ဂိုးသမား ဒီဂီယာကို သက္တမ္းတိုးႏုိင္ခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္

[Zawgyi Version]

ယူႏိုက္တက္အသင္းဟာ အသင္းရဲ့ အားထားရတဲ့ ဂိုးသမား ဒီဂီယာကို တစ္ပတ္လုပ္ခ ေပါင္ ၃ သိန္းခြဲနဲ႔ စာခ်ဴပ္သစ္ ခ်ဴပ္ဆိုႏုိင္ခဲ့တယ္လို႔ ေၾကျငာလိုက္ပါတယ္။

ကမၻာ့အေကာင္းဆံုး ဂိုးသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့ ဒီဂီယာဟာ ယူႏုိက္တက္အသင္းကို ေရာက္ရွိလာခဲ့တာ ၂၀၁၁ ခုႏွစ္ကတည္းက ျဖစ္ပါတယ္။ ဒီ စပိန္ဂိုးသမားဟာ ယူႏိုက္တက္နဲ႔ စာခ်ဴပ္သစ္ ခ်ဴပ္ဆိုဖို႔ အဆင္မေျပ ျဖစ္ေနခဲ့တာ ၾကာျပီ ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဒီဂီယာကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္မလႊတ္ရဖို႔ စာခ်ဴပ္သက္တမ္းတိုးဖို႔ မျဖစ္မေန လိုအပ္ေနခဲ့တာ ျဖစ္ပါတယ္။ ကမၻာ့အေကာင္းဆံုး စာရင္း၀င္္ ဂိုးသမားတစ္္ေယာက္ကို ေရာင္းခ်ဖို႔ေတာင္ မသင့္တဲ့ အခ်ိန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လြတ္ရမယ္ဆိုတာ လံုး၀ မျဖစ္သင့္တဲ့ ကိစၥ ျဖစ္ပါတယ္။

ဥေရာပအသင္းၾကီး အေတာ္မ်ားမ်ားကလည္း ဒီဂီယာကို အလိုရွိေနၾကျပီး ယူႏုိက္တက္အသင္းနဲ႔ ဒီဂီိယာတို႔ အဆင္မေျပရင္ အလုအယက္ေခၚဖုိ႔ ေစာင့္ၾကည့္ေနၾကတာ ျဖစ္ပါတယ္။ အားလံုးထဲမွာေတာ့ PSG အသင္းက ဒီဂီိယာကို ေခၚယူဖုိိ႔ စိတ္အ၀င္စားဆံုး ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ေသာၾကာေန႔က လုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဆုိးလ္ရွားက ဒီဂီယာကို စာခ်ဴပ္သက္တမ္းတိုးႏုိင္မယ္လို႔ ယံုၾကည္ေၾကာင္း ေျပာၾကားသြားခဲ့ျပီး ျဖစ္ပါတယ္။ ဆိုးလ္ရွားက The Mirror ကို ေျပာခဲ့ရာမွာေတာ့ ဒီဂီယာကို ယူႏုိက္တက္မွာပဲ ဆက္လက္ရွိေစလိုိုေၾကာင္း၊ ဒီဂီယာဟာ ယူႏုိက္တက္အသင္းမွာ ကာလာၾကာရွည္စြာ ကစားသြားျပီး ကစားသမားဘ၀ကို ဆုတံဆိပ္မ်ားစြာနဲ႔ ယူႏိုက္တက္အသင္းမွာ အေကာင္းဆံုး အဆံုးသတ္သြားမယ္လို႔ ယံုၾကည္ေၾကာင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒီဂီယာနဲ႔ ကလပ္အသင္းအၾကားမွာ စကားေတြ ေတြ႕ဆံုညိိွႏွိုင္းမွွုေတြ အမ်ားၾကီး ျပဳလုပ္ခဲ့ရပါတယ္။ ဒါကို ျပဳလုုပ္ႏုိင္မယ္လို႔ က်ေနာ္တို႔ လံုး၀ ေမွ်ာ္လင့္ပါတယ္လိုို႔ ယံုၾကည္ခ်က္ အျပည့္နဲ႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ေဒးဗစ္ ( ဒီဂီယာ ) ဟာ ယူႏိုက္တက္အသင္းကို ခ်စ္တယ္ဆုိတာကိုပဲ မၾကာခဏေျပာေလ့ ရွိျပီး အျခားစကားေတြကို သိပ္ျပီး ေျပာေလ့ မရွိပါဘူး။ ( ေျပာင္းမယ္ ဘာညာ စကားကို ဆုိလိုခ်င္တာပါ။ ) ေဒးဗစ္ဟာ ယူႏုိက္တက္မွာ ဘယ္လို ေပ်ာ္ရႊင္ေနတယ္ဆိုတဲ့ အေၾကာင္း ဒီမွာ ဆက္ေနခ်င္တယ္ဆုိတဲ့ အေၾကာင္းေတြကိုပဲ အျမဲေျပာဆိုေနခဲ့တာ ျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ ေဒးဗစ္ ဒီဂီယာဟာ ယူႏုိက္တက္အသင္းနဲ႔ ၄ ႏွစ္ စာခ်ဴပ္သစ္ကို လက္မွတ္ေရးထုိး ခ်ဴပ္ဆိုႏုိင္ခဲ့ျပီျဖစ္ပါတယ္။ The Mirror ရဲ့ အဆုိအရေတာ့ ဒီဂီယာဟာ တစ္ပတ္ ေပါင္ ၂ သိန္းခြဲ စတင္ ရရွိမွာ ျဖစ္ျပီး သူ႔ရဲ့ စြမ္းေဆာင္ရည္ေပၚမူတည္ျပီး တစ္ပတ္ ေပါင္ ၃ သိန္းခြဲအထိ တိုးျမွင့္ရရွိမွာ ျဖစ္ပါတယ္။

