မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (၁၈-၈-၂၀၁၉)
{Unicode Version}
အင်တာမီလန်အသင်းဟာ ယူနိုက်တက် တောင်ပံကစားသမား အလက်ဆစ် ဆန်းချက်ဇ်ကို (၂) နှစ် အငှားစာချုပ်ဖြင့် ခေါ်ယူလိုနေပြီး ပထမရာသီတွင် ပေါင် (၄ ဒဿမ ၅) သန်း ပေးချေမည်ဖြစ်ပြီး ဒုတိယ ရာသီတွင် ပေါင် (၁၆ ဒဿမ ၅) သန်း ပေးချေမည်ဖြစ်ကြောင်း ယူနိုက်တက် အသင်းထံ ကမ်းလှမ်းထားပါတယ်။ [mail]
ယူနိုက်တက်အသင်းဘက်က ဆန်းချက်ဇ် (၂) နှစ်စာ အငှားစာချုပ်အတွက် ပေါင် (၂၂) သန်းကို တစ်ကြိမ်တည်း အပြီးသတ် လိုချင်နေပါတယ်။ [mail]
အကယ်၍ ဆန်းချက်ဇ်သာ အင်တာမီလန်အသင်းထံ အငှားဖြင့် ပြောင်းရွေ့ဖြစ်ခဲ့ပါက ယူနိုက်တက်အသင်းမှာ လက်ရှိ ရရှိနေတဲ့ တစ်ပါတ်လုပ်ခ ပေါင် (၅) သိန်းအထိ ရရှိမှာမဟုတ်ပဲ အသင်းဖော်ဟောင်း လူကာကူရဲ့ လစာထက် အနည်းငယ် လျော့ယူရမည်ဖြစ်ကြောင်း အင်တာမီလန်အသင်းရဲ့ CEO မာရော့တာနဲ့ သဘောတူညီမှု ရယူထားပြီး ဖြစ်ပါတယ်။ [mail]
အင်တာမီလန်အသင်း တာဝန်ရှိသူတွေဟာ ယနေ့မှာ အင်္ဂလန်ကို လာရောက်ပြီး ဆန်းချက်ဇ်အတွက် ယူနိုက်တက်အသင်းနဲ့ တွေဆုံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ [Sky Italy]
ယူနိုက်တက် နောက်ခံလူ မားကိုစ့်ရိုဟိုဟာ တူရကီကလပ် ဖီနာဘာချီအသင်းထံသို့ အငှားဖြင့် ထွက်ခွာခွင့်ပြုရန် ယူနိုက်တက်အသင်းကို တောင်းဆိုသွားမည်ဖြစ်ပါတယ်။ ရိုဟိုဟာ ပုံမှန်နေရာ ရရှိနိုင်သော ဥရောပကလပ် တစ်သင်းသင်းတွင် ကစားလိုပြီး အဲဗာတန်အသင်းထံသို့ အပြောင်းအရွှေ့ပျက်ခဲ့ရသည့်အတွက် စိတ်ပျက်နကြောင်း သိရှိရပါသည်။ [mail]
ယူနိုက်တက်အသင်း နည်းပြဆိုးလ်ရှားက တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖိုဒ့်ဟာ တိုက်စစ်မှူးဟောင်း စီရော်နယ်ဒိုကဲ့သို့ တစ်ရာသီအတွင်း သွင်းဂိုး (၄၀) အထိ သွင်းယူနိုင်ဖို့ မျှော်လင့်နေပြီး အထောင်တိုက်စစ်မှူးနေရာတွင် နေရာပိုမို ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ [mail]
ဆိုးလ်ရှားက အသင်းတိုက်စစ်မှူးတွေဖြစ်တဲ့ ရပ်ရှ်ဖိုဒ့် နဲ့ မာရှယ်တို့ကို တစ်ဦးနဲ့တစ်ဦး နားလည်မှု ပိုမိုရရှိစေရန် နှစ်ယောက်အတူ အချိန်ပို လေ့ကျင့်မှုတွေ ပြုလုပ်စေခဲ့ပြီး သူတို့နှစ်ယောက် တိုက်စစ်အတွဲဟာ ပြိုင်ဘက်အသင်းတွေကို ဒုက္ခပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ [Sun]