မန္ခ်က္စတာယူႏိုက္တက္ သတင္းတိုမ်ား ၾသဂုတ္ ၁၉

[Zawgyi Version]

ပရီးမီးယားလိဂ္ပြဲစဥ္ ၁ အျပီးမွာေတာ့ ယူႏိုက္တက္အသင္း ပရိသတ္ေတြရဲ့ ေမွ်ာ္လင့္ခ်က္ဟာ အေတာ္ျမင့္မားလာခဲ့တယ္လို႔ စစ္တမ္းတစ္ရပ္က ဆိုပါတယ္။

အန္ဒါ ဟာရဲယားတစ္ေယာက္ ပီအက္ဂ်ီအသင္းကို ေျပာင္းေရႊ႕သြားျပီးေနာက္ ယူႏိုက္တက္ ပရိသတ္ေတြဟာ အသင္းအေပၚကို စိတ္ပ်က္ေနၾကျပီး ယူႏိုက္တက္အသင္းဟာ ျပဳျပင္ေျပာင္းလဲမွု မ်ားစြာ ျပဳလုပ္ဖို႔ လုိေနျပီး အနည္းဆံုး ကစားသမား ၆ ေယာက္္ေလာက္ ေခၚမွသာ ရာသီအသစ္မွာ ပရီးမီးယားလိဂ္ အဆင့္ ၄ အတြင္း ၀င္ႏုိင္မယ္လုိ႔ ယူဆခဲ့ၾကပါတယ္။

သို႔ေပမယ့္ ယူႏုိက္တက္အသင္းဟာ အေျပာင္းအေရႊ႕ေစ်းကြက္မွာ ကစားသမား ေျမာက္မ်ားစြာ မ၀ယ္ခဲ့ပဲ လိုအပ္မယ္ထင္္တဲ့ ကစားသမားေတြကိုသာ စိတ္ရွည္လက္ရွည္နဲ႔ ေစာင့္စား၀ယ္ယူခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ့ အျပစ္တင္ျခင္း မခ်င့္မရဲ ျဖစ္ျခင္းမ်ားကို ခံခဲ့ရပါတယ္။

ဒန္နီရယ္ ဂ်ိမ္းစ္၊ အာရြန္ ၀မ္ ဘစ္ဆာကာနဲ႔ ဗဟိုခံစစ္မွဴး ဟယ္ရီမက္ဂြဲယားတိုိ႔ေလာက္ပဲ ေခၚယူထားတဲ့ ယူႏိုက္တက္အသင္းကို ပရိသတ္ေတြက သေဘာမက်ခဲ့ၾကပါဘူး။ ပရိသတ္မ်ားက ကြင္းလယ္တစ္ေယာက္နဲ႔ တုိက္စစ္တစ္ေယာက္ အနည္းဆံုး ထပ္မံေခၚေစခ်င္ခဲ့ၾကတာပါ။

သိို႔ေပမယ့္ ရာသီအၾကိဳ ေျခစမ္းပြဲေတြနဲ႔ ပရီးမီယားလိဂ္္ ပြဲစဥ္ ၁ အျပီးမွာေတာ့ ပရိသတ္ေတြရဲ့ အျမင္က ေျပာင္းလဲ သြားျပီ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းရဲ့ ကစားသမားအသစ္ ၃ ေယာက္စလံုးဟာ ေျခစြမ္းျပခဲ့ျပီး အႏုိင္ရလာဒ္ကို ေဖာ္ေဆာင္ေပးခဲ့သလို ကလပ္အသင္းရဲ့ လူူငယ္အကယ္ဒမီထြက္ ကစားသမားေလးမ်ားဟာလည္း ထုိက္သင့္တဲ့ ေျခစြမ္းျပသခဲ့ၾကပါတယ္။

ငယ္ေမြးျခံေပါက္ျဖစ္တဲ့ ေတာ္မီေနးရဲ့ ေျခစြမ္းကို ပရိသတ္မ်ားက သေဘာက်ခဲ့ၾကျပီး ေမဆင္ ဂရင္း၀ုဒ္၊ တာဟစ္ေခ်ာင္တို႔ကိုလည္း ပရိသတ္မ်ားက သေဘာက် ႏွစ္သက္ခဲ့ၾကပါတယ္။