လခတိုးမယ့္ စြမ္းေဆာင္ရည္အေပၚမူတည္ျပီး ဆိုတဲ့ အခ်က္ကိုေတာ့ တိတိက်က်ေဖာ္ျပခဲ့ျခင္း မရွိေပမယ့္ ဒီဂီယာသာ အရင့္ အရင္ႏွစ္ေတြလို ပံုမွန္လက္စြမ္းျပခဲ့မယ္ဆိုရင္ေတာ့ ဒီ တစ္ပတ္ ေပါင္ ၃ သိန္းခြဲက မၾကာခင္မွာ ရရွိဖို႔ အလားအလာရွိပါတယ္။ ယူႏုိက္တက္အသင္းအေနနဲ႔ ေျခစြမ္္း၊ လက္စြမ္းမျပႏုိင္တဲ့ ကစားသမားကို လခၾကီးျမင့္စြာ မေပးခ်င္တာမို႔ ဒီသေဘာတူညီခ်က္ကို ထည့္သြင္း ခ်ဴပ္ဆုိတာျဖစ္ႏုိင္ပါတယ္။

ဆန္္းခ်က္နဲ႔ ၾကံဳေတြ႕ခဲ့ဖူးတဲ့ အက်ပ္အတည္းကို ဒီအခ်က္နဲ႔ ကုစားဖို႔ ၾကိဳးစားခဲ့တာ ျဖစ္ႏုိင္ပါတယ္။ ေျခစြမ္း၊ လက္စြမ္းျပႏုိင္မွာ လခတိုးေတာင္းလို႔ ရမယ္ဆိုတဲ့ သတင္းကို အျခားကစားသမားေတြကို သတိေပးျပီးသားလည္း ျဖစ္သြားပါတယ္။

မည္သို႔ပင္ဆုိေစကာမူ ယူႏုိက္တက္အသင္းအေနနဲ႔ ကမၻာ့အေကာင္းဆံုးဂိုးသမားလည္္းျဖစ္္ အသင္းရဲ့ အားထားရတဲ့ စီနီယာကစားသမားလည္း ျဖစ္္တဲ့ ဒီဂီယာကို စာခ်ဴပ္ သက္တမ္းတိုးႏုိင္ခဲ့တာဟာ အလြန္ေကာင္းတဲ့ အေျခအေနျဖစ္ပါတယ္။

[Unicode Version]

