မန္ခ်က္စတာ ယူႏိုက္တက္ သတင္းတိုမ်ား (၂၂-၀၈-၂၀၁၉)

ယူႏိုက္တက္အသင္းနဲ႔ အင္တာမီလန္အသင္းတို႔ဟာ ယခုခ်ိန္အထိ အလက္ဆစ္ဆန္းခ်က္ဇ္ အေျပာင္းအေ႐ြ႕အတြက္ သေဘာတူညီမႈ မရရွိေသးေပ။

အင္တာမီလန္အသင္းက အငွားကာလအတြင္း ဆန္းခ်က္စ္ရဲ႕ လက္ရွိ ရရွိေနေသာ လစာေငြ တစ္ဝက္ေအာက္ကိုသာ ေလွ်ာ့၍ေပးေခ်လိုေနၿပီး၊ က်န္လစာေငြ တစ္ဝက္ေက်ာ္ကို ယူႏိုက္တက္အသင္းဘက္မွ ေပးေခ်ရန္ ေတာင္းဆိုထားသည္။ ယူႏိုက္တက္ အသင္းဘက္မွလည္း အင္တာမီလန္အသင္းရဲ႕ ေတာင္းဆိုခ်က္မွာ လက္ခံႏိုင္စရာ အေၾကာင္းမရွိဟု ထင္ျမင္ယူဆေနပါတယ္။ [BBC]

အင္တာမီလန္အသင္းထံ ေျပာင္းေရြ့သြားတဲ့ ယူႏိုက္တက္အသင္း တိုက္စစ္မႉးေဟာင္း လူကာကူက ” မႏွစ္က ကြၽန္ေတာ္တို႔အသင္း ကစားပုံ ဆိုး႐ြားခဲ့ပါတယ္။ ကြၽန္ေတာ္ တစ္ေယာက္ထဲ ကစားပုံ ဆိုးဆိုး႐ြား႐ြား ကစားခဲ့တာ မဟုတ္ဘူး။ ဒီလိုမ်ိဳး ကစားပုံ ဆိုး႐ြားတဲ့ အခ်ိန္ေရာက္ရင္ အသင္းပရိတ္သတ္ေတြက ကစားသမား တစ္ေယာက္ေယာက္ကို အျပစ္တင္ဖို႔ ရွာေဖြပါေတာ့တယ္။

ကြၽန္ေတာ့္ေၾကာင့္၊ ေပါ့ဂ္ဘာေၾကာင့္ ဒါမွမဟုတ္ ဆန္းခ်က္ဇ္ေၾကာင့္ ဆိုၿပီး အျပစ္တင္ပါတယ္။ အၿမဲတမ္း ကြၽန္ေတာ္တို႔ (၃) ေယာက္ပဲ အျပစ္တင္ခံေနရပါတယ္။ ဒါဟာ ယူႏိုက္တက္အသင္းကေန ကြၽန္ေတာ္ ထြက္ခြာခဲ့ရတဲ့ အေၾကာင္းအရင္း တစ္ခု ျဖစ္ပါတယ္။ [lightharted podcast]

နယ္သာလန္ ကလပ္အသင္းေတြျဖစ္တဲ့ ဖီယင္ႏုအသင္းနဲ႔ ပီအက္စ္ဗီ အသင္းတို႔ဟာ ယူႏိုက္တက္အသင္းရဲ႕ လူငယ္ကစားသမားေလး တာဟစ္ေခ်ာင္ကို အငွားစာခ်ဳပ္နဲ႔ ေခၚယူႏိုင္ဖို႔ ျပင္ဆင္ေနပါတယ္။ ဒါေပမယ့္ ကစားသမားကိုယ္တိုင္က အဂၤလန္မွာသာ ဆက္ရွိေနလိုၿပီး ယူႏိုက္တက္အသင္းကလည္း သူ႔ကို ႏွစ္ရွည္ စာခ်ဳပ္သက္တမ္းတိုးဖို႔ စီစဥ္ေနပါတယ္။ [vi]

တာဟစ္ေခ်ာင္ရဲ႕ ေအးဂ်င့္ျဖစ္သူ Erkan Alkan ကလည္း သူ႔ရဲ႕ ကစားသမားကို လာလီဂါ နဲ႔ ဘြန္ဒက္စ္လီဂါ ထိပ္သီးအသင္းေတြက ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္လည္း ကားသမားကိုယ္တိုင္က မည္သည့္အသင္းကိုမွ ေျပာင္းေ႐ြ႕မွာ မဟုတ္ပဲ ယူႏိုက္တက္အသင္းမွာသာ သူ႔ရဲ႕ အရည္အေသြးကို ျပသၿပီး ေနရရဖို႔ ဆက္လက္ တိုက္ပြဲဝင္သြားမွာ ျဖစ္တယ္လို႔ ေျပာဆိုသြားပါတယ္။ [mirror]

ဝုလ္ဗ္ႏွင့္ပဲစဥ္တြင္ ပင္နယ္တီ လြဲေခ်ာ္ခဲ့ေသာ ေပါ့ဂ္ဘာအေပၚ လူမ်ိဳးေရးခြဲျခားသည့္ ေရးသားမႈမ်ား twitter ေပၚတြင္ တက္လာသည့္အေပၚ ယူႏိုက္တက္အသင္း တာဝန္ရွိသူမ်ားႏွင့္ twitter မွ တာဝန္ရွိသူမ်ားႏွင့္ လာမည့္ အပါတ္ထဲတြင္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္သြားၾကမည္ျဖစ္ေၾကာင္း သိရပါသည္။ [Sky Sports]