အသင္းရဲ့ အေတြ႕အၾကံဳအရင့္ဆံုုး တိုက္စစ္မွဴး ျဖစ္တဲ့ ဆန္းခ်က္တစ္ေယာက္ အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕မယ္လို႔ သတင္းထြက္ေနတာေတာင္ အသင္းပရိသတ္ေတြက ဆန္းခ်က္ကို လက္လႊတ္ေစခ်င္ျပီး လူငယ္ေတြကို ေနရာေပးေစခ်င္တဲ့ အထိ အကယ္ဒမီထြက္ ကစားသမားေတြအေပၚ ယူႏိုက္တက္ ပရိသတ္ေတြရဲ့ ေမွ်ာ္လင့္္ခ်က္နဲ႔ ယံုၾကည္ခ်က္က ျမင့္မားခဲ့ၾကပါတယ္။

ပရီးမီးယားလိဂ္ အင္အားၾကီး အသင္းတစ္သင္းျဖစ္တဲ့ ခ်ယ္ဆီးအသင္းကို ၄ ဂိုးျပတ္ အႏုိင္ရရွိခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ့ ေမွ်ာ္္လင့္ခ်က္နဲ႔ ယံုၾကည္ခ်က္ ျမင့္မားေနတာကို ဆိုးလ္ရွားက နားလည္လက္ခံေပမယ့္ သတိေပး စကားဆိုခဲ့ပါတယ္။ အသင္းဟာ ငယ္ရြယ္တဲ့ အသင္္းတစ္သင္းျဖစ္ေနတာေၾကာင့္ စိတ္ရွည္သည္းခံေပးဖို႔ လည္း လိုိုအပ္တယ္လို႔ သတိိေပးခဲ့တာ ျဖစ္ပါတယ္။

ဆိိုးလ္ရွားက ဒန္ ( ဒန္နီရယ္ ဂ်ိမ္း ) ဟာ အရန္ခံုက ထလာျပီး ဂိုးသြင္းယူႏိုင္ခဲ့တာဟာ အလြန္ေကာင္းပါတယ္။ ဒီလို ဂိုးသြင္းလိုက္ႏုိုင္တာေၾကာင့္ သူ႔ထမ္းပိုးထားရတဲ့ ၀န္ထုပ္၀န္ပိုးေတြကို ေလ်ာ့ခ်ႏုိင္လုိက္ျပီး သူ႔အေနနဲ႔လည္း သူသာ ဒီလို ပံုမွန္ ကစားႏုိင္ျပီး စြမ္းေဆာင္ႏုိင္မယ္ဆိုရင္ အားလံုး အဆင္ေျပသြားမွာပဲ ဆုိျပီး စိတ္သက္သာရာ ရသြားႏုိင္ပါတယ္။ ဖိအားေတြကို ရင္ဆိုင္ႏုိင္ဖို႔ လိုအပ္တာေၾကာင့္ ဒီဖိအားေတြကို ရင္ဆိုင္ ကိုင္တြယ္ႏုိင္ရမွာပါ။

အသင္းရဲ့ လူငယ္ကစားသမားအားလံုးကို မွာၾကားခ်င္တာကေတာ့ Just be yourselves ( ကိုယ့္ကိုယ္ကို ကိုုယ္ ျဖစ္ဖို႔ပါပဲ ) ( ဘာသာျပန္ရခက္လို႔ အဂၤလိိပ္လုိ ထည့္ေပးထားပါတယ္။ အားလံုးနားလည္မွာပါ။ ) ယူႏိုက္တက္ ပရိသတ္ေတြဟာ ကစားသမားအသစ္ေတြအေပၚ အထင္္ၾကီးေလးစားတာဟာလည္း ေကာင္းမြန္တဲ့ လကၡဏာပါ လို႔ ဆိုးလ္ရွားက သံုးသပ္ ေျပာဆုိုလုိက္ပါတယ္။

၀ုဗ္နဲ႔ ပြဲမွာ ယူႏိုုက္တက္အသင္း အေနနဲ႔ 4-4-2 ကစားကြက္္နဲ႔ ပြဲထြက္ဖြယ္ ရွိေနျပီး ျဖစ္ႏုိင္ဖြယ္္ ကစားသမား စာရင္းကေတာ့ ဂိုး ဒီဂီယာ၊ ေနာက္တန္း ေရွာ၊ မက္ဂြဲယား၊ လင္ဒီေအာ့၊ ဘစ္ဆာကာ၊ အလယ္တန္း ေတာ္မီေနး၊ မာတစ္၊ ေပါ့ဘာ၊ လင္ဂတ္ တို႔ ျဖစ္ျပီး တိုက္စစ္မွာေတာ့ ရက္ဖို႔ဒ္နဲ႔ မာရွယ္္တုိ႔ကို ပြဲထုတ္လာမွာ ျဖစ္ပါတယ္။

