Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ဆန္းခ်က္၊ ယူႏိုက္တက္နဲ႔ အင္တာမီလန္ အေျပာင္းအေရႊ႕ ဇာတ္လမ္း

[Zawgyi Version]

ယူႏိိုက္တက္တိုက္စစ္မွဴး ဆန္းခ်က္ဟာ အင္တာအသင္းကို ေျပာင္းေရႊ႕ဖို႔ အလံုးစံု သေဘာတူညီမွု ရျပီီးျပီလို႔ သတင္းေတြက ဆိုပါတယ္။ ဆန္းခ်က္ဟာ အာဆင္နယ္အသင္းကေန ယူႏိုက္တက္အသင္းကို လြန္ခဲ့တဲ့ ၁၈ လေလာက္ကမွ ေျပာင္းေရႊ႕လာသူ ျဖစ္ပါတယ္။

တစ္ပတ္လုပ္ခ လခ ေပါင္ ၃ သိန္းခြဲ ရရွိေနတဲ့ ဆန္းခ်က္ဟာ ေပးရတဲ့ လခနဲ႔ ထိုက္တန္တဲ့ ေျခစြမ္းမရွိ သလို ဒဏ္ရာ အနာတရ ျဖစ္တာလည္း မ်ားေနတာေၾကာင့္ ေ၀ဖန္မွုမ်ားစြာကို ခံေနရပါတယ္။ Gianluca Di Marzio ရဲ့ ေဖာ္ျပခ်က္အရေတာ့ ဆန္းခ်က္တစ္ေယာက္ ဆန္ဇီရိုကို ေရာက္ရွိဖို႔ ဆိုတာ ၂၄ နာရီအတြင္း ျဖစ္သြားႏုိင္တယ္လို႔ ဆိုပါတယ္။

ဆန္းခ်က္ရဲ့ ေအးဂ်င့္ျဖစ္သူဟာ လန္ဒန္ကို ေရာက္ရွိေနျပီး ယူႏိုက္တက္အသင္းနဲ႔ ဆန္းခ်က္တစ္ေယာက္ အင္တာမီလန္ေျပာင္းဖို႔ ကိစၥအတြက္ ေတြ႕ဆံုေဆြးေႏြးေနျပီ ျဖစ္ပါတယ္။ ဆန္းခ်က္ကို အင္တာမီလန္အသင္းကို အငွားစာခ်ဴပ္နဲ႔ ေခၚဆိုမွာ ျဖစ္ျပီး ၁၂ လ ျပည့္တာနဲ႔ မ၀ယ္မေနရဆိုတဲ့ သေဘာတူညီခ်က္တစ္ခု ထည့္သြင္း ခ်ဴပ္ဆိုသြားဖို႔ ရွိေနပါတယ္။

သိုို႔ေပမယ့္ ယူႏိုက္တက္အသင္းဟာ အဆုိပါ ကမ္းလွမ္းခ်က္ကို လက္ခံဖို႔ မလက္ခံဖုိ႔ဆိုတာကေတာ့ ေသခ်ာမွု မရွိေသးပါဘူး။ အဂၤလန္ပရီးမီးယားလိဂ္ရဲ့ အေျပာင္းအေရႊ႕ေစ်းကြက္က ပိတ္သြားျပီမို႔ ခ်ီလီတုိက္စစ္မွဴး ဆန္းခ်က္အတြက္ အစားထုိးဖို႔ ကစားသမား ေခၚယူဖို႔ဆိုတာ မျဖစ္ႏုိင္ေတာ့ပါဘူး။

တစ္ဖက္က ျပန္ၾကည့္ရင္လည္း ယူႏိုက္တက္အသင္းသားေတြအတြင္း စည္းလံုးမွု ျပိဳကြဲေစတဲ့ အဓိက တရားခံလို႔ ေျပာရမယ့္ ယူႏိုက္တက္ရဲ့ လုပ္ခ လခ အမ်ားဆံုး ကစားသမားကို ေရာင္းထုတ္ခြင့္ ရမွာကေတာ့ မက္ေလာက္စရာျဖစ္ေနပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္ရဲ့ အကယ္ဒမီထြက္ တိုက္စစ္အားသန္ လူငယ္ကစားသမားေလးေတြရဲ့ ေျခစြမ္းေျခစဟာလည္း အေတာ္ေလး အလားအလာရွိေနတာေၾကာင့္ ပရိသတ္အခ်ိဳ႕ကေတာ့ ဆန္းခ်က္ကို ေရာင္းထုတ္ျပီး လူငယ္ေတြကို အခြင့္အေရး ေပးေစခ်င္ေနၾကပါတယ္။

အခုအခ်ိန္မွာ ယူႏိုက္တက္အသင္းအေနနဲ႔ ဆန္းခ်က္ကို ေရာင္းထုတ္ျပီး သူ႔ကို ေပးရတဲ့ လုပ္ခလခ တစ္ပတ္ ေပါင္ ၃ သိန္းခြဲနဲ႔ အျခား ကုန္က်စားရိတ္ေတြကို စုထားမယ္ဆိုရင္ေတာင္ လာမယ့္ အေျပာင္းအေရႊ႕မွာ ကစားသမားသစ္ ၀ယ္ယူလို႔ ရေလာက္တယ္ဆိုတဲ့ သံုးသပ္ခ်က္ေတြလည္း ရွိေနပါတယ္။

