ေဆာက္သမ္တန္အသင္းႏွင့္ ယူႏိုက္တက္အသင္းတို႔၏ ပြဲႀကိဳအခ်က္အလက္မ်ားႏွင့္ ျဖစ္ႏိုင္ဖြယ္ ယူႏိုက္တက္ ပြဲထြက္ လူစာရင္း

ထူးျခားအခ်က္အလက္မ်ား

ေဆာက္သမ္တန္အသင္းနဲ႔ ယူႏိုက္တက္အသင္းတို႔ရဲ႕ ေတြ႕ဆုံမႈေတြမွာ ထူးျခားခ်က္တစ္ခုကေတာ့ free kick သြင္းဂိုးေတြ ရရွိထားႏိုင္မႈပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီတုန္းက ေဆာက္သမ္တန္အသင္းဟာ ယူႏိုက္တက္အသင္းနဲ႔ ေတြ႕ဆုံခဲ့တဲ့ ပြဲစဥ္ေတြမွာ free kick သြင္းဂိုး (၂) ဂိုး သြင္းယူထားႏိုင္ခဲ့ပါတယ္။

ဒီ (၂) သင္း ေတြ႕ဆုံတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြမွာ free kick သြင္းဂိုးက (၇) ဂိုးအထိရွိခဲ့ၿပီး ဒါဟာ ပရီးမီးယားလိဂ္မွာ အသင္း (၂) သင္းေတြ႕ဆုံမႈမွာ free kick ကေန သြင္းဂိုးရယူႏိုင္မႈ ဒုတိယအမ်ားဆုံး စံခ်ိန္ပဲ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ အသင္း (၂) သင္း ေတြ႕ဆုံမႈ မွာ free kick သြင္းဂိုး အမ်ားဆုံး ရယူထားႏိုင္ခဲ့တဲ့ အသင္း (၂) သင္းကေတာ့ ယူႏိုက္တက္အသင္းႏွင့္ လီဗာပူးလ္အသင္းတို႔ပဲ ျဖစ္ၿပီး ဒီ (၂) သင္းေတြ႕ဆုံတဲ့ပြဲစဥ္ေတြမွာ free kick သြင္းဂိုး (၈) ဂိုးတိတိ ရွိထားပါတယ္။

