္။

ေလာင္းစတပ္ဖ္ဟာ ပရီးမီးယားလိဂ္ပြဲ ၁၀ ပြဲပဲ ကစားရေသးေပမယ့္ ယူႏိုက္တက္အသင္းရဲ့ နည္းျပအဖြဲ႔၀င္ ယူႏိုက္တက္အသင္းသားေဟာင္း မုိက္ကယ္ ကာရစ္က ေလာင္းစတပ္ဖ္ရဲ့ အရည္အခ်င္းကို ေသခ်ာေလ့လာခဲ့ျပီး ဆုိးလ္ရွားကို တင္ျပခဲ့တာ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းက ေလာင္းစတပ္ဖ္အတြက္ ေပါင္ ၂၅ သန္းနဲ႔ ေခၚယူခ်င္ေပမယ့္ နယူးကာဆယ္အသင္းကေတာ့ သူတို႔အသင္းရဲ့ အားထားရတဲ့ ကြင္းလယ္ကစားသမားအတြက္ ေပါင္ သန္း ၅၀ အလိုရွိခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕ ျဖစ္မလာခဲ့တာ ျဖစ္ပါတယ္။

ယံုၾကည္ရတဲ့ သတင္း ရင္းျမစ္တစ္ခုျဖစ္တဲ့ Gianluca Di Marzio ရဲ့ ေဖာ္ျပခ်က္အရ ဆန္းခ်က္နဲ႔ အင္တာမီလန္အသင္းတို႔ဟာ ပုဂၢိဳလ္ေရးဆုိင္ရာ သေဘာတူညီမွု ရခဲ့ျပီလို႔ ဆိုပါတယ္။ အင္တာမီလန္မွာ လုပ္ခ လခ ေလ်ာ့ယူပါ့မယ္လို႔ ဆန္းခ်က္က သေဘာတူခဲ့တယ္လို႔ ေဖာ္ျပခဲ့ျပီး ဆန္းခ်က္ရဲ့ ေအးဂ်င့္ Fernando Felicevich ဟာ ယူႏိုက္တက္အသင္းနဲ႔ ညိွႏွိုင္းေဆြးေႏြးဖို႔ အဂၤလန္ကို ေလယာဥ္နဲ႔ လာေနျပီလို႔ တိတိက်က်ေရးသားထားတာ ျဖစ္တာေၾကာင့္ ဆန္းခ်က္ရဲ့ အေျခအေနကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဆန္းခ်က္ရဲ့ ျဖစ္ႏုိင္ဖြယ္ အေျပာင္းအေရႊ႕ကေတာ့ အစ ပထမပိုင္းမွာ အငွားစာခ်ဴပ္နဲ႔ ျဖစ္ျပီး မ၀ယ္မေနရ ဆုိတဲ့ သေဘာတူညီမွု တစ္ခု ထည့္သြင္း ခ်ဴပ္ဆုိတဲ့ ပံုစံမ်ိဳး ျဖစ္လိမ့္မယ္လုိ႔ ခန္႔မွန္းေျပာဆိုေနၾကပါတယ္။ မည္သို႔ပင္ျဖစ္ေစကာမူ ဆန္းခ်က္ရဲ့ ထြက္ခြာမွုဟာ ယူႏိုက္တက္အသင္းအတြက္ အေပါင္းလကၡဏာျဖစ္တာေၾကာင့္ အေျပာင္းအေရႊ႕ ျဖစ္လာပါေစလို႔ ဆုေတာင္းလိုက္ပါတယ္ဗ်ာ။

ယူႏိုက္တက္အသင္းရဲ့ တိုက္စစ္မွဴးေဟာင္း ေရာ္ဘင္ ဗန္ပါစီဟာ အဂၤၤလန္က BT Sports မွာ ကၽြမ္းက်င္သူ တစ္ေယာက္အျဖစ္ ေဘာလံုးပြဲေတြကို သံုးသပ္တင္ဆက္ဖုိ႔ သေဘာတူညီခဲ့ပါတယ္။ ျပီးခဲ့တဲ့ ရက္က အာဆင္နယ္အသင္းရဲ့ နည္းျပျဖစ္သူ အူႏိုင္းအမ္မရီရဲ့ လူထုတ္ပံုနဲ႔ ကစားကြက္ကို ဗန္ပါစီက ေမးခြန္းထုတ္ခဲ့ပါတယ္။ အူႏုိင္းအမ္မရီဟာ မန္စီးတီးနည္းျပ ပတ္ ဂြာဒီယိုလာနဲ႔ လီဗာပူးနည္းျပ ဂ်ာကန္ ကေလာ့တို႔လို နည္းစနစ္ၾကြယ္၀သူ မဟုတ္ဘူးလို႔ ေ၀ဖန္ေျပာဆိုလိုက္ပါတယ္။

