မန်ချက်စတာယူနိုက်တက် သတင်းတိုများ အောက်တိုဘာ ၁၇

[Zawgyi]

ယူနိုက္တက္ အသင္းနဲ႕ ယွဥ္ၿပိဳင္ကစားမယ့္ လီဗာပူးအသင္းမွာ ဒဏ္ရာရကစားသမားေတြရဲ႕ အေျခအေနေတြ ထပ္မံထြက္ေပၚလာၿပီ ျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ ေနာက္ခံလူ ဂ်ိဳအယ္ မာတစ္ပ္ဟာ လီဗာပူးအသင္းရဲ႕ မယ္ဝုဒ္အေျခစိုက္ ေလ့က်င့္ေရးကြင္းမွာ ေလ့က်င့္ခန္းျပန္ဆင္းေနၿပီ ျဖစ္ပါတယ္။ ဒဏ္ရာက သက္သာလာၿပီ ျဖစ္တာေၾကာင့္ ယူနိုက္တက္အသင္းကို အေဝးကြင္းမွာ သြားေရာက္ရင္ဆိုင္ရမယ့္ ပြဲစဥ္မွာ မာတစ္ပ္ ျပန္လည္ပါဝင္လာနိုင္ဖြယ္ ရွိပါတယ္။

 

 

လီဗာပူးရဲ႕ အားထားရတဲ့ ဂိုးသမား အလိုင္ဆင္ ဘက္ခါဟာလည္း လီဗာပူးအသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ကို လာေရာက္ပူးေပါင္းပါဝင္ေနၿပီ ျဖစ္ျဖစ္ပါတယ္။

မာတစ္ပ္ဟာ Salzburg နဲ႕ လက္စတာစီးတီးအသင္းတို႔နဲ႕ ကစားတဲ့ ပြဲစဥ္ေတြကို အေသးစားဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရသူ ျဖစ္ပါတယ္။

ဂိုးသမားအလိုင္ဆင္ကေတာ့ ဩဂုတ္လအစပိုင္းမွာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ ေနာ့ဝွစ္နဲ႕ပြဲကတည္းက ဒဏ္ရာရရွိခဲ့သူ ျဖစ္ပါတယ္။

 

ယူနိုက္တက္အသင္းရဲ႕ ဒဏ္ရာရ ကစားသမားေတြနဲ႕ ပတ္သတ္ၿပီး ဆိုးလ္ရွားက Sky Sports News ကို ေျပာၾကားသြားခဲ့ပါတယ္။

ယူနိုက္တက္အသင္းနဲ႕ လီဗာပူးတို႔ရဲ႕ ယွဥ္ၿပိဳင္မႈဟာ အဂၤလန္ေဘာလုံးေလာက အတြက္ေတာ့ အျပင္းထန္ဆုံး ယွဥ္ၿပိဳင္မႈဆိုတာ ျငင္းခ်က္ထုတ္စရာ အေၾကာင္းမရွိပါဘူး။

သို႔ေပမယ့္ အခုလက္ရွိအေျခအေနမွာေတာ့ လီဗာပူးအသင္းဟာ မန္ခ်က္စတာယူနိုက္တက္အသင္းထက္ ပိုၿပီး ပရီးမီးယားလိဂ္ ဖလားရဖို႔ ေရပန္းစားေန​ၿပီး အမွတ္ေပးဇယားကိုလည္း ဦးေဆာင္ ထားနိုင္ခဲ့ပါတယ္။

 

 

ယူနိုက္တက္အသင္းရဲ႕ အားထားရတဲ့ ကစားသမားေတြ ျဖစ္တဲ့ ေပါ့ဘာ၊ လင္ဂတ္၊ ဒီဂီယာတို႔ဟာ လီဗာပူးနဲ႕ပြဲစဥ္ကို ပါဝင္နိုင္ဖြယ္မရွိဘူးလို႔ ဆိုးလ္ရွားက ဖြင့္ဟ ဝန္ခံထားပါတယ္။ သို႔ေပမယ့္ ကာလၾကာရွည္စြာ အနားယူေနခဲ့ရတဲ့ ဘစ္ဆာကာနဲ႕ မာရွယ္တို႔ကေတာ့ လီဗာပူးနဲ႕ပြဲစဥ္မွာ ျပန္လည္ ပါဝင္လာနိုင္ဖြယ္ ရွိပါတယ္။

