မန်ချက်စတာယူနိုက်တက် သတင်းတိုများ အောက်တိုဘာ ၁၈

[Zawgyi]

 

လီဗာပူးနဲ႕ မန္ခ်က္စတာယူနိုက္တက္ပြဲစဥ္အတြက္ ၂ သင္းေပါင္း အေကာင္းဆုံး ကစားသမား ၁၁ ေယာက္စာရင္းဆိုၿပီး ဓာတ္ပုံေတြ ထြက္ေပၚလာပါတယ္။

 

 

အဆိုပါ ဓာတ္ပုံမွာ ယူနိုက္တက္ ကစားသမား တစ္ဦးတစ္ေလေတာင္ ပါဝင္လာျခင္း မရွိဘဲ လီဗာပူး ကစားသမား ၁၁ ေယာက္စလုံး ပါဝင္ေနတာ ျဖစ္ပါတယ္။ အဆိုပါ ျဖစ္ရပ္နဲ႕ ပတ္သတ္ၿပီး လီဗာပူး မန္ေနဂ်ာ ဂ်ာကင္ ကေလာ့က အဆိုပါ ျဖစ္ရပ္ဟာ ဆပ္ကပ္ လိုပါပဲလို႔ မွတ္ခ်က္ျပဳ ေျပာဆိုသြားပါတယ္။ ၿပီးေတာ့ ဒီကိစၥက လုံးဝ အဓိပၸါယ္မရွိဘူးလို႔ ေျပာဆိုလိုက္ပါတယ္။

Sky Sports News က ျပဳလုပ္ခဲ့တဲ့ အဆိုပါ Combined XI ဆိုတဲ့ အစီအစဥ္မွာ Danny Mills က လီဗာပူး ကစားသမား အကုန္ကို ေ႐ြးခ်ယ္ေပးခဲ့တာ ျဖစ္ပါတယ္။ ယူနိုက္တက္အသင္းရဲ႕ ဂႏၲဝင္ကစားသမားႀကီး ဂယ္ရီနဗီးကေတာ့ ဒီဂီယာ၊ ဘိုင္လီ၊ ေပါ့ဘာ၊ မာတစ္တို႔ကို ထည့္သြင္း ေ႐ြးခ်ယ္ခဲ့ပါတယ္။

 

 

ထို႔အျပင္ လီဗာပူး ဂႏၲဝင္ ဂ်င္မီ ကာေရဂါနဲ႕ ယူနိုက္တက္ ဂႏၲဝင္ ဂယ္ရီ နဗီးတို႔ ပူးေပါင္ေ႐ြးခ်ယ္ေပးတဲ့ အေကာင္းဆုံး ၁၁ ေယာက္စာရင္းကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။

လီဗာပူးနည္းျပ ကေလာ့ကေတာ့ မိမိတို႔ အသင္းဟာ ယူနိုက္တက္အသင္းရဲ႕ အင္အားကို ေလ်ာ့တြက္မွာ မဟုတ္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ ယူနိုက္တက္အသင္းကို အနိုင္ယူဖို႔ဆိုတာ ငွက္ေပ်ာသီး အခြံႏႊာစားရသလို လြယ္ကူမွာ မဟုတ္ဘူးလို႔ ကေလာ့က ေျပာဆိုခဲ့ပါတယ္။

 

 

ေပါ့ဘာနဲ႕ ဇီဒန္းတို႔ရဲ႕ ဓာတ္ပုံေတြ ထြက္ေပၚလာၿပီးေနာက္မွာ ေပါ့ဘာ တစ္ေယာက္ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ သို႔ေပမယ့္ အဆိုပါ သတင္းေတြကိုေတာ့ ယူနိုက္တက္နည္းျပ ဆိုးလ္ရွားက ျငင္းဆိုသြားခဲ့ၿပီး ဒီ သတင္းေတြက ေကာလဟာလေတြပါလို႔ ေျပာၾကားလိုက္ပါတယ္။

အိုလီ ဂန္နာ ဆိုးလ္ရွားက ေပါ့ဘာရဲ႕ အနာဂတ္ဟာ ယူနိုက္တက္မွာပဲ ရွိတယ္လို႔ ထပ္ေလာင္းေျပာၾကားသြားပါတယ္။ ကလပ္အသင္းတာဝန္ရွိသူေတြကလည္း ဆိုးလ္ရွားရဲ႕ေနာက္မွာ အျပည့္ အဝရပ္တည္ေနပါတယ္။ ကမာၻ႔ဖလား ခ်န္ပီယံ အသင္းသားကို ယူနိုက္တက္အသင္းမွာ ဆက္လက္ထိမ္းသိမ္းထားဖို႔ အကုန္လုံးက သေဘာတူထားၿပီးသား ျဖစ္ပါတယ္။