ပြဲခ်ိန္အတြင္း ျဖစ္ႏုိုိင္တဲ့ ကစားသမား အေျပာင္းအလဲမွာေတာ့ ၄-၃-၃ ကစားကြက္္နဲ႔ တုိက္စစ္မွာ မာရွယ္အေထာင္၊ ဘယ္ေတာင္ပံ ရက္ဖို႔ဒ္၊ ညာေတာင္ပံ ဂ်ိမ္းနဲ႔ ကြင္းလယ္မွာေတာ့ ႏွစ္ေယာက္တန္း ခံစစ္အကူအျဖစ္ ေပါ့ဘာနဲ႔ ေတာ္မီေနး Position 10 အျဖစ္ မာတာက ကစားကြက္ ေဖာ္ေဆာင္ဖုိ႔ အတြက္ ပြဲထြက္လာႏုိုင္ပါတယ္။

ယူႏိုုက္တက္အသင္းရဲ့ ပ်မ္းမွ်အသက္ဟာ ငယ္ရြယ္တာေၾကာင့္ သက္လံုေကာင္းေကာင္္းနဲ႔ ၀ုဗ္အသင္းကို ပြဲခ်ိန္ျပည့္ ကစားရွိန္ အတင္အခ်ေတြနဲ႔ ထိမ္းေက်ာင္း ကစားသြားႏုိင္ပါတယ္။ ေရွာနဲ႔ ရက္ဖုိ႔ဒ္တုိ႔ရဲ့ ဘယ္ေတာင္ပံနဲ႔ ဘစ္ဆာကာနဲ႔ ဂ်ိမ္းတုိ႔ရဲ့ ညာေတာင္ပံ၊ ေတာင္ပံ ၂ ဘက္ဟာ အတက္အဆင္း ကစားႏုိုင္တဲ့ လူူငယ္ေတြ ျဖစ္တာေၾကာင့္ ေတာင္ပံကေန တုိက္စစ္ဆင္ ကစားသြားႏိုင္ပါတယ္။

Man U News ဆိုတဲ့ ၀က္ဆိုဒ္ရဲ့ ေဖာ္ျပခ်က္အရ တစ္ပတ္ကို ေပါင္ ၅ သိန္း ၅ ေထာင္ခန္႔ ကုန္က်ေနရတဲ့ ယူႏိုက္တက္ တိုက္စစ္မွဴး ဆန္းခ်က္ကို ယူႏိုက္တက္ အသင္းက ေရာင္းခ်ႏုိင္ေခ် ရွိတယ္လို႔ ဆိုပါတယ္။

အခ်က္အလက္ေတြနဲ႔ ေဖာ္ျပထားခ်က္အရေတာ့ အားသာခ်က္ ၂ ခ်က္မွာေတာ့ ၁ ဆန္းခ်က္အတြက္ တစ္ပတ္ ေပါင္ ၅ သိန္း ၅ ေထာင္ခန္႔ သက္သာႏုိင္မွာ ျဖစ္တယ္။ ၂ ေမဆင္ ဂရင္း၀ုဒ္နဲ႔ တာဟစ္ေခ်ာင္တို႔ဟာ အေတြ႕အၾကံဳပဲ လိုအပ္ေနတဲ့ ကစားသမားေတြ ျဖစ္ျပီး အေတြ႕အၾကံဳရင့္က်က္လာတာနဲ႔ အမွ် အားကိုးလို႔ ရမယ့္ ေျခစြမ္းေခ်စ ရွိသူေတြ ျဖစ္ၾကပါတယ္။

အားနည္းခ်က္ ျဖစ္သြားႏုိင္တဲ့ အခ်က္ ၃ ခ်က္ရွိေနပါတယ္။ ၁ ဆိုးလ္ရွားဟာ လူကာကူကို ေရာင္းထုတ္ထားျပီး ျဖစ္တာေၾကာင့္ အသင္းမွာ အေတြ႕အၾကံဳရင့္တဲ့ တုိက္စစ္မွဴး လိုအပ္ေနပါတယ္။ မာရွယ္နဲ႔ ရက္ဖို႔ဒ္တုိ႔ဟာ ငယ္ရြယ္ျပီး အေတြ႕အၾကံဳ မရင့္က်က္ေသးတာေၾကာင့္ အေရးအေၾကာင္း က်ဥ္းထဲ က်ပ္ထဲမွာ အားကိုးရမယ့္ ၀ါရင့္ အေတြ႕အၾကံဳရင့္ တိုက္စစ္မွဴး လိုအပ္ပါတယ္။

