ယူႏိုက္တက္ နည္းျပေဟာင္း ေမာ္ရင္ဟိုက တိုက္စစ္မႉး မာရွယ္ကို ဘာေၾကာင့္ အသင္းကေန ထုတ္ခ်င္ခဲ့တာလဲ?

မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ နည္းျပေဟာင္း ဟိုေဆး ေမာ္ရင္ဟိုဟာ အိုးလ္ထရက္ဖို႔ဒ္ မွာ ရွိေနခဲ့စဥ္တုန္းက စိတ္ဓါတ္ပိုင္းဆိုင္ရာ အားနည္းခ်က္ေတြ ရွိေနတယ္လို႔ ယုံၾကည္ခဲ့တာေၾကာင့္ ေတာင္ပံ တိုက္စစ္ ကစားသမား အန္သိုနီမာရွယ္ကို အသင္းကေန ေရာင္းထုတ္လိုတဲ့အထိ ျဖစ္ခဲ့ပါေသးတယ္။

အထူးသျဖင့္ မာရွယ္နဲ႔ ေမာ္ရင္ဟို အၾကား မေျပလည္မႈေတြ စတင္ခဲ့တဲ့အခ်ိန္က နံပါတ္ (၉) ဂ်ာစီကို မာရွယ္ထံမွ ႐ုပ္သိမ္းခဲ့ျခင္းေၾကာင့္ပါပဲ။ ယူႏိုက္တက္ဆီ ဇလာတန္ အီဗရာဟီမိုဗစ္ ေရာက္ရွိလာတဲ့ အခ်ိန္မွာ ဟိုေဆး ေမာ္ရင္ဟိုဟာ မာရွယ္ ဝတ္ဆင္တဲ့ နံပါတ္ (၉) ဂ်ာစီကို ဆြီဒင္ လက္ေ႐ြးစင္ထံ ေပးခဲ့သလို လူကာကူ ေရာက္ရွိလာခဲ့တဲ့ အခါမွာလည္း ဘယ္လ္ဂ်ီယံသားကပဲ နံပါတ္ (၉) ဂ်ာစီကို သိမ္းပိုက္ သြားခဲ့ပါတယ္။

ဒါ့အျပင္ အန္သိုနီ မာရွယ္ဟာ ပြဲထြက္ ကစားရာမွာလည္း အေထာင္တိုက္စစ္မႉးအျဖစ္ ကစားရတာ ကို ႏွစ္သက္သူ ျဖစ္ေပမယ့္ ဟိုေဆး ေမာ္ရင္ဟိုရဲ႕ လက္ေအာက္မွာေတာ့ သူဟာ မ်ားေသာအားျဖင့္ ဘယ္ေတာင္ပံ တိုက္စစ္ကစားသမား တစ္ဦးအျဖစ္သာ ပါဝင္ခြင့္ ရရွိခဲ့ပါတယ္။

ဒါ့ေၾကာင့္ ကိုယ့္ကိုယ္ကို စပါယ္ရွယ္ ဝမ္း လို႔ ခံယူထားၿပီး သူ ေျပာသလိုသာ အျပည့္အဝ လိုက္နာ တက္တဲ့ ကစားသမားေတြကို အထူးကစားခြင့္ေတြ ေပးတတ္တဲ့ ေမာ္ရင္ဟိုနဲ႔ သူ ျဖစ္ခ်င္တာကို ျဖစ္ခြင့္မရတဲ့ မာရွယ္တို႔ အၾကား အက္ေၾကာင္းေတြ ျဖစ္လာခဲ့ရပါတယ္။

The Times ရဲ႕ ေဖာ္ျပခ်က္ အရေတာ့ ဟိုေဆး ေမာ္ရင္ဟိုဟာ သူ႔ရဲ႕ ေျပာစကားေတြကို သိပ္ၿပီး နားေထာင္ခ်င္ပုံ မေပၚခဲ့တဲ့၊ အသင္းအတြက္ အားကုန္ႀကိဳးစား ကစားေပးလိုစိတ္ မရွိဘူးလို႔ ထင္မွတ္ ခဲ့တဲ့ မာရွယ္ ကို ေရာင္းခ်ၿပီး အင္တာမီလန္အသင္းမွ ပါရီဆစ္ကို ေခၚယူခ်င္ခဲ့တာပဲ ျဖစ္ပါတယ္။