 

 

ဒီလိုမ်ိဳး သတင္းဟာ မီဒီယာသမားေတြ အႀကိဳက္ သတင္းျဖစ္တာေၾကာင့္ ဒီလို ေကာလဟာလေတြက ျပန႔္သင့္တာထက္ ပိုမိုျပန႔္ေနတာ ျဖစ္ပါတယ္။ ဆိုးလ္ရွားကေတာ့ သူဟာ ေပါ့ဘာနဲ႕ စကားမ်ားစြာ ေျပာခဲ့ၿပီး ျဖစ္တယ္။ ယူနိုက္တက္အသင္းဟာ ေပါ့ကို မူတည္ၿပီး တည္ေဆာက္သြားမွာ ျဖစ္တယ္လို႔ အခိုင္အမာ ေျပာဆိုထားပါတယ္။

ဆိုးလ္ရွားက ေပါ့ဘာဟာ ဒဏ္ရာကေန အျမန္ဆုံး ျပန္လည္ ႀကံ့ခိုင္ေအာင္ ႀကိဳးစားေနၿပီး ယူနိုက္တက္အသင္းအတြက္ ကစားေပးခ်င္ေနပါတယ္။ သူဟာ ယူနိုက္တက္အသင္းအတြက္ဆို နာက်င္မႈကိုေတာင္ အံႀကိတ္ တင္းခံၿပီး ကစားေပးတဲ့ ကစားသမားပါလို႔ သူ႕ရဲ႕ တပည့္ဘက္က ကာကြယ္ ေျပာဆိုလိုက္ပါတယ္။

 

 

ယူနိုက္တက္နည္းျပ ဆိုးလ္ရွားနဲ႕ လီဗာပူးနည္းျပ ကေလာ့တို႔ရဲ႕ ပရီးမီယားလိဂ္ ပထမဆုံး ၂၉ ပြဲကို ႏွိုင္းယွဥ္ၾကည့္ရာမွာ​ေတာ့ ဆိုးလ္ရွားဟာ ကေလာ့ကို အသာရထားတာကို ေတြ႕ရပါတယ္။

ပရီးမီးယားလိဂ္ ပထမဆုံး ၂၉ ပြဲမွာ ဆိုးလ္ရွားက ၁၄ ပြဲ နိုင္ ၇ ပြဲ သေရက်ထားၿပီး ကေလာ့က ၁၃ ပြဲနိုင္ ၈ ပြဲ သေရက်ထားတာ ျဖစ္ပါတယ္။

 

​ေနာက္တစ္ပုံကေတာ့ ယူနိုက္တက္အသင္းနဲ႕ လီဗာပူးအသင္းသားတို႔ရဲ႕ မူလဝယ္ယူခဲ့တဲ့ တန္ေၾကး လက္ရွိတန္ေၾကးေတြကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။

 

[Unicode]

 

လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်ပွဲစဉ်အတွက် ၂ သင်းပေါင်း အကောင်းဆုံး ကစားသမား ၁၁ ယောက်စာရင်းဆိုပြီး ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

 

 

အဆိုပါ ဓာတ်ပုံမှာ ယူနိုက်တက် ကစားသမား တစ်ဦးတစ်လေတောင် ပါဝင်လာခြင်း မရှိဘဲ လီဗာပူး ကစားသမား ၁၁ ယောက်စလုံး ပါဝင်နေတာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး လီဗာပူး မန်နေဂျာ ဂျာကင် ကလော့က အဆိုပါ ဖြစ်ရပ်ဟာ ဆပ်ကပ် လိုပါပဲလို့ မှတ်ချက်ပြု ပြောဆိုသွားပါတယ်။ ပြီးတော့ ဒီကိစ္စက လုံးဝ အဓိပ္ပါယ်မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

Sky Sports News က ပြုလုပ်ခဲ့တဲ့ အဆိုပါ Combined XI ဆိုတဲ့ အစီအစဉ်မှာ Danny Mills က လီဗာပူး ကစားသမား အကုန်ကို ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ဂယ်ရီနဗီးကတော့ ဒီဂီယာ၊ ဘိုင်လီ၊ ပေါ့ဘာ၊ မာတစ်တို့ကို ထည့်သွင်း ရွေးချယ်ခဲ့ပါတယ်။