ေနာက္ထပ္ အခ်က္ တစ္ခ်က္ကေတာ့ အင္တာမီလန္ အသင္းနဲ႔ အငွား + မ၀ယ္မေနရ ဆိုတာကို မျဖစ္မေန ထည့္သြင္း ခ်ဴပ္ဆိုဖို႔ လိုိအပ္ေနျပီး အဆိုပါအခ်က္ကို ထည့္သြင္း မခ်ဴပ္ဆုိႏုိင္ခဲ့ရင္ အငွားစာခ်ဴပ္ ျပည့္တာနဲ႔ ယူႏိုက္တက္အသင္းအေနနဲ႔ ဒံုရင္း ဒံုရင္း ျပန္ျဖစ္သြားႏိုင္တာပါပဲ။ ( ေနာက္ဆံုးရရွိထားတဲ့ သတင္းအရေတာ့ ၁၂ လအငွား + ေပါင္ ၁၄ သန္းနဲ႔ မ၀ယ္မေနရ ျဖစ္ပါတယ္။ )

ေနာက္ဆံုးတစ္ခ်က္ကေတာ့ အေပၚမွာ ေျပာခဲ့ဖူးတာနဲ႔ ခပ္ဆင္ဆင္ပါပဲ။ ဆန္းခ်က္ရဲ့ အေတြ႕အၾကံဳကို လိုက္မွီတဲ့ တုိက္စစ္မွဴး ယူႏုိက္တက္အသင္းမွာ မရွိပါဘူး။ ဆန္းခ်က္ဟာ ပရီးမီးယားလိဂ္ ၁၅၄ ပြဲ ကစားထားျပီး ခ်ီလီလက္ေရြးစင္အသင္းမွာ ပြဲေပါင္းး ၁၃၀ ကစားထားတဲ့ ၀ါရင့္အေတြ႕အၾကံရင့္ ကစားသမား ျဖစ္ပါတယ္္။ မာရွယ္၊ ရက္ဖို႔ဒ္၊ ဂ်ိမ္း၊ တာဟစ္ေခ်ာင္၊ ေမဆင္ ဂရင္း၀ု အားလံုးေပါင္းထားတဲ့ အေတြ႕အၾကံဳကေတာင္ ဆန္းခ်က္ကို မွီဖို႔ မလြယ္ပါဘူး။

ဆန္းခ်က္ရဲ့ အသက္က ၃၀ ျဖစ္တာေၾကာင့္ တုိက္စစ္မွဴးတစ္ေယာက္အေနနဲ႔ အေကာင္းဆံုးအခ်ိန္လို႔ ဆိုရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဆန္းခ်က္ကို ယူနိုက္တက္က ထြက္ခြာခြင့္ေပးဖို႔ ဆိုတာဟာ ထင္သေလာက္ မလြယ္ကူပဲ ထည့္သြင္းစဥ္းစားစရာ အေျမာက္အမ်ားရွိေနတာေၾကာင့္ ယူႏိုက္တက္ ဘုတ္အဖြဲ႔က ဘယ္လိုဆံုးျဖတ္မလဲ ဆိုတာကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ယူႏိိုက္္တက္အသင္းဟာ ဗဟိုခံစစ္မွဴး ၂ ဦးကို ေရာင္းထုတ္ဖုိ႔ ရွိေနျပီး မာကို႔စ္ ရိုဂ်ိဳရဲ့ အေျပာင္းအေရႊ႕က အနီးစပ္ဆံုးျဖစ္ခဲ့ပါတယ္။ သို႔ေပမယ့္ ေျပာင္းကာနီး ေနာက္ဆံုး မိနစ္မွာေတာ့ ယူႏိုက္တက္အသင္းပိုင္ရွင္ေတြ ျဖစ္တဲ့ Joel နဲ႔ Avram Glazer ( ဂ်ိဳအယ္ ဂေလဇာ ႏွင့္ ေအဗရန္ ဂေလဇာ ) တို႔ ၂ ဦးက ပိတ္ပင္တားစီီးလိုက္တာေၾကာင့္ အေျပာင္းအရႊ႕ ပ်က္ျပယ္သြားခဲ့ပါတယ္။