အင္တာမီလန္အသင္းရဲ့ ဆန္းခ်က္အေပၚ ကမ္းလွမ္းခ်က္ဟာ အခု အေျပာင္းအေရႊ႕အတြက္ ယူႏုိက္တက္အသင္း ရရွိတဲ့ အေကာင္းဆံုး အခြင့္အေရး တစ္ခု ျဖစ္ေနျပီး အဆုိပါ အခြင့္အေရးကို ယူႏိုက္တက္အသင္းအေနနဲ႔ အမိအရ အသံုးခ် မခ်ဆုိတာကေတာ့ ဆိုးလ္ရွားနဲ႔ ယူႏုိက္တက္ ဘုတ္အဖြဲ႔ေပၚသာ လံုး၀ မူတည္ေနတာ ျဖစ္ပါတယ္။

ယူႏိုက္တက္ ပရိသတ္ျဖစ္တဲ့ ညီအကိုတို႔ အေနနဲ႔ေရာ ဆန္းခ်က္ကို ေရာင္းသင့္ မေရာင္းသင့္ ကြန္မန္႔မွာ ၀င္ေရာက္ေဆြးေႏြးေပးဖို႔ ဖိတ္ေခၚပါတယ္ဗ်ာ။

[Unicode Version]

ယူနိုက်တက်တိုက်စစ်မှူး ဆန်းချက်ဟာ အင်တာအသင်းကို ပြောင်းရွှေ့ဖို့ အလုံးစုံ သဘောတူညီမှု ရပြီးပြီလို့ သတင်းတွေက ဆိုပါတယ်။ ဆန်းချက်ဟာ အာဆင်နယ်အသင်းကနေ ယူနိုက်တက်အသင်းကို လွန်ခဲ့တဲ့ ၁၈ လလောက်ကမှ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

တစ်ပတ်လုပ်ခ လခ ပေါင် ၃ သိန်းခွဲ ရရှိနေတဲ့ ဆန်းချက်ဟာ ပေးရတဲ့ လခနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမရှိ သလို ဒဏ်ရာ အနာတရ ဖြစ်တာလည်း များနေတာကြောင့် ဝေဖန်မှုများစွာကို ခံနေရပါတယ်။ Gianluca Di Marzio ရဲ့ ဖော်ပြချက်အရတော့ ဆန်းချက်တစ်ယောက် ဆန်ဇီရိုကို ရောက်ရှိဖို့ ဆိုတာ ၂၄ နာရီအတွင်း ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဆန်းချက်ရဲ့ အေးဂျင့်ဖြစ်သူဟာ လန်ဒန်ကို ရောက်ရှိနေပြီး ယူနိုက်တက်အသင်းနဲ့ ဆန်းချက်တစ်ယောက် အင်တာမီလန်ပြောင်းဖို့ ကိစ္စအတွက် တွေ့ဆုံဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ဆန်းချက်ကို အင်တာမီလန်အသင်းကို အငှားစာချူပ်နဲ့ ခေါ်ဆိုမှာ ဖြစ်ပြီး ၁၂ လ ပြည့်တာနဲ့ မဝယ်မနေရဆိုတဲ့ သဘောတူညီချက်တစ်ခု ထည့်သွင်း ချူပ်ဆိုသွားဖို့ ရှိနေပါတယ်။

သို့ပေမယ့် ယူနိုက်တက်အသင်းဟာ အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံဖို့ မလက်ခံဖို့ဆိုတာကတော့ သေချာမှု မရှိသေးပါဘူး။ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက်က ပိတ်သွားပြီမို့ ချီလီတိုက်စစ်မှူး ဆန်းချက်အတွက် အစားထိုးဖို့ ကစားသမား ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

တစ်ဖက်က ပြန်ကြည့်ရင်လည်း ယူနိုက်တက်အသင်းသားတွေအတွင်း စည်းလုံးမှု ပြိုကွဲစေတဲ့ အဓိက တရားခံလို့ ပြောရမယ့် ယူနိုက်တက်ရဲ့ လုပ်ခ လခ အများဆုံး ကစားသမားကို ရောင်းထုတ်ခွင့် ရမှာကတော့ မက်လောက်စရာဖြစ်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် တိုက်စစ်အားသန် လူငယ်ကစားသမားလေးတွေရဲ့ ခြေစွမ်းခြေစဟာလည်း အတော်လေး အလားအလာရှိနေတာကြောင့် ပရိသတ်အချို့ကတော့ ဆန်းချက်ကို ရောင်းထုတ်ပြီး လူငယ်တွေကို အခွင့်အရေး ပေးစေချင်နေကြပါတယ်။

အခုအချိန်မှာ ယူနိုက်တက်အသင်းအနေနဲ့ ဆန်းချက်ကို ရောင်းထုတ်ပြီး သူ့ကို ပေးရတဲ့ လုပ်ခလခ တစ်ပတ် ပေါင် ၃ သိန်းခွဲနဲ့ အခြား ကုန်ကျစားရိတ်တွေကို စုထားမယ်ဆိုရင်တောင် လာမယ့် အပြောင်းအရွှေ့မှာ ကစားသမားသစ် ဝယ်ယူလို့ ရလောက်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

အင်တာမီလန်အသင်းရဲ့ ဆန်းချက်အပေါ် ကမ်းလှမ်းချက်ဟာ အခု အပြောင်းအရွှေ့အတွက် ယူနိုက်တက်အသင်း ရရှိတဲ့ အကောင်းဆုံး အခွင့်အရေး တစ်ခု ဖြစ်နေပြီး အဆိုပါ အခွင့်အရေးကို ယူနိုက်တက်အသင်းအနေနဲ့ အမိအရ အသုံးချ မချဆိုတာကတော့ ဆိုးလ်ရှားနဲ့ ယူနိုက်တက် ဘုတ်အဖွဲ့ပေါ်သာ လုံး၀ မူတည်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက် ပရိသတ်ဖြစ်တဲ့ ညီအကိုတို့ အနေနဲ့ရော ဆန်းချက်ကို ရောင်းသင့် မရောင်းသင့် ကွန်မန့်မှာ ဝင်ရောက်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။