မန်ချက်စတာယူနိုက်တက် သတင်းတိုများ

[Zawgyi]

 

မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႕ လီဗာပူးအသင္းတို႔ အိုးထရက္ဖို႔ဒ္ကြင္းႀကီးမွာ ယွဥ္ၿပိဳင္ကစားမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၉ ကို တာဝန္ယူကိုင္တြယ္ေပးမယ့္ ဒိုင္လူႀကီးကို သိရၿပီ ျဖစ္ပါတယ္။

ယူနိုက္တက္တို႔ရဲ႕ မဟာၿပိဳင္ဘက္ လီဗာပူးကို အိမ္ကြင္းမွာ ဧည့္ခံရမယ့္ပြဲကို ကိုင္တြယ္ေပးမယ့္သူကေတာ့ နာမည္ႀကီး ဒိုင္လူႀကီး Martin Atkinson ျဖစ္ပါတယ္။

 

 

ဂ်ာကင္ ကေလာ့ရဲ႕ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ၈ ပြ​ဲ ကစားအၿပီးမွာ ပြဲစဥ္အားလုံးကို အနိုင္ရထားတဲ့ တစ္သင္းတည္းေသာ အသင္းျဖစ္ပါတယ္။ ယူနိုက္တက္အသင္းဟာ လီဗာပူးအသင္းနဲ႕ ၁၅ မွတ္အကြာ အဆင့္ ၁၂ မွာ ရပ္တည္ေနရတာ ျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဟာ မာတင္ အက္ကင္ဆင္ကိုင္တြယ္တဲ့ အိုးထရက္ဖို႔ဒ္မွာ ယွဥ္ၿပိဳင္ရတဲ့ ေနာက္ဆုံး ၁၃ ပြဲမွာ ၂ ပြဲသာ ရႈံးနိမ့္ထားတာ ျဖစ္ပါတယ္။ တနည္းအားျဖင့္ မာတင္ အက္ကင္ဆင္ဟာ ယူနိုက္တက္အသင္းရဲ႕ ဒိုင္လာဘ္ေကာင္လို႔ေတာင္ ေျပာလို႔ ရတဲ့ ဒိုင္တစ္ဦး ျဖစ္ပါတယ္။ ( ဒိုင္ဘက္လိုက္တယ္ မေျပာေၾကး )

 

 

ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမား ေတာ္မီေနးက သူဟာ ယူနိုက္တက္နည္းျပေဟာင္း ေမာ္ရင္ဟိုနဲ႕ ပုံမွန္အဆက္အသြယ္ရွိတယ္လို႔ ဝန္ခံေျပာၾကားလိုက္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာ္မီေနးဟာ ေမာ္ရင္ဟိုရွိခဲ့တဲ့ ၂၀၁၇ ခုႏွစ္က အသင္းႀကီးနဲ႕ ပြဲထြက္ကစားခြင့္ စတင္ရရွိခဲ့သူတစ္ဦး ျဖစ္ပါတယ္။

တစ္ႏွစ္ၿပီး တစ္ႏွစ္တိုးတက္လာတာေၾကာင့္ ဆိုးလ္ရွားလက္ထက္မွာေတာ့ ေတာ္မီေနးဟာ ပြဲထြက္ ကစားခြင့္ တစ္ေနရာကို အခိုင္အမာရရွိထားတဲ့ လူငယ္ကစားသမားတစ္ဦး ျဖစ္ပါတယ္။

စိတ္ပ်က္စရာေတြမ်ားေနတဲ့ ယူနိုက္တက္အသင္းမွာ ေတာ္မီေနးဟာ အနာဂါတ္အတြက္ အားထားရမယ့္ အလင္းေရာင္အျဖစ္ ေတာက္ပေနတဲ့ ကစားသမားေလးတစ္ဦးလည္း ျဖစ္ပါတယ္။

 

 

ေတာ္မီေနးက သူဟာ သူ႕ရဲ႕ နည္းျပေဟာင္း ဆရာေဟာင္း ေမာ္ရင္ဟိုနဲ႕ ပုံမွန္ စကားေျပာျဖစ္ေၾကာင္း သူ႕အေနနဲ႕ နည္းျပေဟာင္းေတြအေပၚ မွတ္ခ်က္ျပဳ ေျပာဆိုတာ လုပ္ေလ့မရွိေပမယ့္ ေမာ္ရင္ဟိုကေတာ့ သူ႕အတြက္ အလြန္ထူးျခားတဲ့ သူတစ္ဦး ျဖစ္ပါတယ္လို႔ ဝန္ခံ ေျပာဆိုခဲ့တာပါ။