ရုိဂ်ိဳကို အဲဗာတန္အသင္းက ငွားဖို႔ ၾကိဳးစားခဲ့တာ ျဖစ္ျပီီး အဲဗာတန္အသင္းကို ရိုဂ်ိဳကို အငွားခ်လုိက္ရင္ ယူႏိုက္တက္အသင္းရဲ့ အဆင့္ ၄ အတြင္း ၀င္ဖုိ႔ ၾကိဳးစားရမွာ အဲဗာတန္အသင္းက ဆူးေညွာင့္ခလုပ္ ျဖစ္သြားႏုိင္တာေၾကာင့္ တားျမစ္ခ့ဲတာလို႔ ဆိုိပါတယ္။

ဟိုးအရင္ကေတာ့ အငွားခ်ရာမွာ မိခင္ ကလပ္နဲ႔ ေတြ႕ရင္ ကစားသမားကို ထည့္သြင္းျခင္းမျပဳရဆုိတဲ့ အခ်က္ကို ထည့္သြင္း ခ်ဴပ္ဆိုေလ့ ရွိေပမယ့္ အခုအခါမွာေတာ့ အဂၤလန္ ေဘာလံုးအဖြဲ႕ခ်ဴပ္က အဆိုပါအခ်က္ကို ထည့္သြင္းခ်ဴပ္ဆိုခြင့္ မျပဳေတာ့ပါဘူး။

[Unicode Version]

ပရီးမီးယားလိဂ်ပွဲစဉ် ၁ အပြီးမှာတော့ ယူနိုက်တက်အသင်း ပရိသတ်တွေရဲ့ မျှော်လင့်ချက်ဟာ အတော်မြင့်မားလာခဲ့တယ်လို့ စစ်တမ်းတစ်ရပ်က ဆိုပါတယ်။

အန်ဒါ ဟာရဲယားတစ်ယောက် ပီအက်ဂျီအသင်းကို ပြောင်းရွှေ့သွားပြီးနောက် ယူနိုက်တက် ပရိသတ်တွေဟာ အသင်းအပေါ်ကို စိတ်ပျက်နေကြပြီး ယူနိုက်တက်အသင်းဟာ ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်ဖို့ လိုနေပြီး အနည်းဆုံး ကစားသမား ၆ ယောက်လောက် ခေါ်မှသာ ရာသီအသစ်မှာ ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ဝင်နိုင်မယ်လို့ ယူဆခဲ့ကြပါတယ်။

သို့ပေမယ့် ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမား မြောက်များစွာ မဝယ်ခဲ့ပဲ လိုအပ်မယ်ထင်တဲ့ ကစားသမားတွေကိုသာ စိတ်ရှည်လက်ရှည်နဲ့ စောင့်စားဝယ်ယူခဲ့တာကြောင့် ပရိသတ်တွေရဲ့ အပြစ်တင်ခြင်း မချင့်မရဲ ဖြစ်ခြင်းများကို ခံခဲ့ရပါတယ်။

ဒန်နီရယ် ဂျိမ်းစ်၊ အာရွန် ဝမ် ဘစ်ဆာကာနဲ့ ဗဟိုခံစစ်မှူး ဟယ်ရီမက်ဂွဲယားတို့လောက်ပဲ ခေါ်ယူထားတဲ့ ယူနိုက်တက်အသင်းကို ပရိသတ်တွေက သဘောမကျခဲ့ကြပါဘူး။ ပရိသတ်များက ကွင်းလယ်တစ်ယောက်နဲ့ တိုက်စစ်တစ်ယောက် အနည်းဆုံး ထပ်မံခေါ်စေချင်ခဲ့ကြတာပါ။

သို့ပေမယ့် ရာသီအကြို ခြေစမ်းပွဲတွေနဲ့ ပရီးမီယားလိဂ် ပွဲစဉ် ၁ အပြီးမှာတော့ ပရိသတ်တွေရဲ့ အမြင်က ပြောင်းလဲ သွားပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ကစားသမားအသစ် ၃ ယောက်စလုံးဟာ ခြေစွမ်းပြခဲ့ပြီး အနိုင်ရလာဒ်ကို ဖော်ဆောင်ပေးခဲ့သလို ကလပ်အသင်းရဲ့ လူူငယ်အကယ်ဒမီထွက် ကစားသမားလေးများဟာလည်း ထိုက်သင့်တဲ့ ခြေစွမ်းပြသခဲ့ကြပါတယ်။