 

 

ထို့အပြင် လီဗာပူး ဂန္တဝင် ဂျင်မီ ကာရေဂါနဲ့ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးတို့ ပူးပေါင်ရွေးချယ်ပေးတဲ့ အကောင်းဆုံး ၁၁ ယောက်စာရင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

လီဗာပူးနည်းပြ ကလော့ကတော့ မိမိတို့ အသင်းဟာ ယူနိုက်တက်အသင်းရဲ့ အင်အားကို လျော့တွက်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းကို အနိုင်ယူဖို့ဆိုတာ ငှက်ပျောသီး အခွံနွှာစားရသလို လွယ်ကူမှာ မဟုတ်ဘူးလို့ ကလော့က ပြောဆိုခဲ့ပါတယ်။

 

 

ပေါ့ဘာနဲ့ ဇီဒန်းတို့ရဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက်မှာ ပေါ့ဘာ တစ်ယောက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ သို့ပေမယ့် အဆိုပါ သတင်းတွေကိုတော့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ငြင်းဆိုသွားခဲ့ပြီး ဒီ သတင်းတွေက ကောလဟာလတွေပါလို့ ပြောကြားလိုက်ပါတယ်။

အိုလီ ဂန်နာ ဆိုးလ်ရှားက ပေါ့ဘာရဲ့ အနာဂတ်ဟာ ယူနိုက်တက်မှာပဲ ရှိတယ်လို့ ထပ်လောင်းပြောကြားသွားပါတယ်။ ကလပ်အသင်းတာဝန်ရှိသူတွေကလည်း ဆိုးလ်ရှားရဲ့နောက်မှာ အပြည့် အဝရပ်တည်နေပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံ အသင်းသားကို ယူနိုက်တက်အသင်းမှာ ဆက်လက်ထိမ်းသိမ်းထားဖို့ အကုန်လုံးက သဘောတူထားပြီးသား ဖြစ်ပါတယ်။

 

 

ဒီလိုမျိုး သတင်းဟာ မီဒီယာသမားတွေ အကြိုက် သတင်းဖြစ်တာကြောင့် ဒီလို ကောလဟာလတွေက ပြန့်သင့်တာထက် ပိုမိုပြန့်နေတာ ဖြစ်ပါတယ်။ ဆိုးလ်ရှားကတော့ သူဟာ ပေါ့ဘာနဲ့ စကားများစွာ ပြောခဲ့ပြီး ဖြစ်တယ်။ ယူနိုက်တက်အသင်းဟာ ပေါ့ကို မူတည်ပြီး တည်ဆောက်သွားမှာ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။

ဆိုးလ်ရှားက ပေါ့ဘာဟာ ဒဏ်ရာကနေ အမြန်ဆုံး ပြန်လည် ကြံ့ခိုင်အောင် ကြိုးစားနေပြီး ယူနိုက်တက်အသင်းအတွက် ကစားပေးချင်နေပါတယ်။ သူဟာ ယူနိုက်တက်အသင်းအတွက်ဆို နာကျင်မှုကိုတောင် အံကြိတ် တင်းခံပြီး ကစားပေးတဲ့ ကစားသမားပါလို့ သူ့ရဲ့ တပည့်ဘက်က ကာကွယ် ပြောဆိုလိုက်ပါတယ်။

 

 

 

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားနဲ့ လီဗာပူးနည်းပြ ကလော့တို့ရဲ့ ပရီးမီယားလိဂ် ပထမဆုံး ၂၉ ပွဲကို နှိုင်းယှဉ်ကြည့်ရာမှာ​ေတာ့ ဆိုးလ်ရှားဟာ ကလော့ကို အသာရထားတာကို တွေ့ရပါတယ်။

ပရီးမီးယားလိဂ် ပထမဆုံး ၂၉ ပွဲမှာ ဆိုးလ်ရှားက ၁၄ ပွဲ နိုင် ၇ ပွဲ သရေကျထားပြီး ကလော့က ၁၃ ပွဲနိုင် ၈ ပွဲ သရေကျထားတာ ဖြစ်ပါတယ်။

နောက်တစ်ပုံကတော့ ယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းသားတို့ရဲ့ မူလဝယ်ယူခဲ့တဲ့ တန်ကြေး လက်ရှိတန်ကြေးတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။