ယူႏိုက္တက္အသင္းႏွင့္ ခရစ္စၥတယ္ပဲေလစ့္အသင္းတို႔၏ ပြဲႀကိဳအခ်က္အလက္မ်ားႏွင့္ ျဖစ္ႏိုင္ဖြယ္ ယူႏိုက္တက္ ပြဲထြက္ လူစာရင္း

ထူးျခားအခ်က္အလက္မ်ား

ယူႏိုက္တက္အသင္းဟာ ပဲေလစ့္အသင္းကို အိမ္ကြင္းမွာ ဧည့္ခံကစားရတဲ့ ေနာက္ဆုံး (၁၂) ပြဲမွာ ရႈံးပြဲ လုံးဝမရွိခဲ့ဘဲ (၁၁) ပြဲ တိတိ အႏိုင္ရထားၿပီး (၁) ပြဲသာ သေရက်ကာ ဂိုးမေပးရတဲ့ CLEAN SHEET ပြဲကေတာ့ (၁၁) ပြဲအထိ ရွိခဲ့ပါတယ္။

ပဲေလ့စ္ အသင္းဟာ ယူႏိုက္တက္အသင္းႏွင့္ ပရီးမီးယားလိဂ္ ေတြ႕ဆုံမႈ အႀကိမ္ (၂၀) မွာ ႏိုင္ပြဲ (၁) ပြဲမွ မရရွိေသးဘဲ (၄) ပြဲသေရက်ကာ (၁၆) ပြဲတိတိ ရႈံးနိမ့္ထားပါတယ္။ ဒါဟာ ပရီးမီးယားလိဂ္မွာ အသင္းတစ္သင္းက သူ႔ရဲ႕ ၿပိဳင္ဘက္အသင္းကို လုံးဝအႏိုင္မယူႏိုင္ေသးဘဲ ရႈံးနိမ့္မႈအႀကိမ္ အမ်ားဆုံး မွတ္တမ္းဆိုးပဲ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ေႏြရာသီက ယူႏိုက္တက္အသင္းထံ ေျပာင္းေရြ့လာတဲ့ ေနာက္ခံလူ ဝမ္ဘစ္ဆာကာဟာ အသင္းေဟာင္း ပဲေလစ့္အသင္းကို ပထဆံုးအၾကိမ္ ျပန္လည္ရင္ဆိုင္ရမွာပဲ ျဖစ္ပါတယ္။

ယူႏိုက္တက္ ကစားသမား အန္တိုနီ မာရွယ္ဟာ ရာသီအစ ပြဲစဥ္ (၂) ပြဲမွာ သြင္းဂိုးေတြ သြင္းယူထားပါတယ္။ တကယ္လို႔ ဒီပြဲမွာသာ ထပ္မံဂိုးသြင္းႏိုင္မယ္ဆိုရင္ ပရီးမီးယားလိဂ္ ရာသီအဖြင့္ပြဲ (၃) ပြဲဆက္ ဂိုးသြင္းႏိုင္တဲ့ (၄) ေယာက္ေျမာက္ ယူႏိုက္တက္ ကစားသမား ျဖစ္လာမွာပါ။

ဒြိဳက္ေယာ့ခ္ (၁၉၉၉-၀၀)၊ နစၥတယ္႐ြိဳင္း (၂၀၀၅-၀၆) ႏွင့္ ဝိန္း႐ြန္နီ (၂၀၁၁-၁၂) တို႔ဟာ ယူႏိုက္တက္အသင္းအတြက္ အဖြင့္ပြဲ (၃) ပြဲဆက္ ဂိုးေတြ သြင္းယူေပးႏိုင္ခဲ့ၾကပါတယ္။

လန္ဒန္အေျခစိုက္ ကလပ္ အသင္းေတြရဲ႕ အိုးထရက္ဖို႔ဒ္ကြင္း ပရီးမီးယားလိဂ္ပြဲ အႏိုင္ရရွိမႈ ရာခိုင္ႏႈန္းဟာ (၁၁%) ပဲ ရွိပါတယ္။ လန္ဒန္အေျခစိုက္ အသင္းေတြအေနနဲ႔ အိုးထရက္ဖို႔ဒ္ကြင္းမွာ ယူႏိုက္တက္အသင္းႏွင့္ ပရီးမီးယားလိဂ္ပြဲေပါင္း (၁၅၂) ပြဲ ကစားထားခဲ့ၾကရာမွာ ႏိုင္ပြဲကေတာ့ (၁၆) ပြဲသာ ရွိပါတယ္။

ထိပ္တိုက္ေတြ႕ဆုံမႈရလဒ္

ယူႏိုက္တက္အသင္းနဲ႔ ပဲေလစ့္အသင္းတို႔ဟာ (၁၉၂၂) ခုႏွစ္မွာ စတင္ ေတြ႕ဆုံခဲ့ၾကတာျဖစ္ၿပီး အမွတ္ေပးၿပိဳင္ပြဲ (၅၅) ပြဲ ေတြ႕ဆုံဖူးခဲ့ၾကရာ ယူႏိုက္တက္က (၃၇) ပြဲ အႏိုင္ရၿပီး ပဲေလ့စ္အသင္းက (၇) ပြဲ အႏိုင္ရကာ (၁၁) ပြဲ သေရက်ထားၾကပါတယ္။

ပရီးမီးယားလိဂ္ သမိုင္းတစ္ေလွ်ာက္ ထိပ္တိုက္ေတြ႕ဆုံမႈ စုစုေပါင္းအႀကိမ္ ၂၀ မွာေတာ့ ခရစၥတယ္ပဲေလ့စ္ဟာ ယူႏိုက္တက္ကို ႏိုင္ပြဲ မရဖူးေသးပါဘူး။ လက္ရွိနည္းျပ ႐ြိဳင္းေဟာ့ဒ္ဆန္ဟာလည္း အိုးထရက္ဖို႔ဒ္ကို ေနာက္ဆုံးရွစ္ႀကိမ္ လာေရာက္ယွဥ္ၿပိဳင္ ကစားခဲ့ရာမွာ ႏိုင္ပြဲ လုံးဝရရွိမထားခဲ့တာ ျဖစ္ပါတယ္။

ၿပိဳင္ပြဲစုံ ေနာက္ဆုံး (၉) ပြဲ ေတြ႕ဆုံမႈမွာေတာ့ သေရပြဲ (၂) ပြဲသာရွိၿပီး ယူႏိုက္တက္အသင္းက (၇) ပြဲ တိတိ အႏိုင္ယူထားပါတယ္။

ပဲေလစ့္အသင္း

ပဲ့ေလ့စ္ အသင္းဟာ လက္ရွိအခ်ိန္မွာေတာ့ အဖြင့္ပြဲစဥ္ (၂) ပြဲစလုံး ႏိုင္ပြဲမရရွိေသးသလို သြင္းဂိုးလည္း သြင္းယူထားႏိုင္ျခင္း မရွိေသးဘဲ ရမွတ္တစ္မွတ္သာ ရရွိၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ (၁၄) ေနရာမွာ ရပ္တည္ေနပါတယ္။

ဒီပြဲမွာ ပဲ့ေလ့စ္ အသင္းဟာ ပထမဦးဆုံး ႏိုင္ပြဲကို ရယူႏိုင္ဖို႔ အေဝးကြင္းမွာ ခက္ခက္ခဲခဲ ကစားရဖို႔ ရွိေနပါတယ္။ သူတို႔ဟာ ၿပီးခဲ့တဲ့ ရာသီတုန္းက အိမ္ကြင္းရမွတ္ထက္ အေဝးကြင္းရမွတ္က ပိုမ်ားခဲ့တာျဖစ္ပါတယ္။

ပဲေလ့စ္အသင္းဟာ ထိပ္ဆုံး ေျခာက္သင္းနဲ႔ ေတြ႕ဆုံမႈ ေနာက္ဆုံးအႀကိမ္ (၂၀) မွာ ႏိုင္ပြဲ (၂) ပြဲသာ ရရွိၿပီး (၃) ပြဲ သေရက်ကာ (၁၅) ပြဲ ရႈံးနိမ့္ထားပါတယ္။ ပဲေလ့စ္ အသင္းအပါဝင္ လန္ဒန္ၿမိဳ႕ အေျခစိုက္အသင္းေတြအတြက္ ယူႏိုက္တက္အသင္းရဲ႕ အိမ္ကြင္း အိုးထရက္ဖို႔ဒ္ဟာ ပရီးမီးယားလိဂ္ပြဲ အႏိုင္ရရွိမႈအႀကိမ္ အနည္းဆုံးကြင္း ျဖစ္ေနပါတယ္။

ယူႏိုက္တက္အသင္း

ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ (၂) ဝုဗ္လ္အသင္းနဲ႔ပြဲမွာ ေပါ့ဘာရဲ႕ ပယ္နယ္တီ လြဲေခ်ာ္မႈနဲ႔အတူ အေဝးကြင္းမွာ သေရက်ၿပီး ရမွတ္ (၁) မွတ္သာ ရရွိခဲ့တဲ့ ယူႏိုက္တက္အသင္းကေတာ့ အိမ္ကြင္းမွာ အမွတ္ျပည့္ရဖို႔ ပိုမိုႀကိဳးစားလာမွာ ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔ ပဲ့ေလ့စ္အသင္းနဲ႔ ကစားခဲ့ရတဲ့ မွတ္တမ္းေတြကေတာ့ ရလာဒ္ေကာင္းေတြကို ျပသေနပါတယ္။ ယူႏိုက္တက္အသင္းဟာ ပဲ့ေလ့စ္အသင္းႏွင့္ ကစားခဲ့တဲ့ အမွတ္ေပးၿပိဳင္ပြဲ ေနာက္ဆုံး (၂၂) ပြဲမွာ ရႈံးပြဲ လုံးဝ မရွိခဲ့ဘဲ (၄) ပြဲသာ သေရက်ၿပီး (၁၈) ပြဲ တိတိ ႏိုင္ပြဲရရွိထားပါတယ္။

ဒါ့အျပင္ အိမ္ကြင္းမွာ ကစားခဲ့တဲ့ ေနာက္ဆုံး (၁၀) ပြဲမွာလည္း (၉) ပြဲ တိတိ အႏိုင္ရထားၿပီး တစ္ပြဲသာ သေရက်ထားတာ ျဖစ္ပါတယ္။

ဒဏ္ရာရ ပြဲပယ္စာရင္း

ယူႏိုက္တက္ – ဆန္းခ်က္ဇ္၊ ဒါေလာဒ့္၊ ဖိုဆူမန္ဆာ၊ ဘိုင္ယီ။

ပဲေလ့စ္ – ဂ်ိမ္းစ္ ေတာပ့္ကင္း၊ ဆာခို။

ေနာက္ဆုံး (၅) ႀကိမ္ေတြ႕ဆုံမႈ

(၂၁-၀၅-၂၀၁၇) ယူႏိုက္တက္ ၂ – ၀ ပဲေလစ့္
(၃၀-၀၉-၂၀၁၇) ယူႏိုက္တက္ ၄ – ၀ ပဲေလစ့္
(၀၅-၀၃-၂၀၁၈) ပဲေလစ့္ ၂ – ၃ ယူႏိုက္တက္
(၂၄-၁၁-၂၀၁၈) ယူႏိုက္တက္ ၀ – ၀ ပဲေလစ့္
(၂၇-၀၂-၂၀၁၉) ပဲေလစ့္ ၁ – ၃ ယူႏိုက္တက္

ယူႏိုက္တက္ ေနာက္ဆုံး (၅) ပြဲရလဒ္

(၂၅-၀၁-၂၀၁၉) စပါးလ္ ၁ – ယူႏိုက္တက္
(၃၀-၀၁-၂၀၁၉) ခရစ္တန္ဆန္း ၀ – ၁ ယူႏိုက္တက္
(၀၃-၀၈-၂၀၁၉) ယူႏိုက္တက္ ၂ – ၂ ေအစီမီလန္
(၁၁-၀၈-၂၀၁၉) ယူႏိုက္တက္ ၄ – ၀ ခ်ဲလ္ဆီး
(၂၀-၀၈-၂၀၁၉) ဝုဗ္လ္ ၁ – ၁ ယူႏိုက္တက္

ပဲေလစ့္ ေနာက္ဆုံး (၅) ပြဲရလဒ္

(၂၇-၀၇-၂၀၁၉) ဘရစ္စတိုးစီးတီး ၀ – ၅ ပဲေလစ့္
(၃၁-၀၇-၂၀၁၉) ဝင္ဘယ္ဒန္ ၂ – ၂ ပဲေလစ့္
(၀၃-၀၈-၂၀၁၉) ပဲေလစ့္ ၀ – ၄ ဟာသာဘာလင္
(၁၀-၀၈-၂၀၁၉) ပဲေလစ့္ ၀ – ၀ အဲဗာတန္
(၁၈-၀၈-၂၀၁၉) ရွက္ဖီးယူႏိုက္တက္ ၁ – ၀ ပဲေလစ့္

ျဖစ္ႏိုင္ဖြယ္ ယူႏိုက္တက္ ပြဲထြက္ လူစာရင္း

{Unicode Version}
ထူးခြားအချက်အလက်များ

ယူနိုက်တက်အသင်းဟာ ပဲလေစ့်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရတဲ့ နောက်ဆုံး (၁၂) ပွဲမှာ ရှုံးပွဲ လုံးဝမရှိခဲ့ဘဲ (၁၁) ပွဲ တိတိ အနိုင်ရထားပြီး (၁) ပွဲသာ သရေကျကာ ဂိုးမပေးရတဲ့ CLEAN SHEET ပွဲကတော့ (၁၁) ပွဲအထိ ရှိခဲ့ပါတယ်။

ပဲလေ့စ် အသင်းဟာ ယူနိုက်တက်အသင်းနှင့် ပရီးမီးယားလိဂ် တွေ့ဆုံမှု အကြိမ် (၂၀) မှာ နိုင်ပွဲ (၁) ပွဲမှ မရရှိသေးဘဲ (၄) ပွဲသရေကျကာ (၁၆) ပွဲတိတိ ရှုံးနိမ့်ထားပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ အသင်းတစ်သင်းက သူ့ရဲ့ ပြိုင်ဘက်အသင်းကို လုံးဝအနိုင်မယူနိုင်သေးဘဲ ရှုံးနိမ့်မှုအကြိမ် အများဆုံး မှတ်တမ်းဆိုးပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်အသင်းထံ ပြောင်းရွေ့လာတဲ့ နောက်ခံလူ ဝမ်ဘစ်ဆာကာဟာ အသင်းဟောင်း ပဲလေစ့်အသင်းကို ပထဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမား အန်တိုနီ မာရှယ်ဟာ ရာသီအစ ပွဲစဉ် (၂) ပွဲမှာ သွင်းဂိုးတွေ သွင်းယူထားပါတယ်။ တကယ်လို့ ဒီပွဲမှာသာ ထပ်မံဂိုးသွင်းနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲ (၃) ပွဲဆက် ဂိုးသွင်းနိုင်တဲ့ (၄) ယောက်မြောက် ယူနိုက်တက် ကစားသမား ဖြစ်လာမှာပါ။

ဒွိုက်ယော့ခ် (၁၉၉၉-၀၀)၊ နစ္စတယ်ရွိုင်း (၂၀၀၅-၀၆) နှင့် ဝိန်းရွန်နီ (၂၀၁၁-၁၂) တို့ဟာ ယူနိုက်တက်အသင်းအတွက် အဖွင့်ပွဲ (၃) ပွဲဆက် ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ကြပါတယ်။

လန်ဒန်အခြေစိုက် ကလပ် အသင်းတွေရဲ့ အိုးထရက်ဖို့ဒ်ကွင်း ပရီးမီးယားလိဂ်ပွဲ အနိုင်ရရှိမှု ရာခိုင်နှုန်းဟာ (၁၁%) ပဲ ရှိပါတယ်။ လန်ဒန်အခြေစိုက် အသင်းတွေအနေနဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ယူနိုက်တက်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲပေါင်း (၁၅၂) ပွဲ ကစားထားခဲ့ကြရာမှာ နိုင်ပွဲကတော့ (၁၆) ပွဲသာ ရှိပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုရလဒ်

ယူနိုက်တက်အသင်းနဲ့ ပဲလေစ့်အသင်းတို့ဟာ (၁၉၂၂) ခုနှစ်မှာ စတင် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အမှတ်ပေးပြိုင်ပွဲ (၅၅) ပွဲ တွေ့ဆုံဖူးခဲ့ကြရာ ယူနိုက်တက်က (၃၇) ပွဲ အနိုင်ရပြီး ပဲလေ့စ်အသင်းက (၇) ပွဲ အနိုင်ရကာ (၁၁) ပွဲ သရေကျထားကြပါတယ်။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု စုစုပေါင်းအကြိမ် ၂၀ မှာတော့ ခရစ္စတယ်ပဲလေ့စ်ဟာ ယူနိုက်တက်ကို နိုင်ပွဲ မရဖူးသေးပါဘူး။ လက်ရှိနည်းပြ ရွိုင်းဟော့ဒ်ဆန်ဟာလည်း အိုးထရက်ဖို့ဒ်ကို နောက်ဆုံးရှစ်ကြိမ် လာရောက်ယှဉ်ပြိုင် ကစားခဲ့ရာမှာ နိုင်ပွဲ လုံးဝရရှိမထားခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး (၉) ပွဲ တွေ့ဆုံမှုမှာတော့ သရေပွဲ (၂) ပွဲသာရှိပြီး ယူနိုက်တက်အသင်းက (၇) ပွဲ တိတိ အနိုင်ယူထားပါတယ်။

ပဲလေစ့်အသင်း

ပဲ့လေ့စ် အသင်းဟာ လက်ရှိအချိန်မှာတော့ အဖွင့်ပွဲစဉ် (၂) ပွဲစလုံး နိုင်ပွဲမရရှိသေးသလို သွင်းဂိုးလည်း သွင်းယူထားနိုင်ခြင်း မရှိသေးဘဲ ရမှတ်တစ်မှတ်သာ ရရှိပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၁၄) နေရာမှာ ရပ်တည်နေပါတယ်။

ဒီပွဲမှာ ပဲ့လေ့စ် အသင်းဟာ ပထမဦးဆုံး နိုင်ပွဲကို ရယူနိုင်ဖို့ အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကစားရဖို့ ရှိနေပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အိမ်ကွင်းရမှတ်ထက် အဝေးကွင်းရမှတ်က ပိုများခဲ့တာဖြစ်ပါတယ်။

ပဲလေ့စ်အသင်းဟာ ထိပ်ဆုံး ခြောက်သင်းနဲ့ တွေ့ဆုံမှု နောက်ဆုံးအကြိမ် (၂၀) မှာ နိုင်ပွဲ (၂) ပွဲသာ ရရှိပြီး (၃) ပွဲ သရေကျကာ (၁၅) ပွဲ ရှုံးနိမ့်ထားပါတယ်။ ပဲလေ့စ် အသင်းအပါဝင် လန်ဒန်မြို့ အခြေစိုက်အသင်းတွေအတွက် ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ပွဲ အနိုင်ရရှိမှုအကြိမ် အနည်းဆုံးကွင်း ဖြစ်နေပါတယ်။

ယူနိုက်တက်အသင်း

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂) ဝုဗ်လ်အသင်းနဲ့ပွဲမှာ ပေါ့ဘာရဲ့ ပယ်နယ်တီ လွဲချော်မှုနဲ့အတူ အဝေးကွင်းမှာ သရေကျပြီး ရမှတ် (၁) မှတ်သာ ရရှိခဲ့တဲ့ ယူနိုက်တက်အသင်းကတော့ အိမ်ကွင်းမှာ အမှတ်ပြည့်ရဖို့ ပိုမိုကြိုးစားလာမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ပဲ့လေ့စ်အသင်းနဲ့ ကစားခဲ့ရတဲ့ မှတ်တမ်းတွေကတော့ ရလာဒ်ကောင်းတွေကို ပြသနေပါတယ်။ ယူနိုက်တက်အသင်းဟာ ပဲ့လေ့စ်အသင်းနှင့် ကစားခဲ့တဲ့ အမှတ်ပေးပြိုင်ပွဲ နောက်ဆုံး (၂၂) ပွဲမှာ ရှုံးပွဲ လုံးဝ မရှိခဲ့ဘဲ (၄) ပွဲသာ သရေကျပြီး (၁၈) ပွဲ တိတိ နိုင်ပွဲရရှိထားပါတယ်။

ဒါ့အပြင် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး (၁၀) ပွဲမှာလည်း (၉) ပွဲ တိတိ အနိုင်ရထားပြီး တစ်ပွဲသာ သရေကျထားတာ ဖြစ်ပါတယ်။

ဒဏ်ရာရ ပွဲပယ်စာရင်း

ယူနိုက်တက် – ဆန်းချက်ဇ်၊ ဒါလောဒ့်၊ ဖိုဆူမန်ဆာ၊ ဘိုင်ယီ။

ပဲလေ့စ် – ဂျိမ်းစ် တောပ့်ကင်း၊ ဆာခို။

နောက်ဆုံး (၅) ကြိမ်တွေ့ဆုံမှု

(၂၁-၀၅-၂၀၁၇) ယူနိုက်တက် ၂ – ၀ ပဲလေစ့်
(၃၀-၀၉-၂၀၁၇) ယူနိုက်တက် ၄ – ၀ ပဲလေစ့်
(၀၅-၀၃-၂၀၁၈) ပဲလေစ့် ၂ – ၃ ယူနိုက်တက်
(၂၄-၁၁-၂၀၁၈) ယူနိုက်တက် ၀ – ၀ ပဲလေစ့်
(၂၇-၀၂-၂၀၁၉) ပဲလေစ့် ၁ – ၃ ယူနိုက်တက်

ယူနိုက်တက် နောက်ဆုံး (၅) ပွဲရလဒ်

(၂၅-၀၁-၂၀၁၉) စပါးလ် ၁ – ယူနိုက်တက်
(၃၀-၀၁-၂၀၁၉) ခရစ်တန်ဆန်း ၀ – ၁ ယူနိုက်တက်
(၀၃-၀၈-၂၀၁၉) ယူနိုက်တက် ၂ – ၂ အေစီမီလန်
(၁၁-၀၈-၂၀၁၉) ယူနိုက်တက် ၄ – ၀ ချဲလ်ဆီး
(၂၀-၀၈-၂၀၁၉) ဝုဗ်လ် ၁ – ၁ ယူနိုက်တက်

ပဲလေစ့် နောက်ဆုံး (၅) ပွဲရလဒ်

(၂၇-၀၇-၂၀၁၉) ဘရစ်စတိုးစီးတီး ၀ – ၅ ပဲလေစ့်
(၃၁-၀၇-၂၀၁၉) ဝင်ဘယ်ဒန် ၂ – ၂ ပဲလေစ့်
(၀၃-၀၈-၂၀၁၉) ပဲလေစ့် ၀ – ၄ ဟာသာဘာလင်
(၁၀-၀၈-၂၀၁၉) ပဲလေစ့် ၀ – ၀ အဲဗာတန်
(၁၈-၀၈-၂၀၁၉) ရှက်ဖီးယူနိုက်တက် ၁ – ၀ ပဲလေစ့်

ဖြစ်နိုင်ဖွယ် ယူနိုက်တက် ပွဲထွက် လူစာရင်း