ေပါ့ဘာရဲ႕ အေျခအေနနဲ႕ ပတ္သတ္ၿပီး ဆိုးလ္ရွားက ေပါ့ဘာမွာ ဒဏ္ရာရွိခဲ့ပါတယ္။ သူျပန္လာခဲ့တယ္ တကယ္ကို ႀကိဳးစားၿပီး ကစားပြဲအနည္းငယ္ ကစားေပးခဲ့ပါတယ္။ သူ႕ကို ၾကည့္ရတာ နာက်င္ေနတာကို ႀကိတ္မွိတ္ခံစားၿပီး အသင္းအတြက္ ကစားေပးခဲ့ပုံရပါတယ္။

 

 

အာဆင္နယ္နဲ႕ပြဲအၿပီး ေပါ့ဘာကို စကင္စစ္ၾကည့္ၿပီးေနာက္မွာေတာ့ သူ႕ကို တစ္ပတ္ ၂ ပတ္ေလာက္ အနားေပးဖို႔ ဆုံးျဖတ္ခဲ့ရပါတယ္။ အရမ္းအၾကာႀကီး အနာယူရမယ္လို႔ေတာ့ က်ေနာ္ မထင္ပါဘူး။ သို႔ေပမယ့္ လာမယ့္ လီဗာပူးနဲ႕ ပြဲကိုေတာ့ လုံးဝ ပါဝင္နိုင္မွာ မဟုတ္ပါဘူးလို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ဒီဂီယာနဲ႕ပတ္သတ္ၿပီး ဆိုးလ္ရွားက ေဒးဗစ္ကို စကင္စစ္ၾကည့္ဖို႔ လိုအပ္ပါတယ္။ သူပါဝင္ ကစားေပးနိုင္ မေပးနိုင္ဆိုတာကိုေတာ့ ေနာက္ဆုံးညၾကမွပဲ ဆုံးျဖတ္နိုင္ပါလိမ့္မယ္။

ယူနိုက္တက္အသင္းရဲ႕ ဒဏ္ရာရကစားသမားေတြနဲ႕ ပတ္သတ္ၿပီး ေဆာင္းပါးရွင္ရဲ႕ ေဝဖန္သုံးသပ္မႈကို ဘာသာျပန္ဆိုေပးလိုက္ပါတယ္။

 

 

ယူနိုက္တက္ရဲ႕ ဒဏ္ရာရ စာရင္းကို ၾကည့္ရင္ စိုးရိမ္ရမွာ တစ္ခုက ေပါ့ဘာရဲ႕ ေနရာပဲ ရွိပါတယ္။ ေပါ့ဘာကို အစားထိုးဖို႔က တကယ္ မလြယ္လွပါဘူး။ သူ႕ရဲ႕ ဖန္တီးမႈစြမ္းရည္ အျဖတ္အေတာက္၊ ေဘာလုံးေပးပို႔မႈ၊ အေဝးေဘာတိက်မႈေတြကို မွီတဲ့ ကစားသမား ယူနိုက္တက္မွာ မရွိပါဘူး။

လင္ဂတ္လား လင္ဂတ္ ရွိျခင္း မရွိျခင္းက ယူနိုက္တက္အသင္းအတြက္ ထူးျခားသြားတယ္လို႔ က်ေနာ္ မထင္ပါဘူး။ အသင္းမွာ ရွိေနတဲ့ က်န္တဲ့ ကစားသမားေတြက ေကာင္းေကာင္း အစားထိုးနိုင္ပါလိမ့္မယ္။

 

 

အိုေက ဂိုးသမား ဒီဂီယာေနရာအတြက္ ေျပာၾကည့္ၾကရေအာင္။ ဒီဂီယာဟာ ယူနိုက္တက္ရဲ႕ အေကာင္းဆုံး ဂိုးသမား ျဖစ္သလို ကမာၻ႔ အေကာင္းဆုံး ဂိုးသမားေတြထဲက တစ္ေယာက္ဆိုတာလည္း ျငင္းစရာ မရွိပါဘူး။ သို႔ေပမယ့္ ယူနိုက္တက္အသင္းမွာ ဆာဂ်ီယို ရိုမီရို ရွိပါတယ္။