ေမာ္ရင္ဟိုဟာ က်ေနာ္နဲ႕ က်ေနာ့္ရဲ႕ မိသားစုအတြက္ေတာ့ အထူးပုဂၢိဳလ္တစ္ဦး ျဖစ္ပါတယ္။ က်ေနာ္တို႔ ႏွလုံးသားထဲမွာ အၿမဲရွိေနမယ့္သူတစ္ဦး ျဖစ္ပါတယ္။ သူဟာ က်ေနာ္ အၿမဲတမ္းယုံၾကည္ရတဲ့သူ ျဖစ္ပါတယ္။ က်ေနာ့္ကို ယုံၾကည္ေပးတဲ့သူ တစ္ေယာက္လည္း ျဖစ္ပါေသးတယ္။

 

 

သူနဲ႕ က်ေနာ္ဟာ ကစားပြဲ အခ်ိဳ႕ အၿပီးမွာ စကားေျပာဆို ဆက္သြယ္ေလ့ ရွိပါတယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ယူနိုက္တက္အသင္းရဲ႕ ပိုင္ရွင္တစ္ဦး ျဖစ္တဲ့ ေကဗင္ ဂေလဇာဟာ ယူနိုက္တက္အသင္းရဲ႕ ရွယ္ယာ ၁၃% ကို ေရာင္းခ်မယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကေတာ့ ဂေလဇာေတြဟာ ယူနိုက္တက္အသင္းကို ဝယ္ယူမယ္လို႔ သတင္းထြက္ေပၚခဲ့ဖူးတဲ့ ေဆာ္ဒီအာေရးဗီးယားက မင္းသားေတြကို ရွယ္ယာေရာင္းခ်ဖိဳ႕ ျငင္းဆိုခဲ့ဖူးပါတယ္။

 

 

ဘာစီလိုနာအသင္းက ယူနိုက္တက္အသင္းရဲ႕ တိုက္စစ္မႉး ရပ္ရွ္ဖို႔ကို ၂၀၂၀ မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ အဂၤလန္တိုက္စစ္မႉးဟာ တစ္ပတ္ ေပါင္ ၂ သိန္းနဲ႕ ယူနိုက္တက္အသင္းနဲ႕ စာခ်ဴပ္ ခ်ဴပ္ဆိုထားတာ ျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာ လက္ရွိအခ်ိန္မွာေတာ့ သူ႕ရဲ႕ ေနာက္ဆုံးကစားခဲ့တဲ့ ၁၆ ပြဲမွာ တစ္ဂိုးသာသြင္းယူနိုင္ခဲ့ၿပီး ႐ုန္းကန္ေနရပါတယ္။ သို႔ေပမယ့္ အဂၤလန္ရဲ႕ လက္ရွိအေကာင္းဆုံး တိုက္စစ္မႉးလို႔ ေျပာရမယ့္ ကိန္းဟာ သူ႕အသက္အ႐ြယ္ေလာက္မွာ ၅ ဂိုးပဲ သြင္းယူနိုင္ခဲ့ပါတယ္။ ရပ္ရွ္ဖို႔ဒ္ကေတာ့ ၅၅ ဂိုးသြင္းယူထားၿပီး ျဖစ္ပါတယ္။

 

[Unicode]

 

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ အိုးထရက်ဖို့ဒ်ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၉ ကို တာဝန်ယူကိုင်တွယ်ပေးမယ့် ဒိုင်လူကြီးကို သိရပြီ ဖြစ်ပါတယ်။

ယူနိုက်တက်တို့ရဲ့ မဟာပြိုင်ဘက် လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံရမယ့်ပွဲကို ကိုင်တွယ်ပေးမယ့်သူကတော့ နာမည်ကြီး ဒိုင်လူကြီး Martin Atkinson ဖြစ်ပါတယ်။

 

 