ေမာ္ရင္ဟို နဲ႔ သူ႔ရဲ႕ နည္းျပအဖြဲ႕ဝင္ အခ်ိဳ႕ကေတာ့ နံပါတ္ (၉) ဂ်ာစီ ဆုံးရႈံးထားခဲ့ရတဲ့ မာရွယ္ဟာ စိတ္ဓါတ္ပိုင္းဆိုင္ရာမွာ အားနည္းခ်က္ရွိၿပီး သူ႔ကို နားလည္ႏိုင္ဖို႔ အေတာ္ပဲခက္ခဲလွတဲ့၊ ဆိုက္ကိုဆန္တဲ့ စိတ္ဓါတ္မ်ိဳးကို ပိုင္ဆိုင္ထားခဲ့တယ္လို႔ေတာင္ ထင္မွတ္ခဲ့ၾကပါတယ္။

ယူႏိုက္တက္ နဲ႔ ေမာ္ရင္ဟိုရဲ႕ နည္းျပအဖြဲ႕ဝင္ေဟာင္း တစ္ဦးျဖစ္သူကေတာ့ မာရွယ္ ရဲ႕ စိတ္ေန သေဘာထားကို ဆန႔္က်င္တဲ့ ဆုံးျဖတ္ခ်က္ တစ္ခုခုကို အသင္းဖက္မွ ခ်မွတ္လိုက္တဲ့ အခါတိုင္းမွာ ျပင္သစ္သားဟာ သိသိသာသာႀကီးကို မေက်မနပ္ျဖစ္တတ္ ၊ စိတ္ဆိုးသြားတတ္တယ္လို႔ ခံစားခဲ့မိ ေၾကာင္း ေျပာၾကားခဲ့ပါေသးတယ္။

ဒါေပမယ့္ ဒီေႏြရာသီ အေျပာင္းအေ႐ႊ႕အတြင္းမွာေတာ့ အသင္းမွ နံပါတ္ (၉) ဂ်ာစီ ဝတ္ဆင္ ကစားေနတဲ့ တိုက္စစ္မႉး ႐ိုမီလူ လူကာကူဟာ အင္တာမီလန္အသင္းထံ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ေနာက္မွာေတာ့ အန္သိုနီ မာရွယ္ဟာ သူ အလိုရွိေနတဲ့ နံပါတ္ (၉) ဂ်ာစီကို တစ္ဖန္ျပန္လည္ ဝတ္ဆင္ခြင့္ ပိုင္ဆိုင္ႏိုင္ခဲ့ ပါတယ္။

ဒါ့အျပင္ လက္ရွိ ရာသီမွာလည္း သူဟာ အသင္းအတြက္ ေကာင္းမြန္စြာ ႀကိဳးစားအားထုတ္ ကစား ေပးရင္း (၃) ပြဲမွာ (၂) ဂိုးသြင္း ၊ (၁) ဂိုး ဖန္တီးေပးထား ႏိုင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ သူဟာ ဒဏ္ရာ ျပႆနာ ႀကဳံေတြ႕ခဲ့တဲ့အတြက္ နည္းျပ ဆိုးလ္ရွား အေနနဲ႔ ဘယ္သူ႔ကို ပြဲထြက္ကစားေစမလဲ ဆိုတာ စိတ္ဝင္စားဖြယ္ ေကာင္းေနခဲ့ပါတယ္။

{Unicode Version}

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုဟာ အိုးလ်ထရက်ဖို့ဒ် မှာ ရှိနေခဲ့စဉ်တုန်းက စိတ်ဓါတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေတယ်လို့ ယုံကြည်ခဲ့တာကြောင့် တောင်ပံ တိုက်စစ် ကစားသမား အန်သိုနီမာရှယ်ကို အသင်းကနေ ရောင်းထုတ်လိုတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။

အထူးသဖြင့် မာရှယ်နဲ့ မော်ရင်ဟို အကြား မပြေလည်မှုတွေ စတင်ခဲ့တဲ့အချိန်က နံပါတ် (၉) ဂျာစီကို မာရှယ်ထံမှ ရုပ်သိမ်းခဲ့ခြင်းကြောင့်ပါပဲ။ ယူနိုက်တက်ဆီ ဇလာတန် အီဗရာဟီမိုဗစ် ရောက်ရှိလာတဲ့ အချိန်မှာ ဟိုဆေး မော်ရင်ဟိုဟာ မာရှယ် ဝတ်ဆင်တဲ့ နံပါတ် (၉) ဂျာစီကို ဆွီဒင် လက်ရွေးစင်ထံ ပေးခဲ့သလို လူကာကူ ရောက်ရှိလာခဲ့တဲ့ အခါမှာလည်း ဘယ်လ်ဂျီယံသားကပဲ နံပါတ် (၉) ဂျာစီကို သိမ်းပိုက် သွားခဲ့ပါတယ်။