ကမာၻေပၚမွာရွိတဲ့ ကလပ္အသင္းေတြရဲ႕ အရံဂိုးသမားေတြကို ၾကည့္လိုက္ပါ။ ရိုမီရိုထက္ ေကာင္းတဲ့သူ တစ္ဦးမွာ မရွိတာ ခင္ဗ်ားေတြ႕မွာပါ။ ရိုမီရိုက အဲ့ထက္ ပိုပါေသးတယ္။ သူက အရံဂိုးသမားအဆင့္မဟုတ္ပါဘူး။ က်ေနာ္ေျပာခ်င္တာကို ခင္ဗ်ား သေဘာေပါက္မွာပါ။ ယူနိုက္တက္အသင္းမွာ သူလို ဂိုးသမားရွိေနတာ အလြန္ကံေကာင္းပါတယ္။ လို႔ သုံးသပ္ ေျပာၾကားသြားပါတယ္။

[Unicode]

ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးအသင်းမှာ ဒဏ်ရာရကစားသမားတွေရဲ့ အခြေအနေတွေ ထပ်မံထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ နောက်ခံလူ ဂျိုအယ် မာတစ်ပ်ဟာ လီဗာပူးအသင်းရဲ့ မယ်ဝုဒ်အခြေစိုက် လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်ပါတယ်။ ဒဏ်ရာက သက်သာလာပြီ ဖြစ်တာကြောင့် ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ မာတစ်ပ် ပြန်လည်ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။

 

 

လီဗာပူးရဲ့ အားထားရတဲ့ ဂိုးသမား အလိုင်ဆင် ဘက်ခါဟာလည်း လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို လာရောက်ပူးပေါင်းပါဝင်နေပြီ ဖြစ်ဖြစ်ပါတယ်။

မာတစ်ပ်ဟာ Salzburg နဲ့ လက်စတာစီးတီးအသင်းတို့နဲ့ ကစားတဲ့ ပွဲစဉ်တွေကို အသေးစားဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူ ဖြစ်ပါတယ်။

ဂိုးသမားအလိုင်ဆင်ကတော့ ဩဂုတ်လအစပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် နော့ဝှစ်နဲ့ပွဲကတည်းက ဒဏ်ရာရရှိခဲ့သူ ဖြစ်ပါတယ်။

 

ယူနိုက်တက်အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက Sky Sports News ကို ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းနဲ့ လီဗာပူးတို့ရဲ့ ယှဉ်ပြိုင်မှုဟာ အင်္ဂလန်ဘောလုံးလောက အတွက်တော့ အပြင်းထန်ဆုံး ယှဉ်ပြိုင်မှုဆိုတာ ငြင်းချက်ထုတ်စရာ အကြောင်းမရှိပါဘူး။

သို့ပေမယ့် အခုလက်ရှိအခြေအနေမှာတော့ လီဗာပူးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းထက် ပိုပြီး ပရီးမီးယားလိဂ် ဖလားရဖို့ ရေပန်းစားနေ​ြပီး အမှတ်ပေးဇယားကိုလည်း ဦးဆောင် ထားနိုင်ခဲ့ပါတယ်။

 

 

ယူနိုက်တက်အသင်းရဲ့ အားထားရတဲ့ ကစားသမားတွေ ဖြစ်တဲ့ ပေါ့ဘာ၊ လင်ဂတ်၊ ဒီဂီယာတို့ဟာ လီဗာပူးနဲ့ပွဲစဉ်ကို ပါဝင်နိုင်ဖွယ်မရှိဘူးလို့ ဆိုးလ်ရှားက ဖွင့်ဟ ဝန်ခံထားပါတယ်။ သို့ပေမယ့် ကာလကြာရှည်စွာ အနားယူနေခဲ့ရတဲ့ ဘစ်ဆာကာနဲ့ မာရှယ်တို့ကတော့ လီဗာပူးနဲ့ပွဲစဉ်မှာ ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။

