စူပါအေးဂျင့်ရဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ တွန်းအားပေးခြင်းခံနေရတဲ့ ယူနိုက်တက် စတား

[Zawgyi Version]

ကြယ်စင်စုလို့ နာမည်ကြီးနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်စတား ပေါ့ဘာကို ခေါ်ယူခြင်နေတာ အားလုံး သိကြမှာပါ။ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ ဈေးကွက်က ပိတ်သွားပြီး ဖြစ်ပေမယ့် ဥရောပရဲ့ အပြောင်းအရွှေ့ ဈေးကွက်ကတော့ မပိတ်သေးပါဘူး။

ဥရောပရဲ့ အပြောင်းအရွှေ့ ဈေးကွက်က လာမယ့် တနင်္လာနေ့မှသာ ပိတ်မှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူပေါ့ဘာဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာ အားလုံးလည်း သိကြမှာပါ။ ပေါ့ဘာက ဒီကိစ္စကို ကွယ်ဝှက်မထားဘဲ ပွင့်ပွင့်လင်းလင်း သူ့အနေနဲ့ စိတ်ခေါ်မှုအသစ်တွေ ရင်ဆိုင်ချင်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ပြင်သစ်ကွင်းလယ်လူ ကမ္ဘာ့ဖလား ချန်ပီယံဆုဖလား ပိုင်ရှင် ပေါ့ဘာရဲ့ အေးဂျင့် ရွိုင်းအိုလာကတော့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့အတွက် လက်မလျော့သေးဘဲ အစွမ်းကုန် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ရွိုင်းအိုလာက ပေါ့ဘာ ရီးရဲလ်ကိုပြောင်းဖို့ ဘယ်လောက်စိတ်အား ထက်သန်နေလဲ ဆိုတာ အားလုံး သိကြပါတယ်။ ပေါ့ဘာ ဒီမှာ ဘယ်လို ခံစားနေရသလဲဆိုတာကိုလည်း အားလုံးသိကြပါတယ်။ လို့ The Times ကို ပြောကြားခဲ့ပါတယ်။

သို့ပေမယ့် သရဲနီတို့ဟာ သူတို့ရဲ့ အကောင်းဆုံးကွင်းလယ် ကစားသမားကို လက်လွှတ်လိုစိတ် မရှိတာကြောင့် စူပါအေးဂျင့် ရွိုင်းအိုလာအနေနဲ့ အရမ်းတွန်းလို့ မရတော့ပေမယ့်် လက်လျော့ခြင်းတော့ မရှိသေးဘူးလို့ မာကာသတင်းစာက ဆိုပါတယ်။

စပိန်သတင်းစာကတော့ ရွိုင်းအိုလာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါ့ဘာရဲ့ လက်ရှိစာချူပ်ကုန်ရင် သက်တမ်းတိုးတာ လုပ်ဆောင်မှာမဟုတ်ဘူးလို့ သတင်းစကားပါးထားကြောင်း ( ပေါ့ဘာရဲ့ လက်ရှိစာချူပ်ဟာ ၂၀၂၁ ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ် ) ဖွင့်ဟ ထားပါတယ်။ အဆိုပါ သတင်းစကားကို ပါးပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းကို ပေါင် ၁၈၁ သန်းနဲ့ ရောင်းချဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ပေါ့ဘာဟာ ပြင်သစ်အသင်းရဲ့ ဂန္တဝင် သူရဲကောင်း ဇီဒန်းရဲ့ လက်အောက်မှာ အလွန်အမင်း ကစားချင်သူ ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့ အိပ်မက်တွေဟာ အခုလောလောဆယ်တော့ အကောင်အထည် ပေါ်နိုင်ချေ မရှိသေးပါဘူး။ ပေါ့ဘာအနေနဲ့ ဟာဇက်လိုပဲ နောက်ထပ် အပြောင်းအရွှေ့ ရာသီတစ်ခု သို့မဟုတ် နောက်တစ်ကြိမ်အခွင့်အရေးကို စောင့်ဖို့ လိုနေပါတယ်။

ဘယ်ဂျီယံလက်ရွေးစင် ဟာဇက်ဟာလည်း ဆန်တီယာဂို ဘာနေဗျူးကို နှစ်ကာလ အတော်ကြာကတည်းက ပြောင်းရွှေ့ချင်ခဲ့ပေမယ့်် ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေခဲ့ပေမယ့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ချယ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟာဇက်တစ်ယောက်တော့ သူ့ရဲ့အိပ်မက်အတိုင်း ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားနိုင်ခဲ့ပေမယ့်် ပေါ့ဘာတစ်ယောက်ကော သူ့အိပ်မက်အတိုင်း ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့နိုင်မလား ဆိုတာကိုတော့… အချိန်ကာလတစ်ခုလောက်ပေးပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

[Unicode Version]