ဂ်ဴဗင္တပ္အသင္းရဲ့ အမွုေဆာင္အရာရွိခ်ဴပ္ Fabio Paratici က ေအစီမီလန္အသင္းနဲ႔ ယူႏုိက္တက္အသင္းဟာ ဂ်ဴဗင္တပ္ ကစားသမား Demiral ( ဒီမီရယ္ ) ကို ေခၚယူဖုိ႔ အေျပာင္းအေရႊ႕ ေစ်းကြက္ဖြင့္ခ်ိန္က ခ်ိတ္ဆက္ခဲ့တယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဒီမီရယ္ဟာ ျပီးခဲ့တဲ့ ေႏြရာသီက ဆာေဆာ္လိုအသင္းမွ ဂ်ဴဗင္တပ္အသင္းကို ယူရို ၁၈ သန္းနဲ႔ ေျပာင္းေရႊ႕ ေရာက္ရွိလာသူ ျဖစ္ပါတယ္။ တူရကီရဲ့ ေတာက္ပတဲ့ ၾကယ္ပြင့္ကစားသမားအျဖစ္ နာမည္ၾကီးေနတဲ့ ဒီမီရယ္ဟာ ေကာင္းမြန္တဲ့ ေျခစြမ္းကို ပိုင္ဆုိင္ထားျပီး အလားအလာရွိသူ ျဖစ္ပါတယ္။

ယူႏုိက္တက္အသင္းရဲ့ အသက္ ၂၀ အရြယ္ လူငယ္ ကြင္းလယ္ကစားသမား အီသန္ ဟာမီတန္ ( Ethan Hamilton ) ဟာ ေဆာက္အမ္းယူႏိုက္တက္အသင္းမွာ တစ္ရာသီ အငွားသြားေရာက္ ကစားမွာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ရာသီက အီသန္ဟာ လိဂ္ ၀မ္းက Rochdale အသင္းမွာ အငွားသြားေရာက္ ကစားခဲ့ျပီး ေအာင္ျမင္တဲ့ ရာသီတစ္ခုအျဖစ္ ျဖတ္ေက်ာ္ႏုိင္ခဲ့ျပီး ျဖစ္ပါတယ္။

ဒီညကန္မယ့္ ၀ုဗ္နဲ႔ ပြဲမွာ ယူႏိုက္တက္အသင္းရဲ့ ျဖစ္ႏုိင္ဖြယ္ လူစာရင္း David de Gea; Aaron Wan-Bissaka, Victor Lindelof, Harry Maguire, Luke Shaw; Scott McTominay, Paul Pogba, Andreas Pereira; Jesse Lingard, Marcus Rashford, Anthony Martial ။

ပရီးမီယားလိဂ္ရဲ့ လူေခၚတဲ့ အေျပာင္းအေရႊ႕က ပိတ္သြားျပီး ျဖစ္ေပမယ့္ အျခား အေျပာင္းအေရႊ႕မပိတ္ေသးတဲ့ လိဂ္ေတြကိုေတာ့ ကစားသမား ေရာင္းခ်ခြင့္ ရွိေနပါေသးတယ္။ ယူႏိုက္တက္အသင္းဟာ အဆုိပါ အျခားလိဂ္ေတြရဲ့ အေျပာင္းအေရႊ႕ မပိတ္ခင္ အသင္းရဲ့ ဗဟိုေနာက္ခံလူ ၂ ဦးကို ေရာင္းထုတ္ႏုိင္ဖုိ႔ ေမွ်ာ္လင့္ေနပါတယ္။ ယူႏိုက္တက္အသင္းရဲ့ ေနာက္တန္းမွာ ဖီးဂ်ံဳး၊ စေမာလင္း၊ လင္ဒီေအာ့၊ ဘုိင္လီ၊ ရိုဂ်ိဳနဲ႔ တြမ္ဇီဘီတို႔ ရွိေနတာေၾကာင့္ လိုတာထက္ကို ပိုေနျပီ ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းရဲ့ ေနာက္တန္းမွာ ဗဟုိခံစစ္မွဴးအေနနဲ႔ ေနရာေသခ်ာေနတဲ့ မက္ဂြဲယားနဲ႔ လင္ဒီေအာ့ဖ္တို႔ ရွိေနျပီး တြမ္ဇီဘီကို အငွားမခ်ခဲ့တာေၾကာင့္ အရန္အျဖစ္ တြမ္ဇီဘီဟာ ဦးစားေပး ျဖစ္ဖြယ္ရွိျပီး ဖီးဂ်ံဳး၊ ဘုိင္လီ၊ စေမာလင္းနဲ႔ ရိုဂ်ိဳတို႔ကို ေရာင္းခ်လိုေနတာ ျဖစ္ပါတယ္။ အဆိုပါ ေနာက္ခံလူေတြထဲကမွ အနည္းဆံုး ၂ ဦးေလာက္ ေရာင္းထြက္ဖုိ႔ ယူႏုိက္တက္အသင္းက အလိုရွိေနပါတယ္။ ဘယ္ ၂ ေယာက္ကို ဦးစားေပး ေရာင္းခ်မလဲဆုိတာေတာ့ ဆုိးလ္ရွားတစ္ေယာက္ပဲ သိႏုိင္ဖြယ္ ရွိေပမယ့္ ပရိသတ္ကေတာ့ ရိုဂ်ိဳနဲ႔ ဖီးဂ်ံဳးတို႔ကို ေရာင္းထုတ္ေစခ်င္ေနတာ ျဖစ္ပါတယ္။