ပေါ့ဘာရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက ပေါ့ဘာမှာ ဒဏ်ရာရှိခဲ့ပါတယ်။ သူပြန်လာခဲ့တယ် တကယ်ကို ကြိုးစားပြီး ကစားပွဲအနည်းငယ် ကစားပေးခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ နာကျင်နေတာကို ကြိတ်မှိတ်ခံစားပြီး အသင်းအတွက် ကစားပေးခဲ့ပုံရပါတယ်။

အာဆင်နယ်နဲ့ပွဲအပြီး ပေါ့ဘာကို စကင်စစ်ကြည့်ပြီးနောက်မှာတော့ သူ့ကို တစ်ပတ် ၂ ပတ်လောက် အနားပေးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ အရမ်းအကြာကြီး အနာယူရမယ်လို့တော့ ကျနော် မထင်ပါဘူး။ သို့ပေမယ့် လာမယ့် လီဗာပူးနဲ့ ပွဲကိုတော့ လုံးဝ ပါဝင်နိုင်မှာ မဟုတ်ပါဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

 

 

ဒီဂီယာနဲ့ပတ်သတ်ပြီး ဆိုးလ်ရှားက ဒေးဗစ်ကို စကင်စစ်ကြည့်ဖို့ လိုအပ်ပါတယ်။ သူပါဝင် ကစားပေးနိုင် မပေးနိုင်ဆိုတာကိုတော့ နောက်ဆုံးညကြမှပဲ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

ယူနိုက်တက်အသင်းရဲ့ ဒဏ်ရာရကစားသမားတွေနဲ့ ပတ်သတ်ပြီး ဆောင်းပါးရှင်ရဲ့ ဝေဖန်သုံးသပ်မှုကို ဘာသာပြန်ဆိုပေးလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ ဒဏ်ရာရ စာရင်းကို ကြည့်ရင် စိုးရိမ်ရမှာ တစ်ခုက ပေါ့ဘာရဲ့ နေရာပဲ ရှိပါတယ်။ ပေါ့ဘာကို အစားထိုးဖို့က တကယ် မလွယ်လှပါဘူး။ သူ့ရဲ့ ဖန်တီးမှုစွမ်းရည် အဖြတ်အတောက်၊ ဘောလုံးပေးပို့မှု၊ အဝေးဘောတိကျမှုတွေကို မှီတဲ့ ကစားသမား ယူနိုက်တက်မှာ မရှိပါဘူး။

လင်ဂတ်လား လင်ဂတ် ရှိခြင်း မရှိခြင်းက ယူနိုက်တက်အသင်းအတွက် ထူးခြားသွားတယ်လို့ ကျနော် မထင်ပါဘူး။ အသင်းမှာ ရှိနေတဲ့ ကျန်တဲ့ ကစားသမားတွေက ကောင်းကောင်း အစားထိုးနိုင်ပါလိမ့်မယ်။\

 

 

အိုကေ ဂိုးသမား ဒီဂီယာနေရာအတွက် ပြောကြည့်ကြရအောင်။ ဒီဂီယာဟာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ဂိုးသမား ဖြစ်သလို ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်ဆိုတာလည်း ငြင်းစရာ မရှိပါဘူး။ သို့ပေမယ့် ယူနိုက်တက်အသင်းမှာ ဆာဂျီယို ရိုမီရို ရှိပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ကလပ်အသင်းတွေရဲ့ အရံဂိုးသမားတွေကို ကြည့်လိုက်ပါ။ ရိုမီရိုထက် ကောင်းတဲ့သူ တစ်ဦးမှာ မရှိတာ ခင်ဗျားတွေ့မှာပါ။ ရိုမီရိုက အဲ့ထက် ပိုပါသေးတယ်။ သူက အရံဂိုးသမားအဆင့်မဟုတ်ပါဘူး။ ကျနော်ပြောချင်တာကို ခင်ဗျား သဘောပေါက်မှာပါ။ ယူနိုက်တက်အသင်းမှာ သူလို ဂိုးသမားရှိနေတာ အလွန်ကံကောင်းပါတယ်။ လို့ သုံးသပ် ပြောကြားသွားပါတယ်။