ယူႏိုက္တက္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနေသာ ေနာက္ခံလူ ႐ိုဟိုဟာ တူရကီသတင္းစာမ်ားရဲ႕ ေဖာ္ျပခ်က္အရ ဖီနာဘာခ်ီ အသင္းထံ ေျပာင္းေ႐ြ႕ႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ [mirror]

ယူႏိုက္တက္ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ဟာ လာမည့္လမွာ ယွဥ္ၿပိဳင္ကစားမယ့္ ယူ႐ို (၂၀၂၀) ေျခစစ္ပြဲမ်ားအတြက္ ေဝးလ္စ္အသင္းရဲ႕ လူစာရင္းမွာ ေရြးခ်ယ္ခံထားရေၾကာင္း သိရွိရပါတယ္။ [mirror]

{Unicode Version}

ယူနိုက်တက်အသင်းနဲ့ အင်တာမီလန်အသင်းတို့ဟာ ယခုချိန်အထိ အလက်ဆစ်ဆန်းချက်ဇ် အပြောင်းအရွေ့အတွက် သဘောတူညီမှု မရရှိသေးပေ။

အင်တာမီလန်အသင်းက အငှားကာလအတွင်း ဆန်းချက်စ်ရဲ့ လက်ရှိ ရရှိနေသော လစာငွေ တစ်ဝက်အောက်ကိုသာ လျှော့၍ပေးချေလိုနေပြီး၊ ကျန်လစာငွေ တစ်ဝက်ကျော်ကို ယူနိုက်တက်အသင်းဘက်မှ ပေးချေရန် တောင်းဆိုထားသည်။ ယူနိုက်တက် အသင်းဘက်မှလည်း အင်တာမီလန်အသင်းရဲ့ တောင်းဆိုချက်မှာ လက်ခံနိုင်စရာ အကြောင်းမရှိဟု ထင်မြင်ယူဆနေပါတယ်။ [BBC]

အင်တာမီလန်အသင်းထံ ပြောင်းရွေ့သွားတဲ့ ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း လူကာကူက ” မနှစ်က ကျွန်တော်တို့အသင်း ကစားပုံ ဆိုးရွားခဲ့ပါတယ်။ ကျွန်တော် တစ်ယောက်ထဲ ကစားပုံ ဆိုးဆိုးရွားရွား ကစားခဲ့တာ မဟုတ်ဘူး။ ဒီလိုမျိုး ကစားပုံ ဆိုးရွားတဲ့ အချိန်ရောက်ရင် အသင်းပရိတ်သတ်တွေက ကစားသမား တစ်ယောက်ယောက်ကို အပြစ်တင်ဖို့ ရှာဖွေပါတော့တယ်။

ကျွန်တော့်ကြောင့်၊ ပေါ့ဂ်ဘာကြောင့် ဒါမှမဟုတ် ဆန်းချက်ဇ်ကြောင့် ဆိုပြီး အပြစ်တင်ပါတယ်။ အမြဲတမ်း ကျွန်တော်တို့ (၃) ယောက်ပဲ အပြစ်တင်ခံနေရပါတယ်။ ဒါဟာ ယူနိုက်တက်အသင်းကနေ ကျွန်တော် ထွက်ခွာခဲ့ရတဲ့ အကြောင်းအရင်း တစ်ခု ဖြစ်ပါတယ်။ [lightharted podcast]

နယ်သာလန် ကလပ်အသင်းတွေဖြစ်တဲ့ ဖီယင်နုအသင်းနဲ့ ပီအက်စ်ဗီ အသင်းတို့ဟာ ယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားလေး တာဟစ်ချောင်ကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က အင်္ဂလန်မှာသာ ဆက်ရှိနေလိုပြီး ယူနိုက်တက်အသင်းကလည်း သူ့ကို နှစ်ရှည် စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပါတယ်။ [vi]

တာဟစ်ချောင်ရဲ့ အေးဂျင့်ဖြစ်သူ Erkan Alkan ကလည်း သူ့ရဲ့ ကစားသမားကို လာလီဂါ နဲ့ ဘွန်ဒက်စ်လီဂါ ထိပ်သီးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း ကားသမားကိုယ်တိုင်က မည်သည့်အသင်းကိုမှ ပြောင်းရွေ့မှာ မဟုတ်ပဲ ယူနိုက်တက်အသင်းမှာသာ သူ့ရဲ့ အရည်အသွေးကို ပြသပြီး နေရရဖို့ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ [mirror]

ဝုလ်ဗ်နှင့်ပဲစဉ်တွင် ပင်နယ်တီ လွဲချော်ခဲ့သော ပေါ့ဂ်ဘာအပေါ် လူမျိုးရေးခွဲခြားသည့် ရေးသားမှုများ twitter ပေါ်တွင် တက်လာသည့်အပေါ် ယူနိုက်တက်အသင်း တာဝန်ရှိသူများနှင့် twitter မှ တာဝန်ရှိသူများနှင့် လာမည့် အပါတ်ထဲတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားကြမည်ဖြစ်ကြောင်း သိရပါသည်။ [Sky Sports]

ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသော နောက်ခံလူ ရိုဟိုဟာ တူရကီသတင်းစာများရဲ့ ဖော်ပြချက်အရ ဖီနာဘာချီ အသင်းထံ ပြောင်းရွေ့နိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ [mirror]

ယူနိုက်တက် တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ လာမည့်လမှာ ယှဉ်ပြိုင်ကစားမယ့် ယူရို (၂၀၂၀) ခြေစစ်ပွဲများအတွက် ဝေးလ်စ်အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခံထားရကြောင်း သိရှိရပါတယ်။ [mirror]