[Unicode Version]

Footy Extras ရဲ့ အဆိုအရ ရီးရဲလ်မက်ဒရစ် အသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာကို တစ်ပတ် လုပ်ခ ပေါင် ၂ သိန်း ၉ သောင်းနဲ့ လာမယ့် အပတ်ထဲမှာ ကမ်းလှမ်းဖို့ ရှိတယ်လို့ ဆိုထားပါတယ်။ The Telegraph ရဲ့ အဆိုအရတော့ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို လက်လွတ်ဖို့ လုံး၀ ဆန္ဒမရှိပါဘူး။

ဒုတိယအချက်အနေနဲ့ အင်္ဂၤလန် ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ ဈေးကွက်က ပိတ်သွားပြီ ဖြစ်တာကြောင့် ပေါ့ဘာကို ရောင်းထုတ်လိုက်ရင် ယူနိုက်တက် အသင်းအနေနဲ့ ကမ္ဘာ့အဆင့် ကွင်းလယ် ကစားသမား ဝယ်ယူဖို့ မဖြစ်နိုင်တော့တဲ့ အတွက် ပေါ့ဘာကို ရောင်းချဖို့ ဆိုတာ လုံး၀ မဖြစ်နိုင်သလောက်ပါ။

The Sport Review က စပိန် သတင်းစာ Marca ကို ကိုးကားပြီးရေးထားတဲ့ သတင်းထဲမှာတော့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ ယူနိုက်တက်အသင်းကို သူအသင်းပြောင်းချင်တယ်လို့ ဖိအားပေးထားတယ်လို့ ဆိုပါတယ်။ ပေါ့ဘာရဲ့ နာမည်ကြီး အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာဟာ လာမယ့် အပတ်မှာ ယူနိုက်တက်ကို လာဖို့ရှိနေပြီး အပြောင်းအရွှေ့ ကိစ္စကို ဖြစ်မြောက်ဖို့ ဖိအားပေးသွားဖွယ် ရှိနေပါတယ်။

ယူနိုက်တက်အသင်းရဲ့ လုပ်ခလခအများဆုံး ချီလီလက်ရွေးစင် တိုက်စစ်မှူး ဆန်းချက်ဟာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဆန်းချက်ဟာ ဒဏ်ရာ အနာတရ ရနေတာကြောင့် အနားယူ လေ့ကျင့်ခန်းတွေ လုပ်နေရသူ ဖြစ်ပါတယ်။

