ယူႏိုက္တက္အသင္းႏွင့္ လီဗာပူးလ္အသင္း တို႔၏ ပြဲႀကိဳအခ်က္အလက္မ်ားႏွင့္ ျဖစ္ႏိုင္ဖြယ္ ယူႏိုက္တက္ ပြဲထြက္ လူစာရင္း

{Zawgyi Version}

ထူးျခားအခ်က္အလက္မ်ား

 

 

ယူႏိုက္တက္ လူငယ္တိုက္စစ္မႉး မားကပ္စ္ ရပ္ရွ္ဖို႔ဒ္ဟာ အသင္းႀကီးေတြနဲ႔ေတြ႕ရင္ ဂိုးျမဴးေလ့ရွိပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ ပရီးမီးယားလိဂ္ရဲ႕ ထိပ္သီအသင္းႀကီး ငါးသင္းဘက္ကို စုစုေပါင္း (၁၀) ဂိုးအထိ သြင္းယူ ထားႏိုင္ခဲ့တာျဖစ္ၿပီး (၂၀၁၇-၁၈) ေဘာလုံးရာသီ၊ အိုးထရက္ဖို႔ဒ္မွာ ယူႏိုက္တက္က လီဗာပူးလ္ကို (၂-၁) နဲ႔ အႏိုင္ရခဲ့ရာမွာ ႏွစ္ဂိုးစလုံးကို ရပ္ရွ္ဖို႔ဒ္ကပဲ သြင္းယူခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ အဓိက တိုက္စစ္မႉး ဆာလက္ဟာ ပရီးမီးယားလိဂ္မွာ ယူႏိုက္တက္အသင္းဘက္ကို သူ ေျပာင္းေ႐ြ႕လာတဲ့ (၂၀၀၁၇) ခုႏွစ္ကေန ယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္ (၄) ပြဲ ထိပ္တိုက္ ေတြ႕ဆုံခဲ့ရာမွာ တစ္ပြဲႏိုင္၊ ႏွစ္ပြဲသေရ၊ တစ္ပြဲရႈံး ရလဒ္ကို ပိုင္ဆိုင္ထားခဲ့ၿပီး အဆိုပါ (၄) ပြဲစလုံးမွာ ဆာလက္ဟာ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။

ထိပ္တိုက္ေတြ႕ဆုံမႈရလဒ္

 

 

လီဗာပူးလ္ဟာ အိမ္ကြင္း အိုးလ္ထရက္ဖိုဒ့္မွာ ကစားရတဲ့ ပြဲေတြမွာ ရလဒ္ေတြ မေကာင္းခဲ့ဘဲေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၁၀) ပြဲ မွာ ႏိုင္ပြဲ တစ္ပြဲသာ ရရွိခဲ့ၿပီး (၅) ပြဲ အထိ အေရးနိမ့္ထားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ေနာက္ဆုံး ငါးႏွစ္ဆက္တိုက္ အိုးလ္ထရက္ဖိုဒ့္မွာ လီဗာပူးလ္အသင္းကို အရႈံးမရွိခဲ့ဘဲ (၃) ပြဲႏိုင္၊ (၂) ပြဲသေရ ကစားထားပါတယ္။

ယူႏိုက္တက္အသင္း

 

 

ယူႏိုက္တက္အသင္းဟာ ဒီေန႔ည (၁၀) နာရီ အခ်ိန္မွာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ (၁) ေနရာမွာ ရပ္တည္ေနတဲ့ လီဗာပူးလ္ အသင္းကို အိမ္ကြင္း အိုးလ္ထရက္ဖိုဒ့္မွာ ဧည့္ခံ ယွဥ္ၿပိဳင္ ကစားသြားရမွာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ လီဗာပူးလ္နဲ႔ (၁၅) မွတ္ အကြာ အဆင့္ (၁၄) မွာ ရပ္တည္ေနၿပီး ဒီရာသီမွာ ႏိုင္ပြဲ (၂) ပြဲသာ ရရွိ ထားခဲ့ပါတယ္။

ရလဒ္ဆိုးေတြေၾကာင့္ ဖိအားေတြဝင္ေနတဲ့ ဆိုးလ္ရွားရဲ႕ ယူႏိုက္တက္ နည္းျပဘဝ ပရီးမီးယားလိဂ္ (၂၉) ပြဲဟာ လီဗာပူးလ္ နည္းျပကေလာ့ပ္ရဲ႕ ပထမဆုံး (၂၉) ပြဲထက္ ရလဒ္ပိုင္း ပိုမိုေကာင္းမြန္ ေနခဲ့ပါတယ္။

 

 