ငယ်မွေးခြံပေါက်ဖြစ်တဲ့ တော်မီနေးရဲ့ ခြေစွမ်းကို ပရိသတ်များက သဘောကျခဲ့ကြပြီး မေဆင် ဂရင်းဝုဒ်၊ တာဟစ်ချောင်တို့ကိုလည်း ပရိသတ်များက သဘောကျ နှစ်သက်ခဲ့ကြပါတယ်။

အသင်းရဲ့ အတွေ့အကြုံအရင့်ဆုံး တိုက်စစ်မှူး ဖြစ်တဲ့ ဆန်းချက်တစ်ယောက် အင်တာမီလန်အသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေတာတောင် အသင်းပရိသတ်တွေက ဆန်းချက်ကို လက်လွှတ်စေချင်ပြီး လူငယ်တွေကို နေရာပေးစေချင်တဲ့ အထိ အကယ်ဒမီထွက် ကစားသမားတွေအပေါ် ယူနိုက်တက် ပရိသတ်တွေရဲ့ မျှော်လင့််ချက်နဲ့ ယုံကြည်ချက်က မြင့်မားခဲ့ကြပါတယ်။

ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ချယ်ဆီးအသင်းကို ၄ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ချက် မြင့်မားနေတာကို ဆိုးလ်ရှားက နားလည်လက်ခံပေမယ့် သတိပေး စကားဆိုခဲ့ပါတယ်။ အသင်းဟာ ငယ်ရွယ်တဲ့ အသင်းတစ်သင်းဖြစ်နေတာကြောင့် စိတ်ရှည်သည်းခံပေးဖို့ လည်း လိုအပ်တယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဆိုးလ်ရှားက ဒန် ( ဒန်နီရယ် ဂျိမ်း ) ဟာ အရန်ခုံက ထလာပြီး ဂိုးသွင်းယူနိုင်ခဲ့တာဟာ အလွန်ကောင်းပါတယ်။ ဒီလို ဂိုးသွင်းလိုက်နိုင်တာကြောင့် သူ့ထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျော့ချနိုင်လိုက်ပြီး သူ့အနေနဲ့လည်း သူသာ ဒီလို ပုံမှန် ကစားနိုင်ပြီး စွမ်းဆောင်နိုင်မယ်ဆိုရင် အားလုံး အဆင်ပြေသွားမှာပဲ ဆိုပြီး စိတ်သက်သာရာ ရသွားနိုင်ပါတယ်။ ဖိအားတွေကို ရင်ဆိုင်နိုင်ဖို့ လိုအပ်တာကြောင့် ဒီဖိအားတွေကို ရင်ဆိုင် ကိုင်တွယ်နိုင်ရမှာပါ။

အသင်းရဲ့ လူငယ်ကစားသမားအားလုံးကို မှာကြားချင်တာကတော့ Just be yourselves ( ကိုယ့်ကိုယ်ကို ကိုယ် ဖြစ်ဖို့ပါပဲ ) ( ဘာသာပြန်ရခက်လို့ အင်္ဂလိပ်လို ထည့်ပေးထားပါတယ်။ အားလုံးနားလည်မှာပါ။ ) ယူနိုက်တက် ပရိသတ်တွေဟာ ကစားသမားအသစ်တွေအပေါ် အထင်ကြီးလေးစားတာဟာလည်း ကောင်းမွန်တဲ့ လက္ခဏာပါ လို့ ဆိုးလ်ရှားက သုံးသပ် ပြောဆိုလိုက်ပါတယ်။

ဝုဗ်နဲ့ ပွဲမှာ ယူနိုက်တက်အသင်း အနေနဲ့ 4-4-2 ကစားကွက်နဲ့ ပွဲထွက်ဖွယ် ရှိနေပြီး ဖြစ်နိုင်ဖွယ် ကစားသမား စာရင်းကတော့ ဂိုး ဒီဂီယာ၊ နောက်တန်း ရှော၊ မက်ဂွဲယား၊ လင်ဒီအော့၊ ဘစ်ဆာကာ၊ အလယ်တန်း တော်မီနေး၊ မာတစ်၊ ပေါ့ဘာ၊ လင်ဂတ် တို့ ဖြစ်ပြီး တိုက်စစ်မှာတော့ ရက်ဖို့ဒ်နဲ့ မာရှယ်တို့ကို ပွဲထုတ်လာမှာ ဖြစ်ပါတယ်။