ဆိုးလ်ရှားကတော့ သူ့ရဲ့ တိုက်စစ်မှူးဘက်က အပြည့်အ၀ ကာကွယ်ပေးထားပြီး ဆန်းချက်ဟာ ပရော်ဖက်ရှင်နယ် ပီသသူ ဖြစ်ပါတယ်လို့ ကာရင်တန်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ တစ်ပတ် နှစ်ပတ်လောက် အနားယူပြီးရင် ဆန်းချက်ဟာ ဘောလုံး ပြန်ကစားနိုင်တော့မှာပါလို့ အပြုသဘောဆန်တဲ့ မှတ်ချက်လည်း ပြုထားပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီညမှာ ဝုဗ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ပြီးခဲ့အတဲ့ အပတ်ကတော့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တစ်သင်းဖြစ်တဲ့ ချယ်ဆီးအသင်းကို အိမ်ကွင်းမှာ ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဖလားလက်မဲ့ ဖြစ်ခဲ့ပြီး အဆင့်လေးအတွင်း မဝင်ခဲ့တာကြောင့် အခုရာသီမှာတော့ အဆင့်လေးအတွင်း ဝင်ဖို့ ဆိုးလ်ရှားဟာ ဖိအားပေးခံထားရပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့က နယူးကာဆယ်ကွင်းလယ်လူ အင်္ဂလန်ကစားသမား အသက် ၂၁ နှစ်အရွယ် ရှောင် လောင်းစတပ်ဖ်ကို မခေါ်ယူနိုင်ခဲ့ပေမယ့် လာမယ့် အပြောင်းအရွှေ့မှာတော့ လောင်းစတပ်ဖ်ကို မရ အရ ခေါ်ဖို့ ဆိုးလ်ရှားက အလိုရှိနေပါတယ်။ ယူနိုက်တက်အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား အန်ဒါ ဟာရဲရားတစ်ယောက် ပြင်သစ်ကလပ် PSG အသင်းကို အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ်။ ဟာရဲရားရဲ့ နေရာကို လောင်းစတပ်ဖ်က အပြည့်အ၀ အစားထိုးနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

လောင်းစတပ်ဖ်ဟာ ပရီးမီးယားလိဂ်ပွဲ ၁၀ ပွဲပဲ ကစားရသေးပေမယ့် ယူနိုက်တက်အသင်းရဲ့ နည်းပြအဖွဲ့ဝင် ယူနိုက်တက်အသင်းသားဟောင်း မိုက်ကယ် ကာရစ်က လောင်းစတပ်ဖ်ရဲ့ အရည်အချင်းကို သေချာလေ့လာခဲ့ပြီး ဆိုးလ်ရှားကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက လောင်းစတပ်ဖ်အတွက် ပေါင် ၂၅ သန်းနဲ့ ခေါ်ယူချင်ပေမယ့် နယူးကာဆယ်အသင်းကတော့ သူတို့အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမားအတွက် ပေါင် သန်း ၅၀ အလိုရှိခဲ့တာကြောင့် အပြောင်းအရွှေ့ ဖြစ်မလာခဲ့တာ ဖြစ်ပါတယ်။

ယုံကြည်ရတဲ့ သတင်း ရင်းမြစ်တစ်ခုဖြစ်တဲ့ Gianluca Di Marzio ရဲ့ ဖော်ပြချက်အရ ဆန်းချက်နဲ့ အင်တာမီလန်အသင်းတို့ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရခဲ့ပြီလို့ ဆိုပါတယ်။ အင်တာမီလန်မှာ လုပ်ခ လခ လျော့ယူပါ့မယ်လို့ ဆန်းချက်က သဘောတူခဲ့တယ်လို့ ဖော်ပြခဲ့ပြီး ဆန်းချက်ရဲ့ အေးဂျင့် FFernando Felicevich ဟာ ယူနိုက်တက်အသင်းနဲ့ ညှိနှိုင်းဆွေးနွေးဖို့ အင်္ဂလန်ကို လေယာဉ်နဲ့ လာနေပြီလို့ တိတိကျကျရေးသားထားတာ ဖြစ်တာကြောင့် ဆန်းချက်ရဲ့ အခြေအနေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆန်းချက်ရဲ့ ဖြစ်နိုင်ဖွယ် အပြောင်းအရွှေ့ကတော့ အစ ပထမပိုင်းမှာ အငှားစာချူပ်နဲ့ ဖြစ်ပြီး မဝယ်မနေရ ဆိုတဲ့ သဘောတူညီမှု တစ်ခု ထည့်သွင်း ချူပ်ဆိုတဲ့ ပုံစံမျိုး ဖြစ်လိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ဆန်းချက်ရဲ့ ထွက်ခွာမှုဟာ ယူနိုက်တက်အသင်းအတွက် အပေါင်းလက္ခဏာဖြစ်တာကြောင့် အပြောင်းအရွှေ့ ဖြစ်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ရော်ဘင် ဗန်ပါစီဟာ အင်္ဂၤလန်က BT Sports မှာ ကျွမ်းကျင်သူ တစ်ယောက်အဖြစ် ဘောလုံးပွဲတွေကို သုံးသပ်တင်ဆက်ဖို့ သဘောတူညီခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်က အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အူနိုင်းအမ်မရီရဲ့ လူထုတ်ပုံနဲ့ ကစားကွက်ကို ဗန်ပါစီက မေးခွန်းထုတ်ခဲ့ပါတယ်။ အူနိုင်းအမ်မရီဟာ မန်စီးတီးနည်းပြ ပတ် ဂွာဒီယိုလာနဲ့ လီဗာပူးနည်းပြ ဂျာကန် ကလော့တို့လို နည်းစနစ်ကြွယ်ဝသူ မဟုတ်ဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ အမှုဆောင်အရာရှိချူပ် Fabio Paratici က အေစီမီလန်အသင်းနဲ့ ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ် ကစားသမား Demiral ( ဒီမီရယ် ) ကို ခေါ်ယူဖို့ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်က ချိတ်ဆက်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီမီရယ်ဟာ ပြီးခဲ့တဲ့ နွေရာသီက ဆာဆော်လိုအသင်းမှ ဂျူဗင်တပ်အသင်းကို ယူရို ၁၈ သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာသူ ဖြစ်ပါတယ်။ တူရကီရဲ့ တောက်ပတဲ့ ကြယ်ပွင့်ကစားသမားအဖြစ် နာမည်ကြီးနေတဲ့ ဒီမီရယ်ဟာ ကောင်းမွန်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားပြီး အလားအလာရှိသူ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အသက် ၂၀ အရွယ် လူငယ် ကွင်းလယ်ကစားသမား အီသန် ဟာမီတန် ( Ethan Hamilton ) ဟာ ဆောက်အမ်းယူနိုက်တက်အသင်းမှာ တစ်ရာသီ အငှားသွားရောက် ကစားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက အီသန်ဟာ လိဂ် ဝမ်းက Rochdale အသင်းမှာ အငှားသွားရောက် ကစားခဲ့ပြီး အောင်မြင်တဲ့ ရာသီတစ်ခုအဖြစ် ဖြတ်ကျော်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီညကန်မယ့် ဝုဗ်နဲ့ ပွဲမှာ ယူနိုက်တက်အသင်းရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်း David de Gea; Aaron Wan-Bissaka, Victor Lindelof, Harry Maguire, Luke Shaw; Scott McTominay, Paul Pogba, Andreas Pereira; Jesse Lingard, Marcus Rashford, Anthony Martial ။