(၂၀၁၅) ခုႏွစ္၊ ေအာက္တိုဘာလမွာ လီဗာပူးလ္အသင္းကို စတင္ ေရာက္ရွိလာခဲ့တဲ့ ကေလာ့ပ္ဟာ သူကိုင္တြယ္ခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ္ (၂၉) ပြဲမွာ ရမွတ္ (၄၇) မွတ္သာ ရရွိခဲ့တာျဖစ္ၿပီး (၁၃) ပြဲ ႏိုင္၊ (၈) ပြဲ သေရ၊ ၈ပြဲ ရႈံးရလဒ္ ထြက္ေပၚခဲ့တာပါ။

ဆိုးလ္ရွားကေတာ့ ယူႏိုက္တက္အသင္းကို (၂၉) ပြဲ ကိုင္တြယ္ခဲ့ၿပီးခ်ိန္မွာ (၁၄) ပြဲ ႏိုင္၊ (၇) ပြဲ သေရ၊ (၈) ပြဲ အရႈံး ရလဒ္နဲ႔ (၄၉) မွတ္ ရရွိထားခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္း

 

 

လီဗာပူးလ္ အသင္းဟာ ဒီႏွစ္ေဘာလုံးရာသီမွာ ရလဒ္ေတြ အထူး ေကာင္းမြန္ေနၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ (၈) အၿပီးမွာ ရာႏႈန္းျပည့္ ႏိုင္ပြဲ ရရွိထားခဲ့ျပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ထိပ္ဆံုးမွာ ရပ္တည္ေနပါတယ္။

ဒါေပမယ့္ လီဗာပူးလ္ အသင္းဟာ ယူႏိုက္တက္အိမ္ကြင္း အိုးလ္ထရက္ဖိုဒ့္မွာ ဆိုရင္ ရလဒ္ေကာင္းေတြ ရယူႏိုင္ဖို့ ခက္ခဲလ်က္ ရွိေနပါတယ္။

ဒါ့အျပင္ လီဗာပူးနည္းျပ ဂ်ာဂ်င္ကေလာ့ပ္ဟာ အိုးလ္ထရက္ဖိုဒ့္ကို (၄) ႀကိမ္တိတိ လာေရာက္ယွဥ္ၿပိဳင္ ကစားခဲ့ဖူးရာမွာ တစ္ပြဲမွ အႏိုင္ရခဲ့ျခင္း မရွိဘဲ (၃) ပြဲသေရက်ကာ တစ္ပြဲ ရႈံနိမ့္ထားခဲ့ပါတယ္။

ဒဏ္ရာရ ပြဲပယ္စာရင္း

 

 

ယူႏိုက္တက္ – ေပါဂ့္ဘာ၊ လုခ္ေရွာ၊ လင္ဂါတ္၊ မာတစ္။

လီဗာပူးလ္ – မာတစ္ပ္၊ အလီဆန္၊

ေနာက္ဆုံး (၅) ႀကိမ္ေတြ႕ဆုံမႈ

 

 

၁၅ ဇန္နဝါရီ ၂၀၁၇ ၊ ယူႏိုက္တက္ ၁ – ၁ လီဗာပူး
၁၄ ေအာက္တိုဘာ ၂၀၁၇ ၊ လီဗာပူး ၀ – ၀ ယူႏိုက္တက္
၁၀ မတ္လ ၂၀၁၈ ၊ ယူႏိုက္တက္ ၂ – ၁ လီဗာပူး
၁၆ ဒီဇင္ဘာ ၂၀၁၈ ၊ လီဗာပူး ၃ – ၁ ယူႏိုက္တက္
၂၄ ေဖေဖာ္ဝါရီ ၂၀၁၉ ၊ ယူႏိုက္တက္ ၀ – ၀ လီဗာပူး

ယူႏိုက္တက္ ေနာက္ဆုံး (၅) ပြဲရလဒ္

၃၁ ၾသဂုတ္ ၂၀၁၉ ၊ ေဆာက္သမ္တန္ ၁ – ၁ ယူႏိုက္တက္
၁၄ စက္တင္ဘာ ၂၀၁၉ ၊ ယူႏိုက္တက္ ၁ – ၀ လက္စ္စတာ
၂၂ စက္တင္ဘာ ၂၀၁၉ ၊ ဝက္စ္ဟမ္း ၂ – ၀ ယူႏိုက္တက္
၃၀ စက္တင္ဘာ ၂၀၁၉ ၊ ယူႏိုက္တက္ ၁ – ၁ အာဆင္နယ္
၆ ေအာက္တိုဘာ ၂၀၁၉ ၊ နယူးကာဆယ္ ၁ – ၀ ယူႏိုက္တက္