ပွဲချိန်အတွင်း ဖြစ်နိိုင်တဲ့ ကစားသမား အပြောင်းအလဲမှာတော့ ၄-၃-၃ ကစားကွက်နဲ့ တိုက်စစ်မှာ မာရှယ်အထောင်၊ ဘယ်တောင်ပံ ရက်ဖို့ဒ်၊ ညာတောင်ပံ ဂျိမ်းနဲ့ ကွင်းလယ်မှာတော့ နှစ်ယောက်တန်း ခံစစ်အကူအဖြစ် ပေါ့ဘာနဲ့ တော်မီနေး Position 10 အဖြစ် မာတာက ကစားကွက် ဖော်ဆောင်ဖို့ အတွက် ပွဲထွက်လာနိုင်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ပျမ်းမျှအသက်ဟာ ငယ်ရွယ်တာကြောင့် သက်လုံကောင်းကောင်းနဲ့ ဝုဗ်အသင်းကို ပွဲချိန်ပြည့် ကစားရှိန် အတင်အချတွေနဲ့ ထိမ်းကျောင်း ကစားသွားနိုင်ပါတယ်။ ရှောနဲ့ ရက်ဖို့ဒ်တို့ရဲ့ ဘယ်တောင်ပံနဲ့ ဘစ်ဆာကာနဲ့ ဂျိမ်းတို့ရဲ့ ညာတောင်ပံ၊ တောင်ပံ ၂ ဘက်ဟာ အတက်အဆင်း ကစားနိုင်တဲ့ လူူငယ်တွေ ဖြစ်တာကြောင့် တောင်ပံကနေ တိုက်စစ်ဆင် ကစားသွားနိုင်ပါတယ်။

Man U News ဆိုတဲ့ ဝက်ဆိုဒ်ရဲ့ ဖော်ပြချက်အရ တစ်ပတ်ကို ပေါင် ၅ သိန်း ၅ ထောင်ခန့် ကုန်ကျနေရတဲ့ ယူနိုက်တက် တိုက်စစ်မှူး ဆန်းချက်ကို ယူနိုက်တက် အသင်းက ရောင်းချနိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။

အချက်အလက်တွေနဲ့ ဖော်ပြထားချက်အရတော့ အားသာချက် ၂ ချက်မှာတော့ ၁ ဆန်းချက်အတွက် တစ်ပတ် ပေါင် ၅ သိန်း ၅ ထောင်ခန့် သက်သာနိုင်မှာ ဖြစ်တယ်။ ၂ မေဆင် ဂရင်းဝုဒ်နဲ့ တာဟစ်ချောင်တို့ဟာ အတွေ့အကြုံပဲ လိုအပ်နေတဲ့ ကစားသမားတွေ ဖြစ်ပြီး အတွေ့အကြုံရင့်ကျက်လာတာနဲ့ အမျှ အားကိုးလို့ ရမယ့် ခြေစွမ်းချေစ ရှိသူတွေ ဖြစ်ကြပါတယ်။

အားနည်းချက် ဖြစ်သွားနိုင်တဲ့ အချက် ၃ ချက်ရှိနေပါတယ်။ ၁ ဆိုးလ်ရှားဟာ လူကာကူကို ရောင်းထုတ်ထားပြီး ဖြစ်တာကြောင့် အသင်းမှာ အတွေ့အကြုံရင့်တဲ့ တိုက်စစ်မှူး လိုအပ်နေပါတယ်။ မာရှယ်နဲ့ ရက်ဖို့ဒ်တို့ဟာ ငယ်ရွယ်ပြီး အတွေ့အကြုံ မရင့်ကျက်သေးတာကြောင့် အရေးအကြောင်း ကျဉ်းထဲ ကျပ်ထဲမှာ အားကိုးရမယ့် ဝါရင့် အတွေ့အကြုံရင့် တိုက်စစ်မှူး လိုအပ်ပါတယ်။