ဂျာကင် ကလော့ရဲ့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၈ ပွ​ဲ ကစားအပြီးမှာ ပွဲစဉ်အားလုံးကို အနိုင်ရထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းနဲ့ ၁၅ မှတ်အကွာ အဆင့် ၁၂ မှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ မာတင် အက်ကင်ဆင်ကိုင်တွယ်တဲ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ရတဲ့ နောက်ဆုံး ၁၃ ပွဲမှာ ၂ ပွဲသာ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မာတင် အက်ကင်ဆင်ဟာ ယူနိုက်တက်အသင်းရဲ့ ဒိုင်လာဘ်ကောင်လို့တောင် ပြောလို့ ရတဲ့ ဒိုင်တစ်ဦး ဖြစ်ပါတယ်။ ( ဒိုင်ဘက်လိုက်တယ် မပြောကြေး )

 

 

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား တော်မီနေးက သူဟာ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုနဲ့ ပုံမှန်အဆက်အသွယ်ရှိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တော်မီနေးဟာ မော်ရင်ဟိုရှိခဲ့တဲ့ ၂၀၁၇ ခုနှစ်က အသင်းကြီးနဲ့ ပွဲထွက်ကစားခွင့် စတင်ရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။

တစ်နှစ်ပြီး တစ်နှစ်တိုးတက်လာတာကြောင့် ဆိုးလ်ရှားလက်ထက်မှာတော့ တော်မီနေးဟာ ပွဲထွက် ကစားခွင့် တစ်နေရာကို အခိုင်အမာရရှိထားတဲ့ လူငယ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။

 

 

စိတ်ပျက်စရာတွေများနေတဲ့ ယူနိုက်တက်အသင်းမှာ တော်မီနေးဟာ အနာဂါတ်အတွက် အားထားရမယ့် အလင်းရောင်အဖြစ် တောက်ပနေတဲ့ ကစားသမားလေးတစ်ဦးလည်း ဖြစ်ပါတယ်။

တော်မီနေးက သူဟာ သူ့ရဲ့ နည်းပြဟောင်း ဆရာဟောင်း မော်ရင်ဟိုနဲ့ ပုံမှန် စကားပြောဖြစ်ကြောင်း သူ့အနေနဲ့ နည်းပြဟောင်းတွေအပေါ် မှတ်ချက်ပြု ပြောဆိုတာ လုပ်လေ့မရှိပေမယ့် မော်ရင်ဟိုကတော့ သူ့အတွက် အလွန်ထူးခြားတဲ့ သူတစ်ဦး ဖြစ်ပါတယ်လို့ ဝန်ခံ ပြောဆိုခဲ့တာပါ။

မော်ရင်ဟိုဟာ ကျနော်နဲ့ ကျနော့်ရဲ့ မိသားစုအတွက်တော့ အထူးပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ကျနော်တို့ နှလုံးသားထဲမှာ အမြဲရှိနေမယ့်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ ကျနော် အမြဲတမ်းယုံကြည်ရတဲ့သူ ဖြစ်ပါတယ်။ ကျနော့်ကို ယုံကြည်ပေးတဲ့သူ တစ်ယောက်လည်း ဖြစ်ပါသေးတယ်။

 

 

သူနဲ့ ကျနော်ဟာ ကစားပွဲ အချို့ အပြီးမှာ စကားပြောဆို ဆက်သွယ်လေ့ ရှိပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တစ်ဦး ဖြစ်တဲ့ ကေဗင် ဂလေဇာဟာ ယူနိုက်တက်အသင်းရဲ့ ရှယ်ယာ ၁၃% ကို ရောင်းချမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ဂလေဇာတွေဟာ ယူနိုက်တက်အသင်းကို ဝယ်ယူမယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးတဲ့ ဆော်ဒီအာရေးဗီးယားက မင်းသားတွေကို ရှယ်ယာရောင်းချဖို့ ငြင်းဆိုခဲ့ဖူးပါတယ်။

 

 

ဘာစီလိုနာအသင်းက ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ကို ၂၀၂၀ မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ တစ်ပတ် ပေါင် ၂ သိန်းနဲ့ ယူနိုက်တက်အသင်းနဲ့ စာချူပ် ချူပ်ဆိုထားတာ ဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာတော့ သူ့ရဲ့ နောက်ဆုံးကစားခဲ့တဲ့ ၁၆ ပွဲမှာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ရုန်းကန်နေရပါတယ်။ သို့ပေမယ့် အင်္ဂလန်ရဲ့ လက်ရှိအကောင်းဆုံး တိုက်စစ်မှူးလို့ ပြောရမယ့် ကိန်းဟာ သူ့အသက်အရွယ်လောက်မှာ ၅ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ကတော့ ၅၅ ဂိုးသွင်းယူထားပြီး ဖြစ်ပါတယ်။