လီဗာပူးလ္ ေနာက္ဆုံး (၅) ပြဲရလဒ္

၃၁ ၾသဂုတ္ ၂၀၁၉ ၊ ဘန္ေလ ၀ – ၃ လီဗာပူးလ္
၁၄ စက္တင္ဘာ ၂၀၁၉ ၊ လီဗာပူးလ္ ၃ – ၁ နယူးကာဆယ္
၂၂ စက္တင္ဘာ ၂၀၁၉ ၊ ခ်ဲလ္ဆီးလ္ ၁ – ၂ လီဗာပူးလ္
၂၈ စက္တင္ဘာ ၂၀၁၉ ၊ ရွက္ဖီးလ္ ယူႏိုက္တက္ ၀ – ၁ လီဗာပူးလ္
၅ ေအာက္တိုဘာ ၂၀၁၉ ၊ လီဗာပူးလ္ ၂ – ၁ လက္စ္စတာ

ျဖစ္ႏိုင္ဖြယ္ ယူႏိုက္တက္ ပြဲထြက္ လူစာရင္း

 

 

{Unicode Version}

ထူးခြားအချက်အလက်များ

 

 

ယူနိုက်တက် လူငယ်တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ အသင်းကြီးတွေနဲ့တွေ့ရင် ဂိုးမြူးလေ့ရှိပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီအသင်းကြီး ငါးသင်းဘက်ကို စုစုပေါင်း (၁၀) ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့တာဖြစ်ပြီး (၂၀၁၇-၁၈) ဘောလုံးရာသီ၊ အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်က လီဗာပူးလ်ကို (၂-၁) နဲ့ အနိုင်ရခဲ့ရာမှာ နှစ်ဂိုးစလုံးကို ရပ်ရှ်ဖို့ဒ်ကပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဆာလက်ဟာ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အသင်းဘက်ကို သူ ပြောင်းရွေ့လာတဲ့ (၂၀၀၁၇) ခုနှစ်ကနေ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် (၄) ပွဲ ထိပ်တိုက် တွေ့ဆုံခဲ့ရာမှာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားခဲ့ပြီး အဆိုပါ (၄) ပွဲစလုံးမှာ ဆာလက်ဟာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ထိပ်တိုက်တွေ့ဆုံမှုရလဒ်

 

 

လီဗာပူးလ်ဟာ အိမ်ကွင်း အိုးလ်ထရက်ဖိုဒ့်မှာ ကစားရတဲ့ ပွဲတွေမှာ ရလဒ်တွေ မကောင်းခဲ့ဘဲနောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၁၀) ပွဲ မှာ နိုင်ပွဲ တစ်ပွဲသာ ရရှိခဲ့ပြီး (၅) ပွဲ အထိ အရေးနိမ့်ထားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နောက်ဆုံး ငါးနှစ်ဆက်တိုက် အိုးလ်ထရက်ဖိုဒ့်မှာ လီဗာပူးလ်အသင်းကို အရှုံးမရှိခဲ့ဘဲ (၃) ပွဲနိုင်၊ (၂) ပွဲသရေ ကစားထားပါတယ်။

ယူနိုက်တက်အသင်း

 

 

ယူနိုက်တက်အသင်းဟာ ဒီနေ့ည (၁၀) နာရီ အချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၁) နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ် အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖိုဒ့်မှာ ဧည့်ခံ ယှဉ်ပြိုင် ကစားသွားရမှာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လီဗာပူးလ်နဲ့ (၁၅) မှတ် အကွာ အဆင့် (၁၄) မှာ ရပ်တည်နေပြီး ဒီရာသီမှာ နိုင်ပွဲ (၂) ပွဲသာ ရရှိ ထားခဲ့ပါတယ်။

ရလဒ်ဆိုးတွေကြောင့် ဖိအားတွေဝင်နေတဲ့ ဆိုးလ်ရှားရဲ့ ယူနိုက်တက် နည်းပြဘဝ ပရီးမီးယားလိဂ် (၂၉) ပွဲဟာ လီဗာပူးလ် နည်းပြကလော့ပ်ရဲ့ ပထမဆုံး (၂၉) ပွဲထက် ရလဒ်ပိုင်း ပိုမိုကောင်းမွန် နေခဲ့ပါတယ်။

 

 

(၂၀၁၅) ခုနှစ်၊ အောက်တိုဘာလမှာ လီဗာပူးလ်အသင်းကို စတင် ရောက်ရှိလာခဲ့တဲ့ ကလော့ပ်ဟာ သူကိုင်တွယ်ခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ် (၂၉) ပွဲမှာ ရမှတ် (၄၇) မှတ်သာ ရရှိခဲ့တာဖြစ်ပြီး (၁၃) ပွဲ နိုင်၊ (၈) ပွဲ သရေ၊ ၈ပွဲ ရှုံးရလဒ် ထွက်ပေါ်ခဲ့တာပါ။