နောက်ထပ် အချက် တစ်ချက်ကတော့ အင်တာမီလန် အသင်းနဲ့ အငှား + မဝယ်မနေရ ဆိုတာကို မဖြစ်မနေ ထည့်သွင်း ချူပ်ဆိုဖို့ လိုအပ်နေပြီး အဆိုပါအချက်ကို ထည့်သွင်း မချူပ်ဆိုနိုင်ခဲ့ရင် အငှားစာချူပ် ပြည့်တာနဲ့ ယူနိုက်တက်အသင်းအနေနဲ့ ဒုံရင်း ဒုံရင်း ပြန်ဖြစ်သွားနိုင်တာပါပဲ။ ( နောက်ဆုံးရရှိထားတဲ့ သတင်းအရတော့ ၁၂ လအငှား + ပေါင် ၁၄ သန်းနဲ့ မဝယ်မနေရ ဖြစ်ပါတယ်။ )

နောက်ဆုံးတစ်ချက်ကတော့ အပေါ်မှာ ပြောခဲ့ဖူးတာနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဆန်းချက်ရဲ့ အတွေ့အကြုံကို လိုက်မှီတဲ့ တိုက်စစ်မှူး ယူနိုက်တက်အသင်းမှာ မရှိပါဘူး။ ဆန်းချက်ဟာ ပရီးမီးယားလိဂ် ၁၅၄ ပွဲ ကစားထားပြီး ချီလီလက်ရွေးစင်အသင်းမှာ ပွဲပေါင်းး ၁၃၀ ကစားထားတဲ့ ဝါရင့်အတွေ့အကြံရင့် ကစားသမား ဖြစ်ပါတယ်။ မာရှယ်၊ ရက်ဖို့ဒ်၊ ဂျိမ်း၊ တာဟစ်ချောင်၊ မေဆင် ဂရင်းဝု အားလုံးပေါင်းထားတဲ့ အတွေ့အကြုံကတောင် ဆန်းချက်ကို မှီဖို့ မလွယ်ပါဘူး။

ဆန်းချက်ရဲ့ အသက်က ၃၀ ဖြစ်တာကြောင့် တိုက်စစ်မှူးတစ်ယောက်အနေနဲ့ အကောင်းဆုံးအချိန်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆန်းချက်ကို ယူနိုက်တက်က ထွက်ခွာခွင့်ပေးဖို့ ဆိုတာဟာ ထင်သလောက် မလွယ်ကူပဲ ထည့်သွင်းစဉ်းစားစရာ အမြောက်အများရှိနေတာကြောင့် ယူနိုက်တက် ဘုတ်အဖွဲ့က ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဗဟိုခံစစ်မှူး ၂ ဦးကို ရောင်းထုတ်ဖို့ ရှိနေပြီး မာကို့စ် ရိုဂျိုရဲ့ အပြောင်းအရွှေ့က အနီးစပ်ဆုံးဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် ပြောင်းကာနီး နောက်ဆုံး မိနစ်မှာတော့ ယူနိုက်တက်အသင်းပိုင်ရှင်တွေ ဖြစ်တဲ့ Joel နဲ့ Avram Glazer ( ဂျိုအယ် ဂလေဇာ နှင့် အေဗရန် ဂလေဇာ ) တို့ ၂ ဦးက ပိတ်ပင်တားစီးလိုက်တာကြောင့် အပြောင်းအရွှ့ ပျက်ပြယ်သွားခဲ့ပါတယ်။

ရိုဂျိုကို အဲဗာတန်အသင်းက ငှားဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး အဲဗာတန်အသင်းကို ရိုဂျိုကို အငှားချလိုက်ရင် ယူနိုက်တက်အသင်းရဲ့ အဆင့် ၄ အတွင်း ဝင်ဖို့ ကြိုးစားရမှာ အဲဗာတန်အသင်းက ဆူးညှောင့်ခလုပ် ဖြစ်သွားနိုင်တာကြောင့် တားမြစ်ခဲ့တာလို့ ဆိုပါတယ်။

ဟိုးအရင်ကတော့ အငှားချရာမှာ မိခင် ကလပ်နဲ့ တွေ့ရင် ကစားသမားကို ထည့်သွင်းခြင်းမပြုရဆိုတဲ့ အချက်ကို ထည့်သွင်း ချူပ်ဆိုလေ့ ရှိပေမယ့် အခုအခါမှာတော့ အင်္ဂလန် ဘောလုံးအဖွဲ့ချူပ်က အဆိုပါအချက်ကို ထည့်သွင်းချူပ်ဆိုခွင့် မပြုတော့ပါဘူး။