ပရီးမီယားလိဂ်ရဲ့ လူခေါ်တဲ့ အပြောင်းအရွှေ့က ပိတ်သွားပြီး ဖြစ်ပေမယ့် အခြား အပြောင်းအရွှေ့မပိတ်သေးတဲ့ လိဂ်တွေကိုတော့ ကစားသမား ရောင်းချခွင့် ရှိနေပါသေးတယ်။ ယူနိုက်တက်အသင်းဟာ အဆိုပါ အခြားလိဂ်တွေရဲ့ အပြောင်းအရွှေ့ မပိတ်ခင် အသင်းရဲ့ ဗဟိုနောက်ခံလူ ၂ ဦးကို ရောင်းထုတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ယူနိုက်တက်အသင်းရဲ့ နောက်တန်းမှာ ဖီးဂျုံး၊ စမောလင်း၊ လင်ဒီအော့၊ ဘိုင်လီ၊ ရိုဂျိုနဲ့ တွမ်ဇီဘီတို့ ရှိနေတာကြောင့် လိုတာထက်ကို ပိုနေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ နောက်တန်းမှာ ဗဟိုခံစစ်မှူးအနေနဲ့ နေရာသေချာနေတဲ့ မက်ဂွဲယားနဲ့ လင်ဒီအော့ဖ်တို့ ရှိနေပြီး တွမ်ဇီဘီကို အငှားမချခဲ့တာကြောင့် အရန်အဖြစ် တွမ်ဇီဘီဟာ ဦးစားပေး ဖြစ်ဖွယ်ရှိပြီး ဖီးဂျုံး၊ ဘိုင်လီ၊ စမောလင်းနဲ့ ရိုဂျိုတို့ကို ရောင်းချလိုနေတာ ဖြစ်ပါတယ်။ အဆိုပါ နောက်ခံလူတွေထဲကမှ အနည်းဆုံး ၂ ဦးလောက် ရောင်းထွက်ဖို့ ယူနိုက်တက်အသင်းက အလိုရှိနေပါတယ်။ ဘယ် ၂ ယောက်ကို ဦးစားပေး ရောင်းချမလဲဆိုတာတော့ ဆိုးလ်ရှားတစ်ယောက်ပဲ သိနိုင်ဖွယ် ရှိပေမယ့် ပရိသတ်ကတော့ ရိုဂျိုနဲ့ ဖီးဂျုံးတို့ကို ရောင်းထုတ်စေချင်နေတာ ဖြစ်ပါတယ်။