Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (၀၅-၀၉-၂၀၁၉)

{Zawgyi Version}

နောက်ကျောဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှ နှုတ်ထွက်ခဲ့သော နောက်ခံလူ ဝမ်ဘစ်ဆာကာဟာ ယူနိုက်တက်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပြီး လာမယ့် လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်သွားရမှာပဲ ဖြစ်ပါတယ်။

ဘစ်ဆာကာဟာ လက်ရှိရရှိနေတဲ့ ဒဏ်ရာဖြင့် ဘောလုံး ကစားနိုင်သော်လည်း ရေရှည်မှာ မလိုလားအပ်သော ဒဏ်ရာများ ထပ်မံ မရရှိစေဖို့ အင်္ဂလန်အသင်းကနေ နှုတ်ထွက်ကာ ယခုလို အသင်းကိုပြန်လာပြီး စစ်ဆေးမှု ခံယူရခြင်း ဖြစ်ပါတယ်။ [Telegraph]

ပဲလေစ့်အသင်းကို ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် တံခေါက်ကြော ဒဏ်ရာရှိသွားခဲ့သော ယူနိုက်တက်အသင်း တိုက်စစ်မှူး မာရှယ်ဟာ နိုင်ငံတကာ ပွဲစဉ်များအပြီးမှာ ကစားမယ့် လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပြန်လည် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။ [mirror]

ဆောက်သမ်တန်အသင်းနဲ့ သရေကျခဲ့သော ပွဲစဉ်တွင် ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့သော ကွင်းလယ်ကစားသမား ပေါဂ့်ဘာဟာ (၈) ရက် (သို့မဟုတ်) (၁၀) ရက် ခန့် အနားယူရဖွယ် ရှိနေပြီး လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မှာ ပြန်လည် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။ [L’Équipe]

ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ပေါဂ့်ဘာကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး အကယ်၍ ပေါဂ့်ဘာက ငြင်းဆန်ခဲ့ပါက စာချုပ်သက်တမ်း ကုန်ခါနီးတွင် တန်ကြေးလျော့နည်းမှုအား ကာကွယ်နိုင်ရန် ရောင်းချသွားဖို့ စဉ်စားမည်ဖြစ်သည်။ [evening standard]

ယူနိုက်တက်အသင်း နောက်ခံလူ ဝမ်ဘစ်ဆာကာဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ ဖြတ်ထုတ်မှု (၂၆) ကြိမ်အထိ ပြုလုပ်ထားပြီး ဖြတ်ထုတ်မှု အများဆုံး ကစားသမားအဖြစ် ဦးဆောင်နေပါတယ်။ [Statman Dave]

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ကာလတုန်းက ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ခဲ့တဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ” ကျွန်တော်ပြောတာမမှားဘူးဆိုရင် ကျွန်တော်က ယူနိုက်တက်လို အသင်းမျိုးမှာ ကစားဖို့ အရည်အချင်းရှိတယ်လို့ ယုံကြည်ပါတယ်။

ဒါပေမယ့် အခုတော့ အချိန်မကျသေးဘူးလို့ ထင်ပါတယ်။ မှန်ကန်တဲ့ အချိန်တစ်ခုကို ရောက်ဖို့လိုပါတယ်။ လောလောဆယ်တော့ ကျွန်တော်က သင်ယူနေတုန်းပါပဲ ” လို့ ပြောဆိုသွားခဲ့ပါတယ်။ [fourfourtwo]

{Unicode Version}

နောက်ကျောဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှ နှုတ်ထွက်ခဲ့သော နောက်ခံလူ ဝမ်ဘစ်ဆာကာဟာ ယူနိုက်တက်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပြီး လာမယ့် လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်သွားရမှာပဲ ဖြစ်ပါတယ်။

ဘစ်ဆာကာဟာ လက်ရှိရရှိနေတဲ့ ဒဏ်ရာဖြင့် ဘောလုံး ကစားနိုင်သော်လည်း ရေရှည်မှာ မလိုလားအပ်သော ဒဏ်ရာများ ထပ်မံ မရရှိစေဖို့ အင်္ဂလန်အသင်းကနေ နှုတ်ထွက်ကာ ယခုလို အသင်းကိုပြန်လာပြီး စစ်ဆေးမှု ခံယူရခြင်း ဖြစ်ပါတယ်။ [Telegraph]

ပဲလေစ့်အသင်းကို ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် တံခေါက်ကြော ဒဏ်ရာရှိသွားခဲ့သော ယူနိုက်တက်အသင်း တိုက်စစ်မှူး မာရှယ်ဟာ နိုင်ငံတကာ ပွဲစဉ်များအပြီးမှာ ကစားမယ့် လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပြန်လည် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။ [mirror]

ဆောက်သမ်တန်အသင်းနဲ့ သရေကျခဲ့သော ပွဲစဉ်တွင် ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့သော ကွင်းလယ်ကစားသမား ပေါဂ့်ဘာဟာ (၈) ရက် (သို့မဟုတ်) (၁၀) ရက် ခန့် အနားယူရဖွယ် ရှိနေပြီး လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မှာ ပြန်လည် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။ [L’Équipe]

ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ပေါဂ့်ဘာကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး အကယ်၍ ပေါဂ့်ဘာက ငြင်းဆန်ခဲ့ပါက စာချုပ်သက်တမ်း ကုန်ခါနီးတွင် တန်ကြေးလျော့နည်းမှုအား ကာကွယ်နိုင်ရန် ရောင်းချသွားဖို့ စဉ်စားမည်ဖြစ်သည်။ [evening standard]

ယူနိုက်တက်အသင်း နောက်ခံလူ ဝမ်ဘစ်ဆာကာဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ ဖြတ်ထုတ်မှု (၂၆) ကြိမ်အထိ ပြုလုပ်ထားပြီး ဖြတ်ထုတ်မှု အများဆုံး ကစားသမားအဖြစ် ဦးဆောင်နေပါတယ်။ [Statman Dave]

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ကာလတုန်းက ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ခဲ့တဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ” ကျွန်တော်ပြောတာမမှားဘူးဆိုရင် ကျွန်တော်က ယူနိုက်တက်လို အသင်းမျိုးမှာ ကစားဖို့ အရည်အချင်းရှိတယ်လို့ ယုံကြည်ပါတယ်။

ဒါပေမယ့် အခုတော့ အချိန်မကျသေးဘူးလို့ ထင်ပါတယ်။ မှန်ကန်တဲ့ အချိန်တစ်ခုကို ရောက်ဖို့လိုပါတယ်။ လောလောဆယ်တော့ ကျွန်တော်က သင်ယူနေတုန်းပါပဲ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

[fourfourtwo]