ဒါ့အပြင် အန်သိုနီ မာရှယ်ဟာ ပွဲထွက် ကစားရာမှာလည်း အထောင်တိုက်စစ်မှူးအဖြစ် ကစားရတာ ကို နှစ်သက်သူ ဖြစ်ပေမယ့် ဟိုဆေး မော်ရင်ဟိုရဲ့ လက်အောက်မှာတော့ သူဟာ များသောအားဖြင့် ဘယ်တောင်ပံ တိုက်စစ်ကစားသမား တစ်ဦးအဖြစ်သာ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကို စပါယ်ရှယ် ဝမ်း လို့ ခံယူထားပြီး သူ ပြောသလိုသာ အပြည့်အဝ လိုက်နာ တက်တဲ့ ကစားသမားတွေကို အထူးကစားခွင့်တွေ ပေးတတ်တဲ့ မော်ရင်ဟိုနဲ့ သူ ဖြစ်ချင်တာကို ဖြစ်ခွင့်မရတဲ့ မာရှယ်တို့ အကြား အက်ကြောင်းတွေ ဖြစ်လာခဲ့ရပါတယ်။

The Times ရဲ့ ဖော်ပြချက် အရတော့ ဟိုဆေး မော်ရင်ဟိုဟာ သူ့ရဲ့ ပြောစကားတွေကို သိပ်ပြီး နားထောင်ချင်ပုံ မပေါ်ခဲ့တဲ့၊ အသင်းအတွက် အားကုန်ကြိုးစား ကစားပေးလိုစိတ် မရှိဘူးလို့ ထင်မှတ် ခဲ့တဲ့ မာရှယ် ကို ရောင်းချပြီး အင်တာမီလန်အသင်းမှ ပါရီဆစ်ကို ခေါ်ယူချင်ခဲ့တာပဲ ဖြစ်ပါတယ်။

မော်ရင်ဟို နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင် အချို့ကတော့ နံပါတ် (၉) ဂျာစီ ဆုံးရှုံးထားခဲ့ရတဲ့ မာရှယ်ဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ အားနည်းချက်ရှိပြီး သူ့ကို နားလည်နိုင်ဖို့ အတော်ပဲခက်ခဲလှတဲ့၊ ဆိုက်ကိုဆန်တဲ့ စိတ်ဓါတ်မျိုးကို ပိုင်ဆိုင်ထားခဲ့တယ်လို့တောင် ထင်မှတ်ခဲ့ကြပါတယ်။

ယူနိုက်တက် နဲ့ မော်ရင်ဟိုရဲ့ နည်းပြအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူကတော့ မာရှယ် ရဲ့ စိတ်နေ သဘောထားကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက် တစ်ခုခုကို အသင်းဖက်မှ ချမှတ်လိုက်တဲ့ အခါတိုင်းမှာ ပြင်သစ်သားဟာ သိသိသာသာကြီးကို မကျေမနပ်ဖြစ်တတ် ၊ စိတ်ဆိုးသွားတတ်တယ်လို့ ခံစားခဲ့မိ ကြောင်း ပြောကြားခဲ့ပါသေးတယ်။

ဒါပေမယ့် ဒီနွေရာသီ အပြောင်းအရွှေ့အတွင်းမှာတော့ အသင်းမှ နံပါတ် (၉) ဂျာစီ ဝတ်ဆင် ကစားနေတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူဟာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ နောက်မှာတော့ အန်သိုနီ မာရှယ်ဟာ သူ အလိုရှိနေတဲ့ နံပါတ် (၉) ဂျာစီကို တစ်ဖန်ပြန်လည် ဝတ်ဆင်ခွင့် ပိုင်ဆိုင်နိုင်ခဲ့ ပါတယ်။

ဒါ့အပြင် လက်ရှိ ရာသီမှာလည်း သူဟာ အသင်းအတွက် ကောင်းမွန်စွာ ကြိုးစားအားထုတ် ကစား ပေးရင်း (၃) ပွဲမှာ (၂) ဂိုးသွင်း ၊ (၁) ဂိုး ဖန်တီးပေးထား နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူဟာ ဒဏ်ရာ ပြဿနာ ကြုံတွေ့ခဲ့တဲ့အတွက် နည်းပြ ဆိုးလ်ရှား အနေနဲ့ ဘယ်သူ့ကို ပွဲထွက်ကစားစေမလဲ ဆိုတာ စိတ်ဝင်စားဖွယ် ကောင်းနေခဲ့ပါတယ်။