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အားထားရတဲ့ ဂိုးသမား ဒီဂီယာကို တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲနဲ့ စာချူပ်သစ် ချူပ်ဆိုနိုင်ခဲ့တယ်လို့ ကြေငြာလိုက်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒီဂီယာဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဒီ စပိန်ဂိုးသမားဟာ ယူနိုက်တက်နဲ့ စာချူပ်သစ် ချူပ်ဆိုဖို့ အဆင်မပြေ ဖြစ်နေခဲ့တာ ကြာပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရဖို့ စာချူပ်သက်တမ်းတိုးဖို့ မဖြစ်မနေ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ဂိုးသမားတစ်ယောက်ကို ရောင်းချဖို့တောင် မသင့်တဲ့ အချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမယ်ဆိုတာ လုံး၀ မဖြစ်သင့်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ဥရောပအသင်းကြီး အတော်များများကလည်း ဒီဂီယာကို အလိုရှိနေကြပြီး ယူနိုက်တက်အသင်းနဲ့ ဒီဂီယာတို့ အဆင်မပြေရင် အလုအယက်ခေါ်ဖို့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ အားလုံးထဲမှာတော့ PSG အသင်းက ဒီဂီယာကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက ဒီဂီယာကို စာချူပ်သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပြီး ဖြစ်ပါတယ်။ ဆိုးလ်ရှားက The Mirror ကို ပြောခဲ့ရာမှာတော့ ဒီဂီယာကို ယူနိုက်တက်မှာပဲ ဆက်လက်ရှိစေလိုကြောင်း၊ ဒီဂီယာဟာ ယူနိုက်တက်အသင်းမှာ ကာလာကြာရှည်စွာ ကစားသွားပြီး ကစားသမားဘဝကို ဆုတံဆိပ်များစွာနဲ့ ယူနိုက်တက်အသင်းမှာ အကောင်းဆုံး အဆုံးသတ်သွားမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီဂီယာနဲ့ ကလပ်အသင်းအကြားမှာ စကားတွေ တွေ့ဆုံညှိနှိုင်းမှုတွေ အများကြီး ပြုလုပ်ခဲ့ရပါတယ်။ ဒါကို ပြုလုပ်နိုင်မယ်လို့ ကျနော်တို့ လုံး၀ မျှော်လင့်ပါတယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒေးဗစ် ( ဒီဂီယာ ) ဟာ ယူနိုက်တက်အသင်းကို ချစ်တယ်ဆိုတာကိုပဲ မကြာခဏပြောလေ့ ရှိပြီး အခြားစကားတွေကို သိပ်ပြီး ပြောလေ့ မရှိပါဘူး။ ( ပြောင်းမယ် ဘာညာ စကားကို ဆိုလိုချင်တာပါ။ ) ဒေးဗစ်ဟာ ယူနိုက်တက်မှာ ဘယ်လို ပျော်ရွှင်နေတယ်ဆိုတဲ့ အကြောင်း ဒီမှာ ဆက်နေချင်တယ်ဆိုတဲ့ အကြောင်းတွေကိုပဲ အမြဲပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဒေးဗစ် ဒီဂီယာဟာ ယူနိုက်တက်အသင်းနဲ့ ၄ နှစ် စာချူပ်သစ်ကို လက်မှတ်ရေးထိုး ချူပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။ The Mirror ရဲ့ အဆိုအရတော့ ဒီဂီယာဟာ တစ်ပတ် ပေါင် ၂ သိန်းခွဲ စတင် ရရှိမှာ ဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး တစ်ပတ် ပေါင် ၃ သိန်းခွဲအထိ တိုးမြှင့်ရရှိမှာ ဖြစ်ပါတယ်။

လခတိုးမယ့် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ဆိုတဲ့ အချက်ကိုတော့ တိတိကျကျဖော်ပြခဲ့ခြင်း မရှိပေမယ့် ဒီဂီယာသာ အရင့် အရင်နှစ်တွေလို ပုံမှန်လက်စွမ်းပြခဲ့မယ်ဆိုရင်တော့ ဒီ တစ်ပတ် ပေါင် ၃ သိန်းခွဲက မကြာခင်မှာ ရရှိဖို့ အလားအလာရှိပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ခြေစွမ်း၊ လက်စွမ်းမပြနိုင်တဲ့ ကစားသမားကို လခကြီးမြင့်စွာ မပေးချင်တာမို့ ဒီသဘောတူညီချက်ကို ထည့်သွင်း ချူပ်ဆိုတာဖြစ်နိုင်ပါတယ်။

ဆန်းချက်နဲ့ ကြုံတွေ့ခဲ့ဖူးတဲ့ အကျပ်အတည်းကို ဒီအချက်နဲ့ ကုစားဖို့ ကြိုးစားခဲ့တာ ဖြစ်နိုင်ပါတယ်။ ခြေစွမ်း၊ လက်စွမ်းပြနိုင်မှာ လခတိုးတောင်းလို့ ရမယ်ဆိုတဲ့ သတင်းကို အခြားကစားသမားတွေကို သတိပေးပြီးသားလည်း ဖြစ်သွားပါတယ်။

မည်သို့ပင်ဆိုစေကာမူ ယူနိုက်တက်အသင်းအနေနဲ့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားလည်းဖြစ် အသင်းရဲ့ အားထားရတဲ့ စီနီယာကစားသမားလည်း ဖြစ်တဲ့ ဒီဂီယာကို စာချူပ် သက်တမ်းတိုးနိုင်ခဲ့တာဟာ အလွန်ကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။