Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ယူႏိုက္တက္အသင္းႏွင့္ လက္စတာစီးတီးအသင္း တို႔၏ ပြဲႀကိဳအခ်က္အလက္မ်ားႏွင့္ ျဖစ္ႏိုင္ဖြယ္ ယူႏိုက္တက္ ပြဲထြက္ လူစာရင္း

ထူးျခားအခ်က္အလက္မ်ား

လက္စတာအသင္းဟာ (၁၉၈၉) ခုႏွစ္က ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ယူႏိုက္တက္ အိမ္ကြင္း အိုးလ္ထရက္ဖိုဒ့္မွာ အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း အခုဆိုရင္ အိုးထရက္ဖို႔ဒ္မွာ မႏိုင္တာက (၂၁) ႏွစ္ရွိၿပီ ျဖစ္ပါတယ္။

လက္စတာဟာ (၂၀၁၄) ခုႏွစ္၊ စက္တင္ဘာလ ေနာက္ပိုင္း ယူႏိုက္တက္အသင္းကို ႏိုင္ပြဲ ရရွိထားျခင္း လုံးဝ မရွိခဲ့ပါဘူး။

ယူႏိုက္တက္ ေတာင္ပံကစားသမား ဒန္နီရယ္လ္ဂ်ိမ္းစ္ဟာ ယူႏိုက္တက္ အသင္းအတြက္ ပရီးမီးယားလိဂ္ (၄) ပြဲ ကစားၿပီးခ်ိန္မွာ (၃) ဂိုး သြင္းယူ ေပးထားပါတယ္။

တကယ္လို႔သာ ဒန္နီရယ္လ္ဂ်ိမ္းစ္အေနနဲ႔ ဒီေန႔ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့မယ္ဆိုရင္ အိုးထရက္ဖို႔ဒ္မွာ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ (၃) ပြဲဆက္ ဂိုးသြင္းႏိုင္တဲ့ ဒုတိယေျမာက္ ကစားသမားအျဖစ္ လက္ရွိယူႏိုက္တက္ နည္းျပ ဆိုးလ္ရွားရဲ႕ စံခ်ိန္ကို လိုက္မွီႏိုင္မွာ ျဖစ္ပါတယ္။

ထိပ္တိုက္ေတြ႕ဆုံမႈရလဒ္

ၿပီးခဲ့တဲ့ႏွစ္ ေဘာလုံးရာသီ ထိပ္တိုက္ ေတြ႕ဆုံမႈမွာေတာ့ ယူႏိုက္တက္က လက္စတာကို ႏွစ္ပြဲစလုံး အႏိုင္ရထားပါတယ္။ ေနာက္ဆုံး ထိပ္တိုက္ေတြ႕ဆုံမႈ (၉) ႀကိမ္မွာလည္း ယူႏိုက္တက္က (၆) ပြဲႏိုင္၊ (၃) ပြဲသေရ က်ထားၿပီး ရွဴံးပြဲမရွိခဲ့ပါဘူး။

ယူႏိုက္တက္ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ေနာက္ဆုံး ထိပ္တိုက္ေတြ႕ဆုံမႈ (၉) ႀကိမ္မွာလည္း လက္စတာက တစ္ႀကိမ္သာ သေရက်ၿပီး (၈) ႀကိမ္တိတိ ရွဴံးနိမ့္ထားခဲ့ပါတယ္။

ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ ဒီရာသီ အိမ္ကြင္း အိုးလ္ထရက္ဖိုဒ့္မွာ ပဲေလ့စ္ကို ရႈံးထားၿပီး ပရီးမီးယားလိဂ္ (၄) ပြဲ ကစားၿပီးခ်ိန္မွာ တစ္ပြဲသာ အႏိုင္ရခဲ့ပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္မွာ ေပါဂ့္ဘာ အပါအဝင္ ဒဏ္ရာရ ကစားသမားေတြ မ်ားျပားေနတာက နည္းျပ ဆိုးလ္ရွားအတြက္ ေခါင္းခဲစရာ ျဖစ္ေနပါတယ္။

ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ ေနာက္ဆုံး (၃) ပြဲဆက္ ႏိုင္ပြဲေပ်ာက္ေနသလို ေနာက္ဆုံး (၉) ပြဲမွာလည္း တစ္ပြဲသာ အႏိုင္ရရွိထားၿပီး (၄) ပြဲသေရ၊ (၄) ပြဲ ရွဴံးခဲ့ပါတယ္။