ဆိုးလ်ရှားကတော့ ယူနိုက်တက်အသင်းကို (၂၉) ပွဲ ကိုင်တွယ်ခဲ့ပြီးချိန်မှာ (၁၄) ပွဲ နိုင်၊ (၇) ပွဲ သရေ၊ (၈) ပွဲ အရှုံး ရလဒ်နဲ့ (၄၉) မှတ် ရရှိထားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်း

 

 

လီဗာပူးလ် အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ရလဒ်တွေ အထူး ကောင်းမွန်နေပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၈) အပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ဒါပေမယ့် လီဗာပူးလ် အသင်းဟာ ယူနိုက်တက်အိမ်ကွင်း အိုးလ်ထရက်ဖိုဒ့်မှာ ဆိုရင် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခက်ခဲလျက် ရှိနေပါတယ်။

ဒါ့အပြင် လီဗာပူးနည်းပြ ဂျာဂျင်ကလော့ပ်ဟာ အိုးလ်ထရက်ဖိုဒ့်ကို (၄) ကြိမ်တိတိ လာရောက်ယှဉ်ပြိုင် ကစားခဲ့ဖူးရာမှာ တစ်ပွဲမှ အနိုင်ရခဲ့ခြင်း မရှိဘဲ (၃) ပွဲသရေကျကာ တစ်ပွဲ ရှုံနိမ့်ထားခဲ့ပါတယ်။

ဒဏ်ရာရ ပွဲပယ်စာရင်း

 

 

ယူနိုက်တက် – ပေါဂ့်ဘာ၊ လုခ်ရှော၊ လင်ဂါတ်၊ မာတစ်။

လီဗာပူးလ် – မာတစ်ပ်၊ အလီဆန်၊

နောက်ဆုံး (၅) ကြိမ်တွေ့ဆုံမှု

 

 

၁၅ ဇန်နဝါရီ ၂၀၁၇ ၊ ယူနိုက်တက် ၁ – ၁ လီဗာပူး
၁၄ အောက်တိုဘာ ၂၀၁၇ ၊ လီဗာပူး ၀ – ၀ ယူနိုက်တက်
၁၀ မတ်လ ၂၀၁၈ ၊ ယူနိုက်တက် ၂ – ၁ လီဗာပူး
၁၆ ဒီဇင်ဘာ ၂၀၁၈ ၊ လီဗာပူး ၃ – ၁ ယူနိုက်တက်
၂၄ ဖေဖော်ဝါရီ ၂၀၁၉ ၊ ယူနိုက်တက် ၀ – ၀ လီဗာပူး

ယူနိုက်တက် နောက်ဆုံး (၅) ပွဲရလဒ်

၃၁ သြဂုတ် ၂၀၁၉ ၊ ဆောက်သမ်တန် ၁ – ၁ ယူနိုက်တက်
၁၄ စက်တင်ဘာ ၂၀၁၉ ၊ ယူနိုက်တက် ၁ – ၀ လက်စ်စတာ
၂၂ စက်တင်ဘာ ၂၀၁၉ ၊ ဝက်စ်ဟမ်း ၂ – ၀ ယူနိုက်တက်
၃၀ စက်တင်ဘာ ၂၀၁၉ ၊ ယူနိုက်တက် ၁ – ၁ အာဆင်နယ်
၆ အောက်တိုဘာ ၂၀၁၉ ၊ နယူးကာဆယ် ၁ – ၀ ယူနိုက်တက်

လီဗာပူးလ် နောက်ဆုံး (၅) ပွဲရလဒ်

၃၁ သြဂုတ် ၂၀၁၉ ၊ ဘန်လေ ၀ – ၃ လီဗာပူးလ်
၁၄ စက်တင်ဘာ ၂၀၁၉ ၊ လီဗာပူးလ် ၃ – ၁ နယူးကာဆယ်
၂၂ စက်တင်ဘာ ၂၀၁၉ ၊ ချဲလ်ဆီးလ် ၁ – ၂ လီဗာပူးလ်
၂၈ စက်တင်ဘာ ၂၀၁၉ ၊ ရှက်ဖီးလ် ယူနိုက်တက် ၀ – ၁ လီဗာပူးလ်
၅ အောက်တိုဘာ ၂၀၁၉ ၊ လီဗာပူးလ် ၂ – ၁ လက်စ်စတာ

ဖြစ်နိုင်ဖွယ် ယူနိုက်တက် ပွဲထွက် လူစာရင်း