ေဆာက္သမ္တန္ အသင္းဟာ ေနာက္ဆုံးကစားခဲတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ အိမ္ကြင္း (၈) ပြဲမွာ ႏိုင္ပြဲလုံးဝ မရရွိခဲ့ဘဲ (၃) ပြဲ သေရက်ကာ (၅) ပြဲ ရႈံးနိမ့္ထားပါတယ္။ ယူႏိုက္တက္အသင္းဟာ ေဆာက္သမ္တန္အသင္းကို အိမ္ကြင္း အိုးလ္ထရက္ဖိုဒ့္မွာထက္ အေဝးကြင္း St.Mary’s မွာ ပိုၿပီး အႏိုင္ရတတ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ေဆာက္သမ္တန္အသင္းကို သူတို႔ရဲ႕အိမ္ကြင္းမွာ (၁၀) ပြဲတိတိ ႏိုင္ပြဲရယူထားၿပီး ဒါဟာ ပရီးမီးယားလိဂ္ အသင္းတစ္သင္းက ၿပိဳင္ဘက္အသင္းကို (၂) သင္း ေတြ႕ဆုံမႈမွာ အိမ္ကြင္းမွာထက္ အေဝးကြင္းမွာ အႏိုင္ရမႈ အႀကိမ္အမ်ားဆုံး မွတ္တမ္းပဲ ျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းဟာ ယူႏိုက္တက္အသင္းကို ပရီးမီးယားလိဂ္ ေတြ႕ဆုံမႈ (၉) ႀကိမ္မွာ ဦးေဆာင္ဂိုး သြင္းယူၿပီးမွ သြင္းဂိုးေတြ ျပန္လည္ခြင့္ျပဳေပးခဲ့ရၿပီး ရႈံးနိမ့္ခဲ့ပါတယ္။ ဒါဟာ ပရီးမီးယားလိဂ္မွာ ၿပိဳင္ဘက္ကို ဦးေဆာင္ဂိုး သြင္းယူၿပီး ျပန္လည္ရႈံးနိမ့္ရမႈ အမ်ားဆုံးစံခ်ိန္ပဲ ျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းဟာ ပရီးမီးယားလိဂ္ အိမ္ကြင္း (၁၅) ပြဲ ဆက္တိုက္ ပြဲတိုင္း ဂိုးသြင္းယူထားပါတယ္။ သူတို႔ ေနာက္ဆုံးအႀကိမ္ ဂိုးမသြင္းႏိုင္ခဲ့တဲ့ အိမ္ကြင္းပြဲစဥ္ကေတာ့ (၂၀၁၈) ခုႏွစ္ ေအာက္တိုဘာလမွာ ကစားခဲ့တဲ့ နယူးကာဆယ္အသင္းနဲ႔ ဂိုးမရွိ သေရပြဲပဲ ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ေနာက္ဆုံးပရီးမီးယားလိဂ္ (၁၄) ပြဲမွာ ဂိုး မေပးရတဲ့ပြဲ Clean Sheet (၁) ပြဲသာ ရရွိထားပါတယ္။ ေပးဂိုး (၂၂) ဂိုး ခြင့္ျပဳေပးခဲ့ရၿပီး ရဂိုးက (၁၉) ဂိုးသာ ရွိထားပါတယ္။အဲဒီပြဲစဥ္ေတြမွာ ႏိုင္ပြဲ (၅) ပြဲသာ ရွိၿပီး (၃) ပြဲ သေရက်ကာ (၆) ပြဲ တိတိ ရႈံးနိမ့္ထားပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ နည္းျပ ဆိုးလ္ရွားဟာ ေဆာက္သမ္တန္ အသင္းကို ကစားသမားဘဝကေရာ နည္းျပအေနနဲ႔ပါ (၉) ႀကိမ္ ေတြ႕ဆုံခဲ့ဖူးရာ (၈) ပြဲ အႏိုင္ရၿပီး ၁ ပြဲသာ သေရက်ထားၿပီး ရႈံးပြဲ မရွိေသးပါဘူး။

နည္းျပအေနနဲ႔ (၂) ပြဲ အႏိုင္ရထားၿပီး ကစားသမားဘဝက (၆ ပြဲ အႏိုင္ရထားပါတယ္။ တစ္ပြဲတည္းေသာ သေရပြဲကေတာ့ (၁၉၉၉) ခုႏွစ္က အိုးထရက္ဖို႔ဒ္မွာ (၃) ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္ပဲ ျဖစ္ပါတယ္။

ထိပ္တိုက္ေတြ႕ဆုံမႈရလဒ္

ေဆာက္သမ္တန္အသင္းနဲ႔ ယူႏိုက္တက္အသင္းတို႔ဟာ ၿပိဳင္ပြဲစုံ (၁၂၅) ပြဲ ေတြ႕ဆုံဖူးခဲ့ၾကၿပီး ယူႏိုက္တက္အသင္းက (၆၅) ပြဲအႏိုင္ရၿပီး ေဆာက္သမ္တန္အသင္းက (၂၇) ပြဲ အႏိုင္ရကာ (၃၃) ပြဲ သေရက်ထားပါတယ္။

St.Mary’s Stadium မွာ ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ေနာက္ဆုံး (၁၄) ပြဲမွာ အိမ္ရွင္ ေဆာက္သမ္တန္အသင္းက (၁) ပြဲသာ ႏိုင္ပြဲ ရထားဖူးၿပီး ဧည္သည္ ယူႏိုက္တက္က (၁၀) ပြဲတိတိ အႏိုင္ရကာ (၃) ပြဲ သေရက်ထားပါတယ္။

ဒီ (၂) သင္းရဲ႕ ပရီးမီးယားလိဂ္ ေနာက္ဆုံး (၁၅) ပြဲ ေတြ႕ဆုံမႈမွာ ယူႏိုက္တက္အသင္းက (၇) ပြဲ အႏိုင္ရထားၿပီး ေဆာက္သမ္တန္ အသင္းက (၃) ပြဲ အႏိုင္ရကာ သေရပြဲ (၅) ပြဲ ရွိထားပါတယ္။

ေဆာက္သမ္တန္အသင္း

ေဆာက္သမ္တန္အသင္းဟာ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕တုန္းက ကစားသမား (၄) ဦးကို ထြက္ခြာခြင့္ေပးခဲ့ၿပီး (၃) ဦးကိုသာ ျပန္လည္ ေခၚဆိုထားၿပီး ပရီးမီးယားလိဂ္ ပြဲစဥ္ (၃) ပြဲ ကစားၿပီးခ်ိန္မွာ ႏိုင္ပြဲ (၁) ပြဲ သာရထားၿပီး (၂) ပြဲရႈံးနိမ့္ကာ အမွတ္ေပးဇယား အဆင့္ (၁၈) ေနရာကို ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။

အိမ္ကြင္းမွာ သြင္းဂိုးေတြ ပုံမွန္သြင္းယူထားႏိုင္ခဲ့တဲ့ ေဆာက္သမ္တန္ အသင္းဟာ ဒီႏွစ္မွာလည္း အိမ္ကြင္း သြင္းဂိုးေတြနဲ႔အတူ အမွတ္ေတြရယူႏိုင္ဖို႔ Che Adams ႏွင့္ Danny Ings တို႔ကို ထပ္မံအားျဖည့္ထားပါတယ္။

ပြဲစဥ္ (၃) မွာမွ စတင္ အမွတ္ရရွိထားတဲ့ ေဆာက္သမ္တန္ အသင္းဟာ အိမ္ကြင္းမွာ ရလဒ္ေကာင္း ထပ္မံရရွိႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။ Ryan Bertrand ကေတာ့ ဒဏ္ရာျပႆနာေၾကာင့္ ဒီပြဲစဥ္ကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္း

ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ (၃) မွာ ပဲေလ့စ္ကို အိမ္ကြင္းမွ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဖိအားအခ်ိဳ႕ ရွိလာခဲ့တဲ့ ယူႏိုက္တက္ အသင္းအတြက္ ေနာက္ခံလူ လုခ္ေရွာႏွင့္ တိုက္စစ္မႉး မာရွယ္တို႔ရဲ႕ ဒဏ္ရာျပႆနာက သတင္းဆိုး ျဖစ္ေနပါတယ္။

နည္းျပဆိုးလ္ရွား အေနနဲ႔ကေတာ့ သြင္းဂိုးေတြ ပိုမိုရရွိဖို႔ တိုက္စစ္ပိုင္းကို အဓိက ျပင္ဆင္လာရဖို႔ ရွိေနၿပီး လူငယ္ကစားသမား အခ်ိဳ႕ကိုလည္း ပြဲထြက္ကစား လာေစႏိုင္ပါတယ္။

မွတ္တမ္းအခ်က္အလက္ေတြ အရေတာ့ ယူႏိုက္တက္အသင္းဟာ ေဆာက္သမ္တန္အသင္းနဲ႔ ေတြ႕ဆုံမႈ ၿပိဳင္ပြဲစုံ ေနာက္ဆုံး (၇) ပြဲမွာ ရႈံးပြဲလုံးဝ မရွိထားဘဲ (၄) ပြဲႏိုင္ (၃) ပြဲ သေရ ဆိုတဲ့ရလာဒ္ကို ပိုင္ဆိုင္ထားပါတယ္။

ဒါ့အျပင္ ေဆာက္သမ္တန္အသင္းရဲ႕ အိမ္ကြင္း St.Mary’s Stadium မွာ ကစားခဲ့တဲ့ ေနာက္ဆုံး (၁၁) ပြဲမွာလည္း ရႈံးပြဲ လုံးဝမရွိထားပါဘူး။

ဒဏ္ရာရ ပြဲပယ္စာရင္း

ေဆာက္သမ္တန္ – ရက္ဒ္မြန္၊ ဒီဂ်န္ပို၊ အိုဘာဖီမီ၊ ဘားနက္ဒ္

ယူႏိုက္တက္ – လုခ္ေရွာ၊ မာရွယ္၊ ဘိုင္ယီ၊ ဒါေလာ့၊ ဖိုဆူမန္ဆာ

ေနာက္ဆုံး (၅) ႀကိမ္ေတြ႕ဆုံမႈ

(၁၇-၀၅-၂၀၁၇) ေဆာက္သမ္တန္ ၀ – ၀ ယူႏိုက္တက္
(၂၃-၀၉-၂၀၁၇) ေဆာက္သမ္တန္ ၀ – ၁ ယူႏိုက္တက္
(၃၀-၁၂-၂၀၁၇) ယူႏိုက္တက္ ၀ – ၀ ေဆာက္သမ္တန္
(၀၁-၁၂-၂၀၁၈) ေဆာက္သမ္တန္ ၂ – ၂ ယူႏိုက္တက္
(၀၂-၀၃-၂၀၁၉) ယူႏိုက္တက္ ၃ – ၂ ေဆာက္သမ္တန္

ယူႏိုက္တက္ ေနာက္ဆုံး (၅) ပြဲရလဒ္

(၃၀-၀၁-၂၀၁၉) ခရစ္တန္ဆန္း ၀ – ၁ ယူႏိုက္တက္
(၀၃-၀၈-၂၀၁၉) ယူႏိုက္တက္ ၂ – ၂ ေအစီမီလန္
(၁၁-၀၈-၂၀၁၉) ယူႏိုက္တက္ ၄ – ၀ ခ်ဲလ္ဆီး
(၂၀-၀၈-၂၀၁၉) ဝုဗ္လ္ ၁ – ၁ ယူႏိုက္တက္
(၂၄-၀၈-၂၀၁၉) ယူႏိုက္တက္ ၁ – ၂ ပဲေလစ့္

ေဆာက္သမ္တန္ ေနာက္ဆုံး (၅) ပြဲရလဒ္

(၀၃-၀၈-၂၀၁၉) ေဆာက္သမ္တန္ ၂ – ၀ ကိုလံုး
(၁၀-၀၈-၂၀၁၉) ဘန္ေလ ၃ – ၀ ေဆာက္သမ္တန္
(၁၇-၀၈-၂၀၁၉) ေဆာက္သမ္တန္ ၁ – ၂ လီဗာပူးလ္
(၂၄-၀၈-၂၀၁၉) ဘရိုက္တန္ ၀ – ေဆာက္သမ္တန္
(၂၈-၀၈-၂၀၁၉) ဖူဟမ္လ္ ၀ – ၁ ေဆာက္သမ္တန္

ျဖစ္ႏိုင္ဖြယ္ ယူႏိုက္တက္ ပြဲထြက္ လူစာရင္း

{Unicode Version}
ထူးခြားအချက်အလက်များ

ဆောက်သမ်တန်အသင်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ တွေ့ဆုံမှုတွေမှာ ထူးခြားချက်တစ်ခုကတော့ free kick သွင်းဂိုးတွေ ရရှိထားနိုင်မှုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ဆောက်သမ်တန်အသင်းဟာ ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ်တွေမှာ free kick သွင်းဂိုး (၂) ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

ဒီ (၂) သင်း တွေ့ဆုံတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ free kick သွင်းဂိုးက (၇) ဂိုးအထိရှိခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်မှာ အသင်း (၂) သင်းတွေ့ဆုံမှုမှာ free kick ကနေ သွင်းဂိုးရယူနိုင်မှု ဒုတိယအများဆုံး စံချိန်ပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အသင်း (၂) သင်း တွေ့ဆုံမှု မှာ free kick သွင်းဂိုး အများဆုံး ရယူထားနိုင်ခဲ့တဲ့ အသင်း (၂) သင်းကတော့ ယူနိုက်တက်အသင်းနှင့် လီဗာပူးလ်အသင်းတို့ပဲ ဖြစ်ပြီး ဒီ (၂) သင်းတွေ့ဆုံတဲ့ပွဲစဉ်တွေမှာ free kick သွင်းဂိုး (၈) ဂိုးတိတိ ရှိထားပါတယ်။

ဆောက်သမ်တန် အသင်းဟာ နောက်ဆုံးကစားခဲတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အိမ်ကွင်း (၈) ပွဲမှာ နိုင်ပွဲလုံးဝ မရရှိခဲ့ဘဲ (၃) ပွဲ သရေကျကာ (၅) ပွဲ ရှုံးနိမ့်ထားပါတယ်။ ယူနိုက်တက်အသင်းဟာ ဆောက်သမ်တန်အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖိုဒ့်မှာထက် အဝေးကွင်း St.Mary’s မှာ ပိုပြီး အနိုင်ရတတ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆောက်သမ်တန်အသင်းကို သူတို့ရဲ့အိမ်ကွင်းမှာ (၁၀) ပွဲတိတိ နိုင်ပွဲရယူထားပြီး ဒါဟာ ပရီးမီးယားလိဂ် အသင်းတစ်သင်းက ပြိုင်ဘက်အသင်းကို (၂) သင်း တွေ့ဆုံမှုမှာ အိမ်ကွင်းမှာထက် အဝေးကွင်းမှာ အနိုင်ရမှု အကြိမ်အများဆုံး မှတ်တမ်းပဲ ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ် တွေ့ဆုံမှု (၉) ကြိမ်မှာ ဦးဆောင်ဂိုး သွင်းယူပြီးမှ သွင်းဂိုးတွေ ပြန်လည်ခွင့်ပြုပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ကို ဦးဆောင်ဂိုး သွင်းယူပြီး ပြန်လည်ရှုံးနိမ့်ရမှု အများဆုံးစံချိန်ပဲ ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်း (၁၅) ပွဲ ဆက်တိုက် ပွဲတိုင်း ဂိုးသွင်းယူထားပါတယ်။ သူတို့ နောက်ဆုံးအကြိမ် ဂိုးမသွင်းနိုင်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်ကတော့ (၂၀၁၈) ခုနှစ် အောက်တိုဘာလမှာ ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ဂိုးမရှိ သရေပွဲပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ် (၁၄) ပွဲမှာ ဂိုး မပေးရတဲ့ပွဲ Clean Sheet (၁) ပွဲသာ ရရှိထားပါတယ်။ ပေးဂိုး (၂၂) ဂိုး ခွင့်ပြုပေးခဲ့ရပြီး ရဂိုးက (၁၉) ဂိုးသာ ရှိထားပါတယ်။အဲဒီပွဲစဉ်တွေမှာ နိုင်ပွဲ (၅) ပွဲသာ ရှိပြီး (၃) ပွဲ သရေကျကာ (၆) ပွဲ တိတိ ရှုံးနိမ့်ထားပါတယ်။

ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ ဆောက်သမ်တန် အသင်းကို ကစားသမားဘဝကရော နည်းပြအနေနဲ့ပါ (၉) ကြိမ် တွေ့ဆုံခဲ့ဖူးရာ (၈) ပွဲ အနိုင်ရပြီး ၁ ပွဲသာ သရေကျထားပြီး ရှုံးပွဲ မရှိသေးပါဘူး။

နည်းပြအနေနဲ့ (၂) ပွဲ အနိုင်ရထားပြီး ကစားသမားဘဝက (၆ ပွဲ အနိုင်ရထားပါတယ်။ တစ်ပွဲတည်းသော သရေပွဲကတော့ (၁၉၉၉) ခုနှစ်က အိုးထရက်ဖို့ဒ်မှာ (၃) ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုရလဒ်

ဆောက်သမ်တန်အသင်းနဲ့ ယူနိုက်တက်အသင်းတို့ဟာ ပြိုင်ပွဲစုံ (၁၂၅) ပွဲ တွေ့ဆုံဖူးခဲ့ကြပြီး ယူနိုက်တက်အသင်းက (၆၅) ပွဲအနိုင်ရပြီး ဆောက်သမ်တန်အသင်းက (၂၇) ပွဲ အနိုင်ရကာ (၃၃) ပွဲ သရေကျထားပါတယ်။

St.Mary’s Stadium မှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး (၁၄) ပွဲမှာ အိမ်ရှင် ဆောက်သမ်တန်အသင်းက (၁) ပွဲသာ နိုင်ပွဲ ရထားဖူးပြီး ဧည်သည် ယူနိုက်တက်က (၁၀) ပွဲတိတိ အနိုင်ရကာ (၃) ပွဲ သရေကျထားပါတယ်။

ဒီ (၂) သင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး (၁၅) ပွဲ တွေ့ဆုံမှုမှာ ယူနိုက်တက်အသင်းက (၇) ပွဲ အနိုင်ရထားပြီး ဆောက်သမ်တန် အသင်းက (၃) ပွဲ အနိုင်ရကာ သရေပွဲ (၅) ပွဲ ရှိထားပါတယ်။

ဆောက်သမ်တန်အသင်း

ဆောက်သမ်တန်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တုန်းက ကစားသမား (၄) ဦးကို ထွက်ခွာခွင့်ပေးခဲ့ပြီး (၃) ဦးကိုသာ ပြန်လည် ခေါ်ဆိုထားပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ (၁) ပွဲ သာရထားပြီး (၂) ပွဲရှုံးနိမ့်ကာ အမှတ်ပေးဇယား အဆင့် (၁၈) နေရာကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

အိမ်ကွင်းမှာ သွင်းဂိုးတွေ ပုံမှန်သွင်းယူထားနိုင်ခဲ့တဲ့ ဆောက်သမ်တန် အသင်းဟာ ဒီနှစ်မှာလည်း အိမ်ကွင်း သွင်းဂိုးတွေနဲ့အတူ အမှတ်တွေရယူနိုင်ဖို့ Che Adams နှင့် Danny Ings တို့ကို ထပ်မံအားဖြည့်ထားပါတယ်။

ပွဲစဉ် (၃) မှာမှ စတင် အမှတ်ရရှိထားတဲ့ ဆောက်သမ်တန် အသင်းဟာ အိမ်ကွင်းမှာ ရလဒ်ကောင်း ထပ်မံရရှိနိုင်မလား စောင့်ကြည့်ရမှာပါ။ Ryan Bertrand ကတော့ ဒဏ်ရာပြဿနာကြောင့် ဒီပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃) မှာ ပဲလေ့စ်ကို အိမ်ကွင်းမှ ရှုံးနိမ့်ခဲ့ပြီးနောက် ဖိအားအချို့ ရှိလာခဲ့တဲ့ ယူနိုက်တက် အသင်းအတွက် နောက်ခံလူ လုခ်ရှောနှင့် တိုက်စစ်မှူး မာရှယ်တို့ရဲ့ ဒဏ်ရာပြဿနာက သတင်းဆိုး ဖြစ်နေပါတယ်။

နည်းပြဆိုးလ်ရှား အနေနဲ့ကတော့ သွင်းဂိုးတွေ ပိုမိုရရှိဖို့ တိုက်စစ်ပိုင်းကို အဓိက ပြင်ဆင်လာရဖို့ ရှိနေပြီး လူငယ်ကစားသမား အချို့ကိုလည်း ပွဲထွက်ကစား လာစေနိုင်ပါတယ်။

မှတ်တမ်းအချက်အလက်တွေ အရတော့ ယူနိုက်တက်အသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ တွေ့ဆုံမှု ပြိုင်ပွဲစုံ နောက်ဆုံး (၇) ပွဲမှာ ရှုံးပွဲလုံးဝ မရှိထားဘဲ (၄) ပွဲနိုင် (၃) ပွဲ သရေ ဆိုတဲ့ရလာဒ်ကို ပိုင်ဆိုင်ထားပါတယ်။

ဒါ့အပြင် ဆောက်သမ်တန်အသင်းရဲ့ အိမ်ကွင်း St.Mary’s Stadium မှာ ကစားခဲ့တဲ့ နောက်ဆုံး (၁၁) ပွဲမှာလည်း ရှုံးပွဲ လုံးဝမရှိထားပါဘူး။

ဒဏ်ရာရ ပွဲပယ်စာရင်း

ဆောက်သမ်တန် – ရက်ဒ်မွန်၊ ဒီဂျန်ပို၊ အိုဘာဖီမီ၊ ဘားနက်ဒ်

ယူနိုက်တက် – လုခ်ရှော၊ မာရှယ်၊ ဘိုင်ယီ၊ ဒါလော့၊ ဖိုဆူမန်ဆာ

နောက်ဆုံး (၅) ကြိမ်တွေ့ဆုံမှု

(၁၇-၀၅-၂၀၁၇) ဆောက်သမ်တန် ၀ – ၀ ယူနိုက်တက်
(၂၃-၀၉-၂၀၁၇) ဆောက်သမ်တန် ၀ – ၁ ယူနိုက်တက်
(၃၀-၁၂-၂၀၁၇) ယူနိုက်တက် ၀ – ၀ ဆောက်သမ်တန်
(၀၁-၁၂-၂၀၁၈) ဆောက်သမ်တန် ၂ – ၂ ယူနိုက်တက်
(၀၂-၀၃-၂၀၁၉) ယူနိုက်တက် ၃ – ၂ ဆောက်သမ်တန်

ယူနိုက်တက် နောက်ဆုံး (၅) ပွဲရလဒ်

(၃၀-၀၁-၂၀၁၉) ခရစ်တန်ဆန်း ၀ – ၁ ယူနိုက်တက်
(၀၃-၀၈-၂၀၁၉) ယူနိုက်တက် ၂ – ၂ အေစီမီလန်
(၁၁-၀၈-၂၀၁၉) ယူနိုက်တက် ၄ – ၀ ချဲလ်ဆီး
(၂၀-၀၈-၂၀၁၉) ဝုဗ်လ် ၁ – ၁ ယူနိုက်တက်
(၂၄-၀၈-၂၀၁၉) ယူနိုက်တက် ၁ – ၂ ပဲလေစ့်

ဆောက်သမ်တန် နောက်ဆုံး (၅) ပွဲရလဒ်

(၀၃-၀၈-၂၀၁၉) ဆောက်သမ်တန် ၂ – ၀ ကိုလုံး
(၁၀-၀၈-၂၀၁၉) ဘန်လေ ၃ – ၀ ဆောက်သမ်တန်
(၁၇-၀၈-၂၀၁၉) ဆောက်သမ်တန် ၁ – ၂ လီဗာပူးလ်
(၂၄-၀၈-၂၀၁၉) ဘရိုက်တန် ၀ – ဆောက်သမ်တန်
(၂၈-၀၈-၂၀၁၉) ဖူဟမ်လ် ၀ – ၁ ဆောက်သမ်တန်

ဖြစ်နိုင်ဖွယ် ယူနိုက်တက် ပွဲထွက် လူစာရင်း