ဒါ့အျပင္ ေနာက္ဆုံး (၁၅) ပြဲမွာ (၁၄) ပြဲ ဂိုးေပးခဲ့ရၿပီး စုစုေပါင္း ေပးဂိုးက (၂၃) ဂိုး အထိ ရွိေနပါတယ္။ တိုက္စစ္ပိုင္းကလည္း အဆိုပါ (၁၅) ပြဲမွာ ဂိုး (၂၀) သာ သြင္းယူ ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

လက္စတာစီးတီးအသင္း

လက္စတာဟာ ဒီႏွစ္ ေဘာလုံးရာသီမွာ ၿပိဳင္ပြဲစုံ ရွဴံးပြဲမရွိေသးဘဲ (၂) ပြဲႏိုင္၊ (၃) ပြဲသေရ ရလဒ္ကို ပိုင္ဆိုင္ထားပါတယ္။

ၿပီးခဲ့တဲ့ မတ္လကေန ဘရန္ဒန္ေရာ္ဂ်ာ လက္စတာအသင္းကို စတင္ ကိုင္တြယ္ခ်ိန္ကေန စၿပီး လက္စတာအသင္းဟာ ပရီးမီးယားလိဂ္မွာ စုစုေပါင္း (၂၅) မွတ္ရခဲ့ပါတယ္။ သူတို႔ထက္ ပိုရလဒ္ေကာင္းတာ မန္စီးတီးနဲ႔ လီဗာပူး ႏွစ္သင္းပဲ ရွိပါတယ္။

လက္စတာ တိုက္စစ္မႉး ေဂ်မီဗာဒီဟာ ၿပီးခဲ့တဲ့ (၅) ႏွစ္အတြင္း ပရီးမီးယားလိဂ္ ထိပ္သီးေျခာက္သင္းဖက္ကို စုစုေပါင္း (၃၁) ဂိုး အထိ သြင္းယူႏိုင္ခဲ့သူ ျဖစ္ပါတယ္။ လက္ရွိနည္းျပ ဘရန္ဒန္ေရာ္ဂ်ာ လက္ထက္ ပရီးမီးယားလိဂ္ (၁၄) ပြဲ ပါဝင္ ကစားခဲ့ရာမွာလည္း (၁၂) ဂိုးသြင္းေပးထားကာ (၂) ဂိုး ဖန္တီး ေပးထားပါတယ္။

ဒဏ္ရာရ ပြဲပယ္စာရင္း

ယူႏိုက္တက္ – ေပါ့ဂ္ဘာ၊ မာစီရယ္၊ လင္ဂါတ္၊ လုခ္ေရွာ၊ ဒါေလာဒ့္၊ ဖိုဆူမန္ဆာ၊ ဘိုင္ယီ။

လက္စတာ – မက္သရူးဂ်ိမ္းစ္။

ေနာက္ဆုံး (၅) ႀကိမ္ေတြ႕ဆုံမႈ

(၀၃-၀၂-၂၀၁၉) လက္စတာ ၀ – ၁ ယူႏိုက္တက္
(၁၀-၀၈-၂၀၁၈) ယူႏိုက္တက္ ၂ – ၁ လက္စတာ
(၂၃-၁၂-၂၀၁၇) လက္စတာ ၂ – ၂ ယူႏိုက္တက္
(၂၆-၀၈-၂၀၁၇) ယူႏိုက္တက္ ၂ – ၀ လက္စတာ
(၀၅-၀၂-၂၀၁၇) လက္စတာ ၀ – ၃ ယူႏိုက္တက္

ယူႏိုက္တက္ ေနာက္ဆုံး (၅) ပြဲရလဒ္

(၀၃-၀၈-၂၀၁၉) ယူႏိုက္တက္ ၂ – ၂ ေအစီမီလန္
(၁၁-၀၈-၂၀၁၉) ယူႏိုက္တက္ ၄ – ၀ ခ်ဲလ္ဆီး
(၂၀-၀၈-၂၀၁၉) ဝုဗ္လ္ ၁ – ၁ ယူႏိုက္တက္
(၂၄-၀၈-၂၀၁၉) ယူႏိုက္တက္ ၁ – ၂ ပဲေလစ့္
(၃၁-၀၈-၂၀၁၉) ေဆာက္သမ္တန္ ၁ – ၁ ယူႏိုက္တက္

လက္စတာ ေနာက္ဆုံး (၅) ပြဲရလဒ္

(၁၁-၀၈-၂၀၁၉) လက္စတာ ၀ – ၀ ဝုဗ္လ္
(၁၉-၀၈-၂၀၁၉) ခ်ဲလ္ဆီး ၁ – လက္စတာ
(၂၄-၀၈-၂၀၁၉) ရွက္ဖီးယူႏိုက္တက္ ၁-၂ လက္စတာ
(၂၉-၀၈-၂၀၁၉) နယူးကာဆယ္ ၁-၁ လက္စတာ
(၃၁-၀၈-၂၀၁၉) လက္စတာ ၃-၁ ဘုန္းေမာက္

ျဖစ္ႏိုင္ဖြယ္ ယူႏိုက္တက္ ပြဲထြက္ လူစာရင္း

{Unicode Version}
ထူးခြားအချက်အလက်များ

လက်စတာအသင်းဟာ (၁၉၈၉) ခုနှစ်က ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယူနိုက်တက် အိမ်ကွင်း အိုးလ်ထရက်ဖိုဒ့်မှာ အနိုင်ရခဲ့ပြီးနောက်ပိုင်း အခုဆိုရင် အိုးထရက်ဖို့ဒ်မှာ မနိုင်တာက (၂၁) နှစ်ရှိပြီ ဖြစ်ပါတယ်။

လက်စတာဟာ (၂၀၁၄) ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်း ယူနိုက်တက်အသင်းကို နိုင်ပွဲ ရရှိထားခြင်း လုံးဝ မရှိခဲ့ပါဘူး။

ယူနိုက်တက် တောင်ပံကစားသမား ဒန်နီရယ်လ်ဂျိမ်းစ်ဟာ ယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ် (၄) ပွဲ ကစားပြီးချိန်မှာ (၃) ဂိုး သွင်းယူ ပေးထားပါတယ်။

တကယ်လို့သာ ဒန်နီရယ်လ်ဂျိမ်းစ်အနေနဲ့ ဒီနေ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် (၃) ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမားအဖြစ် လက်ရှိယူနိုက်တက် နည်းပြ ဆိုးလ်ရှားရဲ့ စံချိန်ကို လိုက်မှီနိုင်မှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုရလဒ်

ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ ထိပ်တိုက် တွေ့ဆုံမှုမှာတော့ ယူနိုက်တက်က လက်စတာကို နှစ်ပွဲစလုံး အနိုင်ရထားပါတယ်။ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု (၉) ကြိမ်မှာလည်း ယူနိုက်တက်က (၆) ပွဲနိုင်၊ (၃) ပွဲသရေ ကျထားပြီး ရှူံးပွဲမရှိခဲ့ပါဘူး။

ယူနိုက်တက် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု (၉) ကြိမ်မှာလည်း လက်စတာက တစ်ကြိမ်သာ သရေကျပြီး (၈) ကြိမ်တိတိ ရှူံးနိမ့်ထားခဲ့ပါတယ်။

ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ဒီရာသီ အိမ်ကွင်း အိုးလ်ထရက်ဖိုဒ့်မှာ ပဲလေ့စ်ကို ရှုံးထားပြီး ပရီးမီးယားလိဂ် (၄) ပွဲ ကစားပြီးချိန်မှာ တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်မှာ ပေါဂ့်ဘာ အပါအဝင် ဒဏ်ရာရ ကစားသမားတွေ များပြားနေတာက နည်းပြ ဆိုးလ်ရှားအတွက် ခေါင်းခဲစရာ ဖြစ်နေပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး (၃) ပွဲဆက် နိုင်ပွဲပျောက်နေသလို နောက်ဆုံး (၉) ပွဲမှာလည်း တစ်ပွဲသာ အနိုင်ရရှိထားပြီး (၄) ပွဲသရေ၊ (၄) ပွဲ ရှူံးခဲ့ပါတယ်။

ဒါ့အပြင် နောက်ဆုံး (၁၅) ပွဲမှာ (၁၄) ပွဲ ဂိုးပေးခဲ့ရပြီး စုစုပေါင်း ပေးဂိုးက (၂၃) ဂိုး အထိ ရှိနေပါတယ်။ တိုက်စစ်ပိုင်းကလည်း အဆိုပါ (၁၅) ပွဲမှာ ဂိုး (၂၀) သာ သွင်းယူ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်စတာစီးတီးအသင်း

လက်စတာဟာ ဒီနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ရှူံးပွဲမရှိသေးဘဲ (၂) ပွဲနိုင်၊ (၃) ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လကနေ ဘရန်ဒန်ရော်ဂျာ လက်စတာအသင်းကို စတင် ကိုင်တွယ်ချိန်ကနေ စပြီး လက်စတာအသင်းဟာ ပရီးမီးယားလိဂ်မှာ စုစုပေါင်း (၂၅) မှတ်ရခဲ့ပါတယ်။ သူတို့ထက် ပိုရလဒ်ကောင်းတာ မန်စီးတီးနဲ့ လီဗာပူး နှစ်သင်းပဲ ရှိပါတယ်။

လက်စတာ တိုက်စစ်မှူး ဂျေမီဗာဒီဟာ ပြီးခဲ့တဲ့ (၅) နှစ်အတွင်း ပရီးမီးယားလိဂ် ထိပ်သီးခြောက်သင်းဖက်ကို စုစုပေါင်း (၃၁) ဂိုး အထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိနည်းပြ ဘရန်ဒန်ရော်ဂျာ လက်ထက် ပရီးမီးယားလိဂ် (၁၄) ပွဲ ပါဝင် ကစားခဲ့ရာမှာလည်း (၁၂) ဂိုးသွင်းပေးထားကာ (၂) ဂိုး ဖန်တီး ပေးထားပါတယ်။

ဒဏ်ရာရ ပွဲပယ်စာရင်း

ယူနိုက်တက် – ပေါ့ဂ်ဘာ၊ မာစီရယ်၊ လင်ဂါတ်၊ လုခ်ရှော၊ ဒါလောဒ့်၊ ဖိုဆူမန်ဆာ၊ ဘိုင်ယီ။

လက်စတာ – မက်သရူးဂျိမ်းစ်။

နောက်ဆုံး (၅) ကြိမ်တွေ့ဆုံမှု

(၀၃-၀၂-၂၀၁၉) လက်စတာ ၀ – ၁ ယူနိုက်တက်
(၁၀-၀၈-၂၀၁၈) ယူနိုက်တက် ၂ – ၁ လက်စတာ
(၂၃-၁၂-၂၀၁၇) လက်စတာ ၂ – ၂ ယူနိုက်တက်
(၂၆-၀၈-၂၀၁၇) ယူနိုက်တက် ၂ – ၀ လက်စတာ
(၀၅-၀၂-၂၀၁၇) လက်စတာ ၀ – ၃ ယူနိုက်တက်

ယူနိုက်တက် နောက်ဆုံး (၅) ပွဲရလဒ်

(၀၃-၀၈-၂၀၁၉) ယူနိုက်တက် ၂ – ၂ အေစီမီလန်
(၁၁-၀၈-၂၀၁၉) ယူနိုက်တက် ၄ – ၀ ချဲလ်ဆီး
(၂၀-၀၈-၂၀၁၉) ဝုဗ်လ် ၁ – ၁ ယူနိုက်တက်
(၂၄-၀၈-၂၀၁၉) ယူနိုက်တက် ၁ – ၂ ပဲလေစ့်
(၃၁-၀၈-၂၀၁၉) ဆောက်သမ်တန် ၁ – ၁ ယူနိုက်တက်

လက်စတာ နောက်ဆုံး (၅) ပွဲရလဒ်

(၁၁-၀၈-၂၀၁၉) လက်စတာ ၀ – ၀ ဝုဗ်လ်
(၁၉-၀၈-၂၀၁၉) ချဲလ်ဆီး ၁ – လက်စတာ
(၂၄-၀၈-၂၀၁၉) ရှက်ဖီးယူနိုက်တက် ၁-၂ လက်စတာ
(၂၉-၀၈-၂၀၁၉) နယူးကာဆယ် ၁-၁ လက်စတာ
(၃၁-၀၈-၂၀၁၉) လက်စတာ ၃-၁ ဘုန်းမောက်

ဖြစ်နိုင်ဖွယ် ယူနိုက်တက် ပွဲထွက် လူစာရင်း