Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

မန္ခ်က္စတာ ယူႏိုက္တက္ သတင္းတိုမ်ား (၂၈-၀၈-၂၀၁၉)

ယူႏိုက္တက္အသင္းရဲ႕ ေတာင္ပံကစားသမား အလက္ဆစ္ ဆန္းခ်က္ဇ္ဟာ အင္တာမီလန္အသင္းထံ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ြ႕ကစားဖို႔ သေဘာတူညီမႈ ရရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။ [Sky Italy]

အင္တာမီလန္အသင္းသည္ ဆန္းခ်က္ဇ္ ရရွိေနသည့္ လစာ ယူ႐ို (၁၂) သန္း ထဲမွ ယူ႐ို (၅) သန္းကိုသာ ေပးေခ်သြားမည္ျဖစ္ၿပီး က်န္ေငြအား ယူႏိုက္တက္အသင္းဘက္မွ ေပးေခ်သြားရမည္ျဖစ္သည္။ [Sky Sport]

ဆန္းခ်က္ဇ္နဲ႔ အင္တာမီလန္တို႔ အငွားစာခ်ဳပ္ သက္တမ္းမွာ (၂၀၂၀) ဇြန္လ အထိသာျဖစ္ၿပီး အၿပီးသတ္ ဝယ္ယူေရးကို အငွားစာခ်ဳပ္ျပည့္မွသာ ဆက္လက္ ေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရွိရသည္။ ဆန္းခ်က္ဇ္ဟာ မနက္ျဖန္မွာ အင္တာမီလန္အသင္းထံ လာေရာက္ ေဆးစစ္မႈ ခံယူမည္ျဖစ္သည္။ [Fabrizio Romano]

ယူႏိုက္တက္အသင္း တိုက္စစ္မႉး မာရွယ္ဟာ ၿပီးခဲ့တဲ့အပါတ္ ပဲေလစ့္အသင္းနဲ႔ ပြဲစဥ္တုန္းက ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ လာမည့္ စေနေန႔မွာ ကစားမည့္ ေဆာက္သမ္တန္အသင္းနဲ႔ ပြဲစဥ္ကို လြဲေခ်ာ္မည္ျဖစ္သည္။ [Guardian]

ယူႏိုက္တက္ ေနာက္ခံလူ လုခ္ေရွာဟာလည္း ပဲေလစ့္အသင္းနဲ႔ ပြဲစဥ္တုန္းက ရရွိခဲ့တဲ့ ေျခသလုံး ႂကြက္သားဒဏ္ရာေၾကာင့္ တစ္လခန႔္ အနားယူရမည္ျဖစ္ေၾကာင္း သိရသည္။ [talkSPORT]

ယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း အီဗရာဟီမိုဗစ္ခ်္က ” ကြၽန္ေတာ္ အခုအခ်ိန္ထိ ပရီးမီးယားလိဂ္မွာ အလြယ္တကူ ကစားႏိုင္ဆဲပါ။ ယူႏိုက္တက္အသင္းက အလိုရွိရင္ ကြၽန္ေတာ္က အဆင္သင့္ပါပဲ။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ LA Galaxy အသင္းက ကြၽန္ေတာ့္ကို ပိုင္ဆိုင္ထားတာေၾကာင့္ စိတ္မေကာင္းဘူး ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။ [Sun]

ယူႏိုက္တက္အသင္း၏ ကြင္းလယ္လူ ေတာ္မီေနးဟာ ႐ုရွား၊ ဘယ္ဂ်ီယံ တို႔ႏွင့္ ကစားမည့္ ယူ႐ို (၂၀၂၀) ေျခစစ္ပြဲစဥ္မ်ားအတြက္ စေကာ့တလန္ လက္ေ႐ြးစင္အသင္းတြင္ ေ႐ြးခ်ယ္ခံရေၾကာင္း သိရွိရသည္။ [Offical]

ယူႏိုက္တက္အသင္း ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ RB Leipzig အသင္းက အားကစား ဒါ႐ိုက္တာ Ralf Rangnick က ” အခုအခ်ိန္မွာေတာ့ ကြၽန္ေတာ္ လက္ရွိ အလုပ္မွာ ေပ်ာ္႐ႊင္ေနပါတယ္။ ယူႏိုက္တက္အသင္းက ကြၽန္ေတာ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ ဂုဏ္ယူမိပါတယ္။ သူတို႔မွာ အခြင့္အလမ္းေတြ အမ်ားႀကီး ရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္အခု ဒီမွာ ေပ်ာ္႐ႊင္ေနပါတယ္ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။ [men]

{Unicode Version}

ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အလက်ဆစ် ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းထံ အငှားစာချုပ်နဲ့ ပြောင်းရွေ့ကစားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ [Sky Italy]

အင်တာမီလန်အသင်းသည် ဆန်းချက်ဇ် ရရှိနေသည့် လစာ ယူရို (၁၂) သန်း ထဲမှ ယူရို (၅) သန်းကိုသာ ပေးချေသွားမည်ဖြစ်ပြီး ကျန်ငွေအား ယူနိုက်တက်အသင်းဘက်မှ ပေးချေသွားရမည်ဖြစ်သည်။ [Sky Sport]

ဆန်းချက်ဇ်နဲ့ အင်တာမီလန်တို့ အငှားစာချုပ် သက်တမ်းမှာ (၂၀၂၀) ဇွန်လ အထိသာဖြစ်ပြီး အပြီးသတ် ဝယ်ယူရေးကို အငှားစာချုပ်ပြည့်မှသာ ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။ ဆန်းချက်ဇ်ဟာ မနက်ဖြန်မှာ အင်တာမီလန်အသင်းထံ လာရောက် ဆေးစစ်မှု ခံယူမည်ဖြစ်သည်။ [Fabrizio Romano]

ယူနိုက်တက်အသင်း တိုက်စစ်မှူး မာရှယ်ဟာ ပြီးခဲ့တဲ့အပါတ် ပဲလေစ့်အသင်းနဲ့ ပွဲစဉ်တုန်းက ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လာမည့် စနေနေ့မှာ ကစားမည့် ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။ [Guardian]

ယူနိုက်တက် နောက်ခံလူ လုခ်ရှောဟာလည်း ပဲလေစ့်အသင်းနဲ့ ပွဲစဉ်တုန်းက ရရှိခဲ့တဲ့ ခြေသလုံး ကြွက်သားဒဏ်ရာကြောင့် တစ်လခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။ [talkSPORT]

ယူနိုက်တက် တိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်ချ်က ” ကျွန်တော် အခုအချိန်ထိ ပရီးမီးယားလိဂ်မှာ အလွယ်တကူ ကစားနိုင်ဆဲပါ။ ယူနိုက်တက်အသင်းက အလိုရှိရင် ကျွန်တော်က အဆင်သင့်ပါပဲ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ LA Galaxy အသင်းက ကျွန်တော့်ကို ပိုင်ဆိုင်ထားတာကြောင့် စိတ်မကောင်းဘူး ” လို့ ပြောဆိုသွားခဲ့ပါတယ်။ [Sun]

ယူနိုက်တက်အသင်း၏ ကွင်းလယ်လူ တော်မီနေးဟာ ရုရှား၊ ဘယ်ဂျီယံ တို့နှင့် ကစားမည့် ယူရို (၂၀၂၀) ခြေစစ်ပွဲစဉ်များအတွက် စကော့တလန် လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရကြောင်း သိရှိရသည်။ [Offical]

ယူနိုက်တက်အသင်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ RB Leipzig အသင်းက အားကစား ဒါရိုက်တာ Ralf Rangnick က ” အခုအချိန်မှာတော့ ကျွန်တော် လက်ရှိ အလုပ်မှာ ပျော်ရွှင်နေပါတယ်။ ယူနိုက်တက်အသင်းက ကျွန်တော်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဂုဏ်ယူမိပါတယ်။ သူတို့မှာ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်အခု ဒီမှာ ပျော်ရွှင